ဂျွန် လူဒွန် မက္ကဒမ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
ကတ္တရာလမ်းခင်းနည်းသစ် တီထွင်ခဲ့သူမှာ ဂျွန်၊ လူဒွန် မက္ကဒမ်ဖြစ်သည်။
 
ဂျွန်၊ လူဒွန် မက္ကဒမ်သည် [[စကော့တလန်]]၊ [[ အဲယားမြို့]]၌ ၁၇၅၆-ခုနှစ်၊ စက်တင်ဘာလ ၂၁-ရက်နေ့တွင် မွေးဖွားသည်။ သူ့အသက် ၁၄-နှစ်တွင် [[အမေရိကန်ပြည်ထောင်စု]]၊ [[နယူးယောက်မြို့]]ရှိ သူ၏ ဦးရီးတော်သူ ကုန်သည်ကြီးထံ သွားရောက်၍ အလုပ်များ ကူညီလုပ်ကိုင်သည်။ သူသည် နယူးယောက်မြို့တွင် ၁၃-နှစ်ခန့် နေထိုင်ခဲ့သည်။ ထိုသို့ နေထိုင်စဉ်အတွင်း ငွေကြေးအတော်အတန် စုဆောင်းမိသည်။ ထို့နောက် သူသည် စကော့တလန်ပြည်သို့ ပြန်လာကာ အဲယားမြို့တွင် မြေကွက်များဝယ်၍ အခြေချနေထိုင်သည်။
 
မက္ကဒမ်သည် အဲယားမြို့တွင် တရားသူကြီးနှင့် လမ်းဖောက်ရေးဆိုင်ရာ တာဝန်ခံအဖွဲ့ဝင်တဦး ဖြစ်လာသည်။ ထိုစဉ်က [[ဗြိတိန်နိုင်ငံ]]တနိုင်ငံလုံး၏ လမ်းများမှာ အလွန်ညံ့ဖျင်းနေသည်ကို တွေ့ရှိပြီး ထိုလမ်းများကို ပြုပြင်ရန် စိတ်ကူးခဲ့သည်။ လမ်းများပြင်ရန်အတွက် ကောင်းမွန်သော အကြံဉာဏ်များကို သက်ဆိုင်ရာ တာဝန်ခံတို့နှင့် ညှိနှိုင်းတိုင်ပင်သောအခါ မည်သူမျှ သဘောမပေါက်ကြချေ။
စာကြောင်း ၁၃ -
 
မက္ကဒမ်သည် ၁၈၃၆-ခုနှစ် နိုဝင်ဘာ၂၆-ရက်နေ့တွင် [[ဒမ်ဖရီးရှိုင်း]]နယ်၊ [[မော့ဖတ်မြို့]]၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် သူ့အသက် ၈၀-နှစ် ရှိပြီ။ <ref>(ခင်ဧ-စက်မှု)</ref>
== ကျမ်းကိုး ==
<references/>
* မြန်မာ့စွယ်စုံကျမ်း အတွဲ ၉၊ စာ-၁၈၀။
 
[[Category:နည်းပညာ]]
[[Category:တီထွင်မှု]]