တတိယ အင်္ဂလိပ် - မြန်မာစစ်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၉ -
|casus=Burmese expansion drift
|combatant1={{အလံ|ဂရိတ်ဗြိတိန်နိုင်ငံ}}
|combatant2={{အလံ|မြန်မာပြည်မြန်မာနိုင်ငံ}}
|commander1=[[:en:Harry North Dalrymple Prendergast|Harry North Dalrymple Prendergast]]
|commander2=[[သီပေါမင်း]]
စာကြောင်း ၁၇ -
|casualties2=
}}
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြန်မာနှင့် အင်္ဂလိပ်တို့ စစ်မက်ဖြစ်ပွားခဲ့ကြသည်။ ၁၉ ရာစုတွင် မြန်မာနိုင်ငံနှင့် ဗြိတိသျှ အင်ပါယာတို့ စစ်မက်ကြီး ၃ ကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့ကြသည်။[[File:King thibaw queen daughter1885.jpg|300px|thumb|right|သီပေါမင်း၊ မိဖုရား စုဖုရားလတ်နှင့် မင်းသမီး စုဖုရားကြီး]]
* [[ပထမ အင်္ဂလိပ် - မြန်မာစစ်]]ပွဲတွင်လည်း မြန်မာတို့ ရှုံးနိမ့်ခဲ့ကြရသည်။
* [[ဒုတိယ အင်္ဂလိပ် - မြန်မာစစ်]]ပွဲတွင်လည်း အင်္ဂလိပ်တို့အား မနိုင်ခဲ့ချေ။
စာကြောင်း ၂၃ -
သို့သော် မြန်မာတို့သည် အင်္ဂလိပ်တို့အား အဘယ်စစ်ပွဲတွင်မဆို လွယ်ကူစွာ အညံ့မခံခဲ့ကြချေ။ စစ်ပွဲသုံးကြိမ် ရှုံးနိမ့်ပြီးသောအခါ မြန်မာတို့သည် အခြေအနေအရ သူ့ကျွန်ဖြစ်ခဲ့ရသည်။ သို့သော် "သူ့ကျွန်မခံလိုသောစိတ်"ကား မြန်မာတို့၏ ရင်ဝယ် အမြဲတမ်းကိန်းအောင်းလျက်ရှိသည်။ အခြေအနေကြောင့် တစ်ထစ်မျှ ကျဆင်းခဲ့ရသော ဘဝကို ဆယ်ထစ် ဆယ့်ငါးထစ်မျှ ရှေ့သို့ တိုးရန် သတ်မှတ်ထားကြ၏။ စိတ်ဝယ်တေးထားကြ၏။ စင်စစ် အားမတန် မာန်ချလိုရခြင်းဖြစ်သည်။ တော်လှန်ရန် စိတ်ဓာတ်ကား မြန်မာတို့ရင်ဝယ် တိုးလျက်ခုန်လျက် ရှိသည်။ မြောက်လျက် ကြွလျက်ရှိသည်။ "နေသေးသပ၊ ချုံထဲက" ဟု အားနှင့် မာန်နှင့် ငံ့လင့်လျက်ရှိကြသည်။ မြန်မာတို့ စစ်ရှုံးရခြင်းကား၊ ခေတ်ကို အမှီမလိုက်နိုင်ခဲ့သော ချို့တဲ့မှုများကြောင့်သာလျှင် ဖြစ်သည်။
 
ဤစစ်ပွဲသည် ၁၉ ရာစုအတွင်း မြန်မာတို့အတွက် ဗြိတိသျှအင်ပါယာနှင့် နောက်ဆုံးစစ်ပွဲဖြစ်သည်။
 
== စစ်ဖြစ် ရသည့် အကြောင်းအရင်း ==
'''တတိယအင်္ဂလိပ်မြန်မာစစ်''' ဖြစ်ပွားရသည့် အကြောင်းရင်းမှာ ဘုံဘေဘားမားကုမ္ပဏီက သစ်ခိုးသည်ကို မြန်မာမင်းက ဒဏ်ရိုက်ခြင်းကို အင်္ဂလိပ်တို့က မကျေနပ်သည့်အတွက် မြန်မာနိုင်ငံ အထက်ပိုင်းကို ကျူးကျော်တိုက်ခိုက်ခဲ့သည့်အထိ ဖြစ်သည်။