ဂူပြောက်ကြီး (မြင်းကပါ): တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
ဂူပြောက်ကြီးဘုရားသည် ပုဂံ၊ မြင်းကပါ အရပ်၌တည်ရှိသော ရှေးဟောင်းဘုရားတစ်ဆူ ဖြစ်သည်။ ဝက်ကြီးအင်း ဂူပြောက်ကြီး ဟုလည်း ခေါ်သည်။
 
== သမိုင်း ==
ဂူပြောက်ကြီး (မြင်းကပါ)သည် ကွမ်းတောင်ပေါက် လိုဏ်နှစ်ဆင့်ဂူ ဘုရားဖြစ်ပြီး အေဒီ(၁၁၁၃) တွင် အမတ်ကြီး [[ရာဇကုမာရ်]] ([[ကျန်စစ်သား]]မင်း နှင့် သမ္ဘူလ မိဖုရား တို့၏သား)က တည်ခဲ့သည်။ ကျန်စစ်သားမင်းသည် အေဒီ (၁၀၈၄) တွင် ပုဂံထီးနန်းကို ရရှိခဲ့ပြီး နန်းစံနှစ် (၂၈) နှစ် အေဒီ (၁၁၁၃) အရောက်တွင် မကျန်းမမာ ဖြစ်ခဲ့သည်။ ထိုအချိန်တွင် ကျန်စစ်သား နှင့် သမ္ဘူလ မိဖုရား တို့မှ မွေးဖွားသည့် ရာဇကုမာရ်သည် ဖခင်၏ ကျေးဇူးကို အောင့်မေ့သတိရကာ ရွှေဆင်းတု တစ်ဆူ ပြုလုပ်၍ ဖခင် ကျန်စစ်သားမင်းထံ သွားရောက်ပြီး ဤဘုရားကို ဖခင်အတွက် ပြုလုပ်ခြင်း ဖြစ်ကြောင်း ဖခင်ပေးထားသော ကျွန်သုံးရွာကို လည်းဤဘုရားအား လှူကြောင်း လှျောက်ထားခဲ့သည်။ ကျန်စစ်သားမင်းက ရာဇကုမာရ်၏ မိဘကျေးဇူး သိတတ်မှုအတွက် နှစ်သက် ဝမ်းမြောက်စွာနှင့် သာဓုခေါ်ကာ ရေစက်သွန်းခဲ့သည်။ ရာဇကုမာရ်သည် ထိုဘုရားကို ဌာပနာ၍ ဂူပြောင်းကြီး (မြင်းကပါ) ဘုရားကို တည်ခဲ့သည်။
 
စာကြောင်း ၁၆ -
<ref>ဦးမောင်မောင် - ရန်ကုန်တက္ကသိုလ် ၏ ပုဂံစေတီပုထိုးများ</ref>
 
== ကိုးကား ==
<references/>
 
[[Category:မြန်မာပြည်]]
[[Category:ဗုဒ္ဓဘာသာမြန်မာပြည်]]
[[Category:ဗုဒ္ဓဘာသာ]]
[[Category:စေတီ ပုထိုးများ]]