ဂျွန်ပေါလ်စန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၂၅ -
}}
 
နယူးယောက် အခြေစိုက် Paulson & Co., ၏ တည်ထောင်သူ နှင့် ဥက္ကဋ္ဌ ဖြစ်သူ ဂျွန်ပေါလ်စန် ကို ၁၉၅၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့တွင် မွေးဖွားခဲ့သည်။
== ငယ်ဘဝ ==
ဖခင် ဖြစ်သူ Ruder Finn အရာရှိချုပ် အဲဖရက်ဒို ပေါလ်စန် နှင့် မိခင် ဂျက်ကလင်းတို့မှ နယူယောက် မြို့ ရှိ ကွင်း အရပ်တွင် မွေးဖွားခဲ့သည်။ ပေါလ်စန် သည် သူမွေးဖွားရာ ကွင်း အရပ်ရှိ Whitestone Hebrew Centre (a United Synagogue of Conservative Judaism school) တွင်လည်း တတ်ရောက် ပညာသင်ခဲ့သည်။ သူသည် New York University’s College of Business and Public Administration (ယခု NYU Stern School) တွင် စီးပွားရေးပညာ ဘွဲ့(finance degree) ကို ထိပ်ဆုံးမှ အောင်မြင်ခဲ့သည်။
 
Harvard Business School ၏ ဂုဏ်ထူးဆောင်ကျောင်းသား Baker Scholar ရရှိသူ ပေါလ်စန် သည် အတော်ဆုံးအဆင့်မှ မှ MBA ဘွဲ့ကို ရရှိခဲ့သည်။ Leon Levy ၏ လက်အောက်ခံဖြစ်သော Odyssey Partners သို့မပြောင်းမှီ သူသည် Boston Consulting Group တွင်လုပ်ကိုင်ခဲ့သည်။ ထို့နောက် Bear Stearns ရှိ mergers and acquisitions group တွင်လည်း လုပ်ကိုင်ခဲ့သည်။ ကိုယ်ပိုင် ရင်းနှီးမြုပ်နှံမူလုပ်ငန်းကို မတည်ထောင်ခင် သူသည် Gruss Partners LP တွင် ဩဇာကြီးသော ပါတနာ တစ်ဦးအဖြစ် ပါဝင်လုပ်ကိုင်ခဲ့သည်။ ၁၉၉၄ တွင် သူ၏ ရင်းနှီးမြုပ်နှံမူလုပ်ငန်းကို ဒေါ်လာ ၂ သန်းဖြင့်စတင်ခဲ့ပြီး သူနှင့် သူ့ လက်ထောက် ၂ ဦးတည်း ဖြင့် စတင်လုပ်ကိုင်ခဲ့သည်။
 
== Hedge fund ==
Paulson & Co., Inc., သည် hedge funds တို့၏ ရှေ့ဆောင်လမ်းပြစံပြ ကုမ်ပဏီ ကြီးတစ်ခုလည်းဖြစ်သည်။ ရင်းနှီးမြှုပ် နှံမှုတို့ကို လွယ်ကူစွာပြုလုပ်လေ့ရှိသည်။ Paulson ၏ ရင်းနှီးမြှုပ်နှံမှူ တန်ဖိုးမှာ ၂၀၀ရ ခုနှစ် ဇွန် ၁ ရက်နေ့စာရင်းအရ ဒေါ်လာ ဘီလျံပေါင်း ၁၂.၅ (၉၅%သည် အင်စတီကျူးရှင်းမှဖြစ်သည်)။ ထို ပမာဏသည် ၂၀၀၈ခုနှစ် နိုဝင်ဘာတွင် ဒေါ်လာ ဘီလျံပေါင်း ၃၆ အထိရှိလာသည်။
 
၂၀၀၇ ခုနှစ်တွင် သူသည် ကုမ္ပဏီ အတွက် ဒေါ်လာ ၁၅ ဘီလျံ အထိရှာဖွေပေးနိုင်ခဲ့သည်။ သူ၏ဦးဆောင်မှု အောက်တွင် Paulson & Coသည် အာမခံဈေးကွက် ရှိ the foreclosure and mortgage backed ဆိုင်ရာကိစ္စရပ်များကို အရေးပေးလုပ်ဆောင်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ဝေါလ်စထရိပေါ်ရှိ ငွေကြေးအရင်းအနှီးပြဿနာများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ လက်တလော အမေရိကန်ဒေါ်လာ ၃၄၅ ဘီလျံ ကျော်ရင်းနှီး မြှပ်နှံထားပြီး ငွေကြေးများ မြုပ်နေ၍ ဖိစီးမှုများကြုံတွေ့နေရသည့် ရင်းနှီးမြှပ်နှံမှု ဘဏ်များကို ငွေချေးပေးခြင်း၊ အခြားသော ရင်းနှီးမြှပ်နှံမှု လုပ်ငန်းငယ်လေးများအား ငွေချေးပေးနိုင်ရန် ငွေကြေးထောက်ပံ့ အစွဲ့အစည်းအသစ်ကို ထည်ထောင်ဖို့ ဆုံးဖြတ်ခဲ့သည်။ ပြဿနာအရင်းခံမှာ အိမ်ဈေးကွက်နှင့် ချိတ်နေသည့် အရင်းအနှီး (Assets) များမှာ မှန်းထားသည့်ထက်လျော့သော အကျိုးအမြတ်ကိုသာ ရရှိနေခဲ့သောကြောင့် ဖြစ်သည်။
 
၂၀၀၈ ခုနှစ် မေ ၁၅ ရက်နေ့တွင် Paulson & Co., သည် Yahoo စတော့ ရှယ်ယာ ထံမှ ဒေါ်လာသန်း ၅ဝ ဖိုးခန့် ဝယ်ခဲ့သည်။ Yahoo's board အတွက် proxy ဆိုင်ရာကိစ္စရပ်များတွင် Carl Icahn ကို အထောက်အပံ့ရရှိစေရန် ဖြစ်သည်။ ၂၀၀၈ခုနှစ် နှစ်ဦးပိုင်းတွင် ကုမ္ပဏီသည် Federal Reserve ၏ ဥက်ကဌဟောင်းဖြစ်သူ Alan Greenspan ကို ငှားရမ်း ခဲ့သည်။ ၂၀၀၈ခုနှစ် စက်တင်ဘာ တွင် ပေါ်လ်ဆန်သည် ဗြိတိန်ဘဏ်ကြီး ငါး ခု ရှိသည့်အနက် ဘဏ်ကြီး ၄ ခုနှင့် စီးပွားဖက် လုပ်ကိုင်ခဲ့သည်။
ရင်းနှီးမှူ တန်ဖိုး စတာလင်ပေါင် သန်း ၃၅ဝ ကို ဘာကလေး၏ ရှယ်ယာတွင်လည်းကောင်း ၊ စတာလင်ပေါင် သန်း ၂၉၂ ကို စကော့တလန်ရှိ ရိုင်ရယ်ဘဏ် တွင်လည်းကောင်း ၊ စတာလင်ပေါင် သန်း ၂၆ဝ ကို Lloyds ဘဏ်တွင် လည်းကောင်း အသီးသီးထည့်ဝင်ခဲ့သည်။ ၂၀၀၉ ဇန်နဝါရီ တွင် RBS ရှိ အနေအထားကို လျော့ချပြီးနောက် နောက်ဆုံးတွင် ၂၈ဝ မီလျံ ယူရိုနီးပါး အမြတ် ထွက်ခဲ့သည်။ ၂၀၀၉ခုနှစ် ဩဂုတ်တွင် သူသည် Goldman Sachs ၏ ရှယ်ယာထံမှ သန်း ၂၀ဝ ဖိုးခန့်ဝယ်ယူခဲ့သည်။ ထို့ပြင် Regions Financial ၏ ရှယ်ယာထံမှ လည်း ၃၅ သန်းဖိုး ဝယ်ယူခဲ့လေသည်။
 
Paulson သည် ၂၀၁၁ တွင် Bank of America ရှယ်ယာဈေးနှုန်းများ နှစ်ဆတက်မည်ဟု ခန့်မှန်းလျက် ၎င်း၏ ရှယ်ယာ များကိုလည်း ဝယ်ယူခဲ့သေးသည်။ရွှေတွင်းလုပ်ငန်းများနှင့်ပတ်သက်သော ရွှေဈေးကွက်နှင့် ရွှေနှင့်ဆိုင်ရာရင်းနှီးမြှုပ်နှံမှူ လုပ်ငန်းများစတင်မည် ဟု ၂၀၀၉ ခုနှစ် နိုဝင်ဘာတွင် ကြေငြာခဲ့သည်။
စာကြောင်း ၄၃ -
၂၀၀၉ ခုနှစ်ဒီဇင်ဘာထုတ် the New York Times ၏ ဖော်ပြချက်အရ သူသည် ၂၀၀ရခုနှစ် ငွေကြေးအကြပ်အတည်း ကာလတွင် synthetic collateralized debt obligations (CDO's) ငွေချေးစာချုပ်များနှင့်ပတ်သက်၍ အမြတ်အစွန်းများ လည်း ရရှိခဲ့သေးသည်။ ၂၀၁ဝ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် သူ၏ကုမ္ပဏီ ကို restructuring and recapitalization လုပ်ငန်းများ လုပ်ကိုင်ရန် publisher Houghton Mifflin Harcourt ဆိုသူက ဆက်သွယ်ခဲ့သည်။
သဘောတူညီချက်၏ အဓိကအချက်များမှာ.. အကြွေးဟောင်းပိုင်ရှင်များအား ( ပေါလ်ဆန်နှင့် သူ၏ကုမ္ပဏီ၊ Guggenheim အကျိုးတူစီးပွားဖက်များ နှင့် အခြားသူများအပါအဝင် ) ရှယ်ယာတန်ဖိုးအသစ်ကို ပြုလုပ်ခြင်းနှင့် အတူ ၅ ဘီလျံ ဒေါ်လာ အကြွေးမှ ၃ ဘီလျံ ဒေါ်လာသို့ လျှော့ချပေးခြင်း၊ ၂ ဘီလျံ အနိမ့်ဆုံးအကြွေး (mezzanine debt) ကို ရှယ်ယာတန်ဖိုးအဖြစ်နှင့် အာမခံတန်ဖိုးများအဖြစ်သို့ ပြောင်းလဲရန်၊ ရှယ်ယာတန်ဖိုးအသစ် ရောင်းချခြင်းမှ အသစ်ပေးချေငွေ ၆၅ဝ မီလျံ ဒေါ်လာတန် လက်ခံဖြတ်ပိုင်းရရှိရန် တို့ ဖြစ်သည်။
The Irish Times ၏ ဖော်ပြချက်အရ EMPG ၏ လက်ရှိ ရှယ်ယာ ပိုင်ရှင်များဖြစ်သော HMH's CEO Barry O'Callaghan, စတော့ရှယ်ယာပွဲစား Davy Stockbrokers, Reed Elsevier နှင့် အခြား ပုဂ္ဂိုလ် တို့သည် ၎င်းတို့၏ ရင်းနှီးငွေ ဒေါ်လာဘီလျံပေါင်း ၃.၅ ခန့်ရှိသည်။
 
== SEC v. Goldman Sachs ==
SEC မှ Goldman Sachs နှင့် Goldman ၏ ငွေချေးစာချုပ် အရောင်းအဝယ်လုပ်သူတယောက်ကို တရားစွဲဆိုသောအခါ တရားရုံးတွင် U.S. Securities and Exchange Commission မှ Paulson & Co. ကို ရည်ရွယ်ပြီး ထုတ်ဖော်ပြော ဆိုခဲ့သည်။ လျှို့ဝှက်စာရွက်စာတမ်းများကို လူသိရှင်ကြားဖော်ထုတ်ပြရာတွင် အခြေခံအားဖြင့် အချက်အလက်များကို မှားယွင်း ဖော်ပြခဲ့ပြီး ငွေချေးစာချုပ်အတုတခုဖန်တီးပြုလုပ်ခဲ့သည့်အချက်ကို ချန်လှပ်ထားခဲ့သည်ဟု စွပ်စွဲခဲ့သည်။ ထိုစွပ်စွဲချက်မှာ Goldman Sachs မှ ရင်းနှီးမြုပ်နှံသူများသို့ အောက်ပါအချက်ကို မှားယွင်းဖော်ပြခဲ့ခြင်းကြောင့်စွပ်စွဲခံရခြင်း ဖြစ်သည်။ မျှတသည့် ကြားအဖွဲ့အစည်းဖြစ်သော (ACA Management) မှ ပြုလုပ်သောအပေါင်စာချုပ်သည် ငွေချေးစာချုပ်များကို အခြေခံထားပြီး ထိုငွေချေးစာချုပ် များတွင် ပါဝင်သော Paulson & Co., နှင့်အတူ အကျိုးအမြတ်ရှိသည့် လုပ်ပိုင်ခွင့်များ သည် ရင်းနှီးမြုပ်နှံသူများသို့ တိုက်ရိုက်ဆန့်ကျင်နေသည့်အချက်ကို အပေါင်စာချုပ်များ၏ အဓိကအချက် အနေဖြင့် ထည့်သွင်းထားသည်ဟူ ၍ ဖော်ပြခဲ့သည်။
 
ငွေကြေးပျက်ကွက်သည့် ကိစ္စရပ်တွင်ကြီးမားသော ငွေကြေးအကျိုးအမြတ်ရရှိနိုင်ရန် အလို့ငှါ Collateralized debt obligations (CDOs) တွေကို အပြန်အလှန် ထိန်းညှိုဖို့အတွက် Paulson & Co ကို ထားရှိခဲ့သည်။ Paulson သည် CDOs ၏ စာရွက်စာတမ်းကိစ္စရပ်များ ကို ပြန်လည် ပေးချေနိုင်ခြင်းမရှိ နိုင်မည့် အနေအထားသို့ရောက်အောင် ပြုလုပ်ထားပြီး၊ ၎င်းကို တုန့်ပြန်ခြင်းအားဖြင့် Paulson & Co မှ ယင်း ရှယ်ယာအား ရောင်းချပြီးသား (သို့) မကြာမီတွင် ရောင်းချနိုင်ရန် တမင်တကာ ရွေးချယ်သတ်မှတ်ထားသည် ဟူ ၍ စွပ်စွဲခံရသည်။ Paulson & Co မှ ၎င်းကို ပြန်လည် ခုခံချေပခြင်း မရှိခဲ့ပေ။ ဒီဟာက ဘာကိုမှ မှားယွင်းပြီးဖော်ပြထားတာမဟုတ်လို့ တိုင်ကြားရမည့် အကြောင်းအရာမဟုတ်ဘူး။ ပြီးတော့ တရားစွဲဆိုရမည့်ကိစ္စလည်း မဟုတ်ဘူးလို့ Paulson & Co ကပြောကြားခဲ့သည်။
 
== အခြား အကြောင်းအရာများ ==
ဂျွန်ပေါလ်စန် သည် အမေရိကန် ဘဏ္ဍာတော်ထိန်း U.S. Treasury Secretary ဖြစ်သူ Hank Paulson နှင့် Goldman Sachs ၏ အမှူဆောင် အရာရှိချုပ်ဟောင်းဖြစ်သူ တို့နှင့် ပတ်သက်မှု မရှိချေ။ ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့တွင် သူသည် Wall Street Journal မှတဆင့် ဈေးကွက်တည်ငြိမ်မှုရစေရန်အတွက် Treasury Secretary's plan ကို ရေးသားခဲ့သည်။ ၂၀၁ဝ ခုနှစ် သို့ရောက်သော် သူ၏ကြွယ်ဝချမ်းသာမှု သည် ဒေါ်လာ ၁၂ ဘီလျံခန့်အထိ ရှိလာပြီး Forbes မဂ္ဂဇင်း၏ဖော်ပြချက်အရ ကမ္ဘာ့ အချမ်းသာဆုံး ၄၅ ယောက် မြောက် အဆင့်တွင် ရှိသည်။
 
၂၀၁ဝ ခုနှစ် ဧပြီ ၁၆ ရက်နေ့ထုတ် the New York Times သတင်းစာတွင် သူသည် ၂၀၀၇ ခုနှစ်တွင် ဒေါ်လာ ၁ ဘီလျံခန့်အထိဝင်ငွေရှိပြီး ၂၀၀၈ ခုနှစ်တွင် ၂ ဘီလျံခန့်တိုးလာပြီး ၊ ချီးငွေနှင့်ပက်သက်၍ ရာဇဝင်မကောင်းသည့် အပေါင်စာချူပ်များ ကို အလောင်းအစားပြုခြင်းများ မှ ရရှိသည့် ငွေများနှင့် ၂၀၀၉ ခုနှစ်တွင် ၂.၃ ဘီလျံခန့် အထိရှိလာသည်။ ယင်းသို့ပြုလုပ်ခြင်းကို လူသိခြင်းသိပ်မရှိခင် ဟိုးအရင်အချိန်က ဖြစ်သည်။ ၂၀၁ဝခုနှစ် ဧပြီ ၁၉ ရက်နေ့ ထုတ် the Wall Street Journal ၏ဖော်ပြချက်တွင် Paolo Pellegrini အသက် ၅၃ နှစ်ခန့်ရှိသူသည် ပေါ်ဆန်၏ အထူးအားကိုးရသူဖြစ်လာသည်။ ကုမ်မဏီ၏ mortgages လုပ်ငန်းများတွင် အရေးပါသောသူဖြစ်သည်။
 
The Center for Responsible Lending သို့ပေါ်ဆန်၏ ဒေါ်လာ ၁၅ဘီလျံခန့်လှူဒါန်းခဲ့ခြင်းသည် အကြီးကျယ်ဆုံး သော ဒါနကြီးဖြစ်သည်။ ထိုအဖွဲ့အစည်းသည် ချေးငှားရယူသူများ ပို၍ကောင်းမွန်သင့်တော်သည့် အပေါင်စာချုပ် အတိုးနှုန်းများ ဖြင့် ချေးငှားနိုင်ဖို့အတွက် ဘဏ်များအား ယုံကြည်လက်ခံစေရန် ပြောဆိုသည့်အလုပ်ကို လုပ်ကိုင်သည်။ ၂၀၁ဝ ခုနှစ်တွင် New York University ၏ Stern School of Business တွင် သုတေသနလုပ်ငန်းများ ၊ ပညာတောသင်ဆု နှင့် ကျောင်းဆောင်များ မွမ်းမံခြင်းတို့အတွက် ဒေါ်လာ ၂ဝ ဘီလျံခန့်အထိ လှူဒါန်း ခဲ့သည်။ ထိုနှစ်တွင်ပင် သူ့ဖခင် ၏ မွေးရပ်မြေဖြစ်သည့် အီကွေဒေါနိုင်ငံ ဂွါရာဂွေး မြို့တွင် လက်တင် အမေရိက၏ အကြီးဆုံးသော သားဖွား နှင့် ကလေးဆေးရုံ ကြီးတည်ဆောက်ရန်အတွက် ဒေါ်လာ ၁၅ ဘီလျံခန့်အထိ လှူဒါန်း ခဲ့သည်။ ၂၀၀ဝ ခုနှစ်မှ စတင်ကာ ပေါ်လ်ဆန်သည် ဒီမိုကရက်ဝင် နိုင်ငံရေး သမားများ နှင့် ပါတီများ အတွက်လည်း ဒေါ်လာ ၁၄၀၀၀ဝ နှင့် လှူဒါန်း ခဲ့သည်။
 
[[Category:အတ္ထုပ္ပတ္တိ]]