အဗာတာ (၂၀၀၉ ရုပ်ရှင်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော ပေါင်းထည့်နေသည: am:አቫታር (ፊልም)
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၃၄ -
၂၁၅၄ ခုနှစ်တွင် အာဒီအေ (Resources Development Administration) ကော်ပိုရေးရှင်းက ပန်ဒိုရာဂြိုလ်တွင် တွင်းထွက်ပစ္စည်းများကို တူးဖော်လျက်ရှိသည်။ ပန်ဒိုရာသည် ကမ္ဘာဂြိုလ်နှင့် ခပ်ဆင်ဆင်ရှိပြီး အယ်ဖာ စင်တိုရီ ကြယ်အဖွဲ့အစည်းအတွင်းရှိ ပိုလီဖီမတ်စ် (Polyphemus) ၏ အရံဂြိုလ်ဖြစ်သည်။<ref>Although not mentioned in the film, Polyphemus was discussed in the book ''James Cameron's Avatar: An Activist Survival Guide'' by Maria Wilhelm & Dirk Mathison. ISBN 978-0-06-189675-0. See [http://james-camerons-avatar.wikia.com/wiki/Polyphemus Polyphemus] in [[Wikia]].</ref><ref name='Horwitz2009'/> ပါကာ ဆဲ့လ်ဖရစ်ဂျ် (Giovanni Ribisi) က တူးဖော်ရေး လုပ်ငန်းများကို ဦးဆောင်ကာ ၎င်းတို့၏ လုံခြုံရေးအတွက် မရိန်းတပ်သားများကို ငှားရမ်းထားသည်။ အာဒီအေက ပန်ဒိုရာဂြိုလ်ရှိ ယူနော့ဘ်တေနီယမ် အဖိုးတန် တွင်းထွက်ပစ္စည်းကို တူးယူကာ အမြတ်ထုတ်ရန် ကြိုးစားလျက်ရှိသည်။ ပန်ဒိုရာဂြိုလ်တွင် အရပ် ၁၀ ပေခန့်မြင့်ပြီး လူပုံပေါက်သည့် နာဗီတို့ ကျက်စားနေထိုင်လျက်ရှိသည်။ လူသားများနှင့် မတူသည့်အချက်မှာ နာဗီတို့၏ အရေပြားမှာ အပြာရောင်ဖြစ်ပြီး အမြှီးပါရှိသည်။<ref>Rottenberg, Josh. "James Cameron Talks ''Avatar'': Brave Blue World," ''[[Entertainment Weekly]]'' #1081 (December 18, 2009): 48.</ref> နာဗီတို့သည် သဘာဝဝန်းကျင်နှင့် သဟဇာတရှိရှိ နေထိုင်ကြပြီး အီဝါ (Eywa) ခေါ် နတ်သမီးကို ကိုးကွယ်ကြသည်။
 
ပန်ဒိုရာ၏ လေထုသည် လူသားများအား အဆိပ်သင့်စေသောကြောင့် လူသားများ ပန်ဒိုရာဂြိုလ်ပေါ်တွင် အောက်စီဂျင် မျက်နှာဖုံးများ တပ်ဆင်မှသာ သွားလာနိုင်သည်။ ပန်ဒိုရာဂြိုလ်သားများနှင့် ဆက်ဆံရေး ပြေပြစ်စေရန်နှင့် ပန်ဒိုရာဂြိုလ်၏ သက်ရှိများကို​သက်ရှိများကို လေ့လာရန် သိပ္ပံပညာရှင်များသည် လူ [[ဒီအန်အေ]]ဖြင့် ပေါင်းစပ်မွမ်းမံထားသည့် နာဗီ ခန္ဓာကိုယ်များကို ဖန်တီးကြသည်။ အဗာတာဟုခေါ်သည့် ယင်းကိုယ်ပွားများကို ဒီအန်အေပိုင်ရှင် လူသားများက ထိန်းချုပ်ကြပြီး စိတ်အားဖြင့်လည်း ဆက်စပ်မှုရှိသည်။<ref>The motives for the creation of the Avatar Program are partly implied in the film, but they are discussed in the relevant [http://www.pandorapedia.com/doku.php/the_avatar_program Pandorapedia article]</ref> အောက်ပိုင်းသေနေသည့် မရိန်း (ကမ်းတက်) တပ်သားဟောင်း ဂျိတ်ခ် ဆာလီ (Sam Worthington) သည် အသတ်ခံရသည့်၊ အဗာတာအား ထိန်းချုပ်ရန် လေ့ကျင့်ထားသည့် သိပ္ပံပညာရှင် အမွှာညီအစ်ကို၏ ကိုယ်စား လိုက်သွားခြင်း ဖြစ်သည်။ အဗာတာ အစီအစဉ်ကို ဦးဆောင်သည့် ဒေါက်တာ ဂရေ့စ် ဩဂတ်စတင် (Sigourney Weaver) က ဆာလီသည် ၎င်း၏ ညီအစ်ကိုနေရာတွင် အစားထိုးနိုင်လောက်အောင် အရည်အချင်း မမှီသေးဟုယူဆကာ သူ့အား အရေးတယူ မလုပ်ပဲ ကိုယ်ရံတော် အဖြစ်သာ ချောင်ထိုးထားလေသည်။
 
ဩဂတ်စတင်၊ ဇီဝဗေဒ ပညာရှင် နောမ် စပဲမင်း (Joel David Moore) နှင့် ဂျိတ်ခ်တို့သည် ၎င်းတို့၏ အဗာတာအသွင်ဖြင့် ခြေကုတ်စခန်းမှထွက်ကာ ပန်ဒိုရာဂြိုလ်၏ သက်ရှိ စံနမူနာများ ရှာဖွေခြင်းနှင့် နာဗီတို့နှင့် ငြိမ်းချမ်းစွာ ဆက်ဆံနိုင်ရေးကို ကြိုးပမ်းကြသည်။ ဤသို့လုပ်ဆောင်ရာတွင် ၎င်းတို့အဖွဲ့သည် သားရဲတိရစ္ဆာန်များ၏ တိုက်ခိုက်ခြင်းခံရကာ လူစုကွဲသွားကြသည်။ သစ်တောထဲတွင် မျက်စိလည် လမ်းမှားနေသည့် ဂျိတ်ခ်ကို နာဗီမယ် နေတီရိ (Zoe Saldana) က ကယ်တင်ပြီး သူမတို့ မျိုးစု အိုမတီကာယာ (Omaticaya) နေထိုင်သည့် အသိုက်အမြုံသို့ (Hometree) ခေါ်ဆောင်သွားသည်။ နေတီရိ၏ မိခင် နတ်ဆရာ မိုအက် (C. C. H. Pounder) သည် "Dream-walker" စစ်သည်များအား စိတ်ဝင်စားသူဖြစ်သည်။ ဂျိတ်ခ်အား စစ်သည်များနည်းတူ တိုက်ခိုက်တတ်ရန် သူမ၏ သမီးဖြစ်သူအား သင်ကြားစေသည်။
 
လုံခြုံရေးတပ်မှူး ဗိုလ်မှူးကြီး မိုင်းစ် ကာရစ်ချ် (Stephen Lang) က ဂျိတ်ခ်အား အဖွဲ့ထဲဝင်စေကာ နာဗီတို့၏ အသိပညာ၊ အတတ်ပညာများအကြောင်း စနည်းနာရန် တာဝန်ပေးသည်။ ဤသို့အားဖြင့် နာဗီတို့ အသိုက်အမြုံကို စွန့်ခွာရန် နားချပြီး ယင်းအသိုက်အမြုံအောက်ရှိ ယူနော့ဘ်တေနီယမ်များကို အာဒီအေမှ တူးဖော်နိုင်ရန် ဖြစ်သည်။ ဗိုလ်မှူးကြီးက ဂျိတ်ခ်၏ ခြေထောက်များ အကောင်းပတိအတိုင်း ပြန်ဖြစ်လာအောင် ဆေးဖိုးဝါးခ ကြီးမြင့်လှသည့် အာရုံကြော ပြန်လည်ဖွဲ့စည်း​ပေးနိုင်သည့်ပြန်လည်ဖွဲ့စည်းပေးနိုင်သည့် ကုထုံးဖြင့် ကုသပေးမည်ဟု ကတိပေးသည်။
 
အစဦးပိုင်းတွင် ဂျိတ်ခ်သည် အရေးကြီးသည့် အချက်အလက်များကို ကာရစ်ချ် အားပေးသည်။ သို့သော် ဩဂတ်စတင်းက ကာရစ်ချ်၏ ဉာဏ်နီဉာဏ်နက်များကို သံသယဝင်ကာ သူမတို့အဖွဲ့အား ခြေကုတ်စခန်းနှင့် အတော်လှမ်းသည့် နေရာသို့ ပြောင်းရွှေ့သည်။ ၃ လလောက် ကြာသည့်အခါ ဂျိတ်ခ်သည် နေတီရိနှင့် သူမ၏ မျိုးစုအပေါ် ခင်မင်တွယ်တာလာကာ အာဒီအေ၏ စေခိုင်းချက်များကို ငြင်းဆန်လာသည်။ အိုမတီကာယာမျိုးစုက ဂျိတ်ခ်အား မိသားစုအဖြစ် လက်ခံလိုက်သည်။ ဂျိတ်ခ်နှင့် နေတီရိတို့လဲ ကြင်ဖော်များ ဖြစ်လာကြသည်။