စန်းယု (နိုင်ငံတော်သမ္မတ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၃၃ -
|allegiance =
|branch = [[တပ်မတော်]]
|serviceyears = ၁၉၄၂-?၁၉၇၄
|rank = ဗိုလ်ချုပ်ကြီး
|unit =
စာကြောင်း ၅၆ -
ဦးစန်းယုသည် ၁၉၅၁ ခုနှစ်တွင် [[မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်]]၌ ယာယီလက်ထောက် စစ်ရေးနှင့် စစ်ထောက်ချုပ်အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၅၂ ခုနှစ်၊ ဇွန်လတွင် အမှတ် ၂၁ ခြေလျင်တပ်ရင်း တပ်ရင်းမှူးတာဝန်ကို ပူးတွဲထမ်းဆောင်သည်။ ၁၉၅၂ ခုနှစ်၊ ဇူလိုင်လတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ လက်ထောက်စစ်ရေးနှင့် စစ်ထောက်ချုပ်အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၅၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စစ်ရာထူးခန့်ချုပ်ရုံး စစ်ရာထူးခန့် အတွင်းဝန်အဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်။ ၁၉၅၆ ခုနှစ်တွင် ဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့် ခန့်အပ်ခြင်းခံရသည်။ ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၅၉ ခုနှစ်၊ ဧပြီလတွင် ဗိုလ်မှူးချုပ်အဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်းခံရသည်။ ၁၉၆၁ ခုနှစ်၊ ဩဂုတ်လတွင် တိုင်းမှူးတာဝန်အပြင် တပ်မဟာ ၁ တပ်မဟာမှူး အဖြစ်လည်းကောင်း၊ အောက်တိုဘာလတွင် [[အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်]] တိုင်းမှူးအဖြစ် လည်းကောင်း၊ နိုဝင်ဘာလတွင် [[အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်|အနောက်မြောက်တိုင်းစစ်ဌာနချုပ်]] တိုင်းမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင် သည်။ တိုင်းမှူးတာဝန်ထမ်းဆောင်စဉ် ဗကပများ၊ တန့်ယန်းနယ်မြေ ဆူပူသောင်းကျန်းမှုများ၊ ကချင်ပြည်နယ်လှုပ်ရှားမှုများနှင့် တရုတ်ဖြူလှုပ်ရှားမှုများကို တိုက်ခိုက်ချေမှုန်းသည်။
 
ဦးစန်းယုသည် ၁၉၆၃ ခုနှစ်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ်တိုးမြှင့် ခန့်အပ် ခြင်းခံရသည်။ ၁၉၇၂ ခုနှစ် ဧပြီ ၂၀ တွင် ဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်းခံရပြီး ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်သည်။ မှ ၁၉၇၄ ခုနှစ် မတ်လ ၇ ရက်နေ့အထိ ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးချုပ်တာဝန်များကို ထမ်းဆောင်ခဲ့ကာ ၁၉၇၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။<ref>{{cite web |title=(၇၆)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင် ခဲ့ကြသည့် ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(အငြိမ်းစား) များ၏ အမှတ်တရရုပ်တုများ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ် |url=https://cincds.gov.mm/node/11484?d=2 |website=cincds.gov.mm |access-date=၂၂ ဧပြီ ၂၀၂၂ |date=၂၅ မတ် ၂၀၂၁}}</ref>
 
==နိုင်ငံရေးဘဝ==