ငါးပိ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
[[File:Shrimp.paste-hill tracts.jpg|thumb|300px|ငါးပိရောင်းနေသူ ဈေးသည် တစ်ဦး]]
 
'''ငါးပိ'''နှင့် တို့စရာတို့သည် ထမင်း၊ ဟင်း၊ ဟင်းချိုတို့နှင့်အတူ မြန်မာတို့၏ အစားအစာတွင် အခြေခံများ ဖြစ်ကြသည်။ ထမင်းကို ဟင်းနှင့်တွဲဖက်၍ မစားရစေကာမူ ငါးပိ၊ တို့စရာတို့နှင့် တွဲဖက်၍ မစားရလျှင် ပြည့်ပြည့်ဝဝ စားသောက်ရသည်ဟု မြန်မာတို့က မယူဆကြပေ။ အထူးသဖြင့် တောင်သူ လယ်သမားနှင့် အလုပ်ကြမ်းသမားတို့အဖို့ ငါးပိသည် အဓိက အဟာရပင်ဖြစ်သည်။
 
ငါးအစိုးကို ဆားဖြင့် အထပ်ထပ် သိပ်ထားလျှင်သော်လည်းကောင်း၊ ငါး၊ ပုဇွန်၊ ကနန်းစသည်တို့ကို ဆားပက်နေလှန်း၍ ဆုံဖြင့်ထောင်းထားလျှင် သော်လည်းကောင်း ငါးပိဟု ခေါ်လေသည်။ ငါးပိကို မြန်မာတို့သာမက ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စသည့် အရှေ့တောင် အာရှနိုင်ငံများတွင်လည်း စားသုံးတတ်ကြသည်။ ငါးပိကို ထိုင်း - ခမာ ဘာသာဖြင့် ကပိ (กะปิ) ဟူ၍ ခေါ်သည်။ မလေးဘာသာဖြင့် ဘယ်လကန် (belacan)၊ အင်ဒိုနီးရှားဘာသာဖြင့် တယ်ရာစီ(terasi) ဟုခေါ်သည်။ ထိုင်းငါးပိလုပ်နည်းနှင့် မွန်မြန်မာ ငါးပိလုပ်နည်းမှာ အတူတူပင်ဖြစ်သည်။
စာကြောင်း ၁၉ -
မိလာသော ငါးများကို ငါးပိလုပ်ရန်ငါးနှင့် ငါးပိကောင် လုပ်ရန်ငါးဟူ၍ ရွေးချယ်ရသည်။ ထိုနောက် ငါးပိကောင်လုပ်ရန် ငါးများကို ရေစင်တင်ရသည်။ ရေစင်တင်သည် ဆိုသည်မှာ ငါးများကို ရေးစင်ပေါ်တင်၍ ဆေးကြောခြင်းဖြစ်သည်။ ရေစင်တင်ငါးများမှာ အူ၊ အသည်း ထုတ်ပြီး၊ ခေါင်းဖြတ်ပြီး ငါးများဖြစ်သည်။ ထိုနောက် ငါးများကို ရိုင်ပတ်ထဲတွင် ထည့်၍ အပေါက်ဖောက်ထားသည့် ယောက်မနှင့် မွှေရသည်။ သို့မှသာ အကြေးစင်သည်။ ထိုနောက်တစ်ဖန် ရေစင်တင်ပြီးလျှင် အညှီနှင့် အရိအရွဲများ ကျဆင်းစေရန် ဆားပက်ပေးရသည်။ ယင်းကို ရေထုတ်ဆားပေါက်ခြင်းဟု ခေါ်သည်။ ထိုနောက် ထွန်ြခစ်၊ ခက်ရင်းတို့ဖြင့် ဆွပေးရသည်။ ဤသည်ကို ခါးချိုးသည်ဟု ခေါ်သည်။ ရေစစ်၍သွားသောအခါ ငါးများကို ရေစင်မှချ၍ အသားတွင်းသို့ ဆားဝင်စေရန် ဆားဖြူးပေးရသည်။ ဤသည်ကို ဆားကူးသည်ဟုခေါ်သည်။ ပြီးလျှင် စည်သို့သွင်းကာ အသားတစ်ထပ်၊ ဆားတစ်ထပ် သိပ်ရသည်။ ယင်းသို့ ငါးပိသိပ်ရာ၌ သစ်သားခုံဖိနပ်ဖြင့်နင်း၍ သစ်သားတုံးနှင့် ဆောင့်ပေးရသည်။ ငါးပိစည်မှာ အိမ်ခေါင်ပက်လက်ပုံ ဆောက်လုပ်ထားသည်ဖြစ်၍ ငါးပိမှကျသော [[ငံပြာရည်]]သည် ရေတံလျှောက်မှတစ်ဆင့် ငံပြာရည်အိုးထဲသို့ စီးဆင်းလေသည်။
 
ထိုနောက် ငါးပိကောင်ကို စည်မှထုတ်၍ နေသတ်ရသည်။ နေသတ်ခြင်းမှာ စည်အတွင်း၌ သိပ်ပြီးငါးကို အပြင်ထုတ်၍ နေပူလှန်းခြင်း ဖြစ်သည်။ ထိုနောက် ဆားပြန်ကူးပြီး စည်ပြန်သိပ်ရသည်။ အကယ်၍ အငန်ရည် စစ်သွားလျှင် ထပ်၍ ဆားဖြူးပေးရသည်။ အငန်လွန်လျှင် ဆန်မှုန့်ကိုဖြစ်စေ၊ ထောင်းပြီးသား ပြုတ်ဆန်ကိုဖြစ်စေ၊ ဆန်ကွဲပြုတ်ကိုဖြစ်စေ ရောပေးရသည်။
 
== ကိုးကား ==
{{reflist}}