ငွေမည်းခဝါချခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော ပြင်ဆင်နေသည: ar:غسل المال
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၂ -
 
ပြီးခဲ့သည့်ကာလများတွင်“ငွေမဲခဝါချခြင်း”ဝေါဟာရကို အဖွဲ့လိုက်ဒုစရိုက်မှုပြုလုပ်ခြင်းနှင့် ပတ်သက်သောငွေကြေးလွှဲပြောင်းခြင်း တစ်ခုတည်းတွင်သာသုံးစွဲခဲ့သည်။ ယနေ့တွင်၎င်း၏အဓိပ္ပါယ်
သတ်မှတ်ချက်ကို [[အမေရိကန်]] ငွေကြေးထိမ်းချုပ်ရေးရုံးကဲ့သို့သော အစိုးရ နှင့် နိုင်ငံတကာစည်းကမ်းထိမ်းသိမ်းသူများမှ တရားမဝင်လုပ်ကိုင်မှုတစ်ခု၏ ရလာဒ်အဖြစ် ရရှိလာသည့် ဥစ္စာပစ္စည်း သို့မဟုတ် ငွေကြေးပမာဏအား တစ်နည်းနည်းနည်းဖြင့် ငွေကြေးလွှဲပြောင်းခြင်း ဟု ပိုမို၍အဓိပ္ပါယ်ဖွင့်ဆိုထားကြသည်။ ဤအဓိပ္ပါယ် သည် အခွန်ရှောင်ခြင်း သို့မဟုတ် စာရင်းလိမ်လည်ခြင်း ကဲ့သို့သော လုပ်ဆောင်မှုများအတွက်လည်းအကျုံးဝင်သည်။အင်္ဂလန်နိုင်ငံတွင်ငွေကြေးတစ်ခုတည်းသာမဟုတ်မည်သည့် စီးပွားရေးပစ္စည်းကိုမဆိုအကျုံးဝင်သည်။တရားရုံးများသည်ပုဂ္ဂလိကတစ်ဦးတစ်ယောက်ချင်းများ၊ မူးယစ်ဆေးရောင်းဝယ်သူများ၊ စီးပွားရေးလုပ်ငန်းများ၊ အစိုးရအရာရှိများ၏လာဘ်စားမှုများ၊ [[မာဖီးယား]] ကဲ့သို့သောဒုစရိုက်ဂိုဏ်း အဖွဲ့ဝင်များ နှင့် အစိုးရများ ကျူးလွန်ခဲ့သည့် ငွေကြေးခဝါချမှုများကို တရားစီရင်နေရသည်။
 
== ဒုစရိုက်မှုတစ်ခု၏အကျိုးအမြတ် ==
 
ငွေကြေးဒုစရိုက်မှုသည် ပိုမိုရှုပ်ထွေးလာခြင်း နှင့် “ငွေကြေးထောက်လှမ်းရေးအဖွဲ့” (FININT ) သည် နိုင်ငံတကာဒုစရိုက်မှုခင်း နှင့် အကြမ်းဖက်မှု နှိမ်နင်းရာတွင် ပိုမိုတွေ့ရှိလာခြင်းဖြင့်၊ ငွေမဲခဝါချခြင်းသည် [[ဥပဒေ]]ပိုင်း တို့တွင် ငြင်းခုံမှုများ ပိုမိုထင်ရှား လာခဲ့သည်။ ငွေမဲခဝါချခြင်းသည် သူ့ဆိုထားချက်ကိုက (ipso facto) တရားမဝင်ဖြစ်သည်။ အများဆုံး နှင့် အမြဲတမ်းလိုလို ငွေရရှိလာစေသည့် ဆောင်ရွက်မှုများသည် ဒုစရိုက်မှုများကိုယ် တိုင်မှ တစ်နည်းမဟုတ်တစ်နည်း ဖြစ်သည် (အကယ်၍ မဟုတ်ခဲ့သော် ငွေကို ခဝါချရန် မလိုပါ)။
အမေရိကန်ဥပဒေတွင် ငွေမဲခဝါချခြင်းဆိုသည်မှာ သတ်သတ်မှတ်မှတ်ဖေါ်ပြချက်၊ ရရှိခဲ့သည့်နေရာ၊ သို့မဟုတ် တရားမဝင်ရရှိထားသည့်ငွေအား ပေးပို့ရမည့်နေရာတို့ကို ဖုံးကွယ်၍ ငွေကြေးလွှဲပြောင်းမှုများဆောင်ရွက်ခြင်း ဖြစ်သည်။ အင်္ဂလန်ဥပဒေတွင် ထုံးတမ်းစဉ်လာဥပဒေ၏အဓိပ္ပါယ်ဖွင့်ဆိုချက်သည် ကျယ်ဝန်းသည်။ အက်ဥပဒေသည် မည်သည့်နည်းဖြင့်မဆို ပြုလုပ်ခဲ့သည့်ပိုင်ဆိုင်မှုတစ်ခုသည် ဒုစရိုက်မှု တစ်ခု၏အကျိုးအမြတ်တွင် တစ်စိတ်တစ်ပိုင်းဖြစ်စေ သို့မဟုတ် တစ်ခုလုံးဖြစ်စေ ပါရှိခဲ့ပြီး၊ မည်သည့်ပုံစံ ဖြင့်မဆိုရှိနေစေကာမှု ပိုင်ဆိုင်မှုသည် ဒုစရိုက်မှုတစ်ခု၏အကျိုးအမြတ်ကို အသွင်ပြောင်းထားခြင်း သို့မဟုတ် ပြဆိုထားသည့်ပိုင်ဆိုင်မှု၏ အကျိုးခံစားခွင့်ရှိသူအား ဖုံးကွယ်ထားခြင်း ဟု အဓိပ္ပါယ်ဖွင့် ဆိုထားသည်။
 
မှတ်ချက်
ထပ်ခါထပ်ခါမဖေါ်ပြမိစေရန် ဤဆောင်းပါးများတွင် “သန့်ရှင်း” ဟူသည့်ဝေါဟာရသည် တရားဝင်ငွေ ရရှိမှုကို ရည်ညွ့န်းပြီး၊ “ညစ်ပတ်” အား တရားမဝင် ငွေရရှိမှုကိုရည်ညွှန်းသည်။
 
== ခေတ်သစ်ဖွံ့ဖြိုးတိုးတက်မှု ==
ငွေကြေးခဝါချခြင်းသည်ဒုစရိုက်မှုတစ်ခုမဟုတ်ဘဲ၊အမေရိကန်နိုင်ငံတွင်တားမြစ်ခြင်းကာလအတွင်းဖြစ်ပေါ်ခဲ့သည်။သို့သော်နည်းပညာများသည်တိုးတက်လာပြီး၊ပြန်လည်သန့်စင်ထားသည်။များစွာသော
နည်းစံနစ်များသည် တရားမဝင်အရက်များ ရောင်းချခြင်းဖြင့် ရရှိလာသည့်ငွေများ၏မူလအစကို အသွင်ပြောင်းထားရန် စီစဉ်ထားရှိသည်။ ၁၉၃၁ အယ်ကပုန်း (Al Capone) ၏ အခွန်ရှောင်မှုအတွက် ထောင်ကျပြီးနောက်၊ လူဆိုးဂိုဏ်းဝင် မီယာလန်းစကီး (Meyer Lansky) သည် ဖလော်ရီဒါပြည်နယ် “ကားပက်ဖက်စပ်များ” (Carpet Joints) မှ ပင်လယ်ရပ်ခြား ငွေစာရင်းများသို့ ငွေများလွှဲပြောင်းခဲ့သည်။ ၁၉၃၄ ခုနှစ် ဆွစ်ဘဏ်လုပ်ငန်းဥပဒေ ထွက်ပြီးနောက်ပိုင်း၊ ထိုဥပဒေသည် ဘဏ်၏လျှို ့ဝှက်ထားမှုစည်းမျဉ်းကို ချမှတ်ခဲ့ပြီး၊ လန်းစကီးသည် ဆွစ်ဘဏ်တစ်ခုကို ဝယ်ယူ၍ ထိုဘဏ်အတွင်းသို့ သူ၏တရားမဝင်ငွေများကို ရှဲကုမ္ပဏီများ (shell companies)၏ ရှုပ်ထွေးသည့်စံနစ်တစ်ခု၊ ဦးပိုင်ကုမ္ပဏီများ၊ နှင့် ကမ်းလွန်ဘဏ်ငွေစာရင်းများ မှတစ်ဆင့် ထဲ့သွင်းခဲ့သည်။
 
[[ဒုတိယကမ္ဘာစစ်]]ကြီးနောက်ပိုင်းကာလတွင် ဥပဒေပြုသူများသည် တစ်နေ့ထက်တစ်နေ့ ကြီးထွားလာသော ကူးသန်းရောင်းဝယ်ရေး၊ ဘဏ္ဍာရေး နှင့် ပတ်ဝန်းကျင် ပြစ်မှုကျူးလွန်ခြင်းများနှင့် ရင်ဆိုင်ကြုံတွေ့နေရသဖြင့် ၎င်းတို့ကိုယ် တိုင်ပင်လျှင် ရှုပ်ထွေးကျဉ်းကြပ်နေမှုတစ်ခုတွင် တွေ့နေရသည်။ ထိုပြစ်မှု ကျုးလွနှ်ခြင်းများသည် သတ်သတ်မှတ်မှတ်တစ်ဦးတစ်ယောက်ကို အမှန်တစ်ကယ် တိုက်ရိုက်ထိခိုက် နစ်နာခြင်းမရှိပါ။ အသေကောင်အပုပ်နံ့ထွက်ခြင်းမျိုးလည်းမရှိပါ။ တရားသူကြီးများဆုံးဖြတ်သည်မှာ အမှုနှင့်ပတ်သက်သည့်အကျိုးအမြတ်များကို သိမ်းဆည်းခြင်းသည် ဒုစရိုက်မှုကြီးများအား လုံ ေလောက် သည့် အဆုံးအဖြတ်ပေးခြင်းဟု မှတ်ယူထားသည်။ ရုံးတော်မှသိမ်းဆည်းခြင်းကို ရှောင်ရှားရန်အတွက် အဖွဲ့အစည်းအလိုက်ဒုစရိုက်ဂိုဏ်းများသည် ငွေတစ်ပုံကြီးပေးရန် ယခုအခါတွင် လိုအပ်သည်။ ထိုငွေသည် လွယ်ကူစွာသုံးစွဲ၍မရ သို့မဟုတ် တရားဝင်စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံ၍မရ ဖြစ်နေသည်။ ထိုငွေသည် ဥပဒေတွင် စွဲကပ်နေသည့်အညှိဖြစ်သည်။ ထိုအညှိကို “လျှော်ဖွတ်ရန်” လိုအပ်သည်။ ငွေမဲခဝါချခြင်း သည် အဖွဲ့လိုက်ဒုစရိုက်မှု၏ “အားချီးလီးဖနောင့်” အား ကောင်းချီးပေးခြင်းဖြစ်သည့် လူဆိုးဂိုဏ်းဝင် များကို လုပ်ငန်းရှင်များအဖြစ်သို့ ရှာဖွေထူထောင်ပေးခြင်းဖြစ်သည်။ ထိုသူတို့သည် နည်းပညာတတ်ကျွမ်းမှုရှိ ပြီး ၎င်းတို့၏ခိုးရာပါပစ္စည်းများ ခဝါချရန် ဘဏ်နှင့်တူသည့် တရားဝင်အဖွဲ့ အစည်းများကို ပိုင်ဆိုင်လာကြသည်။
 
== ငွေမဲခဝါချခြင်း၏ရည်ညွှန်းချက်များ ==
 
“ငွေမဲခဝါချခြင်း”ဝေါဟာရသည် အများပြောသလို အယ်ကပုန်း (Al Capone) အသုံးပြု သည့် ခဝါချသူများမှ မသာမာသည့်နည်းဖြင့် ရရှိထားသည်များကို သန့်ရှင်းအောင် လျှော်ဖွတ်ခြင်း မှ ဆင်းသက်လာခြင်းမဟုတ်ပါ။ မသန့်ရှင်းသည့်ငွေများကို သန့်ရှင်းအောင်ပြုလုပ်ခြင်းဆိုသည့်အဓိပ္ပာယ် ဖြစ်သည်။ ဤလုပ်ငန်းစဉ်၏အချက်တစ်ခုမှာ နှစ်ဦးကြားတွင် သေချာသည့်ခလုပ်တစ်ခုရှိ နေခြင်းဖြစ်သည်။ ထိုခလုပ်ကို ဖုံးကွယ်သိမ်းဆည်းထားရန် လိုအပ်ချက်ရှိသည်။
စာကြောင်း ၂၆ -
ရှဲကုမ္ပဏီများ၏ ရှုပ်ထွေးသော လုပ်ငန်းကွန်ယက် နှင့် အခွန်ငွေအနည်းငယ်သာပေးရ သည့်နေရာများတွင် အခြေစိုက်ထားသည့် ယုံမှတ်အပ်နှံဖွဲ့အစည်းများ တို့မှတစ်ဆင့် ငွေကိုလျှော်ဖွတ် သည်။ အကြိမ်ကြိမ်ငွေလွှဲပြောင်းခြင်းသည် ငွေမဲခဝါချသည့်နည်းပညာတစ်ခု၏ ဥပမာဖြစ်သည်။
 
== ဥပမာများ ==
 
'''တစ်နေ့တာအဝင်အထွက်စစ်ဆေးခြင်း'''
 
စီးပွားရေးလုပ်ငန်းတစ်ခုသည် အပါတ်စဉ် မြောက်များစွာသောငွေအသေးစားများကို လက်ခံရရှိနေပြီး (ဥပမာ- ကုန်ပစ္စည်းစတိုးဆိုင်)၊ ထိုငွေများကို ဘဏ်တစ်ခုတွင်အပ်နှံထားရန် လိုအပ်သည်။ အကယ်၍ ထိုအပ်နှံငွေများသည် မြင်သာသည့်အကြောင်းပြချက်မရှိဘဲ၊ အကြီးအကျယ်အမျိုးမျိုးဖြစ်နေလျှင် သံသယ ရှိလာနိုင်သည်။ သို့သော် အကယ်၍ အံ သွင်းအထုတ်များသည် ပုံမှန်ဖြစ်နေပြီး၊ အကြမ်းအားဖြင့်တူညီ နေလျှင် သံသယသည် လွယ်ကူစွာလျော့နည်းသွားမည်ဖြစ်သည်။ ဤအချက်သည် အားလုံးသော ငွေကြေးခဝါချခြင်း၏ အခြေခံဖြစ်သည်။ ငွေမဲများစီးဆင်းဝင်ရောက်မလာမှီ သန့်ရှင်းသောငွေများ၏ မှတ်တမ်းလမ်းကြောင်းရှိနေရမည်။
အမေရိကန်နိုင်ငံတွင်၊ ဥပမာ၊ ငွေသားလွှဲပြောင်းခြင်း နှင့် အပ်နှံငွေများသည် ဒေါ်လာ ၁၀ဝဝဝ ထက်ပိုလျှင်၊ “ထူးခြားသည့်ငွေသားလွှဲပြောင်းမှုများ” အဖြစ် ငွေကိုင် (ဘဏ်စသည်များ) သည် ဘဏ္ဍာရေးမှုခင်းများဖေါ်ထုတ်ရေးကွန်ယက် (FinCEN) သို့ အခြားအခြားသောသံသယဖြစ်စရာ ဘဏ္ဍာရေးလုပ်ရှားမှုများကို “သံသယရှိသောလုပ်ရှားမှုအစီရင်ခံစာများ” (SARs) အဖြစ် နှင့်အတူ အစီရင်ခံရမည်။အခြားသောဥပဒေစံနစ်များတွင် သံသယခြေပြုလိုအပ်ချက်များကို ငွေကြေးဝန်ဆောင်မှုဝန်ထမ်းများ နှင့် လုပ်ငန်းကုမ္ပဏီများအပေါ် တာဝန်ချထားပေးပြီး၊ အာဏာပိုင်များသို့ မသ်င်္ကာသည့်လုပ်ရှားမှုများကို အစီရင်ခံစေသည်။
 
'''ထွက်မပြေးနိုင်သောစီးပွားရေးလုပ်ငန်း'''
အခြားနည်းစံနစ်တစ်ခုမှာ ငွေအဝင်ကိုစောင့်မကြည့်နိုင်သည့် လုပ်ငန်းတစ်ခုကို စတင်ရန်ဖြစ်ပြီး၊ ငွေသား အသေးအမွှားကိုဝင်စေ၍ ထိုအပေါ်တွင် အခွန်ငွေပေးဆောင်သည်။ သို့သော် ဘဏ်ဝန်ထမ်းအားလုံးအား အစီရင်ခံလောက်သည်အထိဖြစ်လာမည့် ငွေလွှဲပြောင်းမှုများကို အမြဲတမ်းစောင့်ကြည့်နေရန် သင်တန်းပေး ထားပြီးဖြစ်သည်။ မသ်င်္ကာမှုများကိုရှောင်ရှားရန် ရှဲကုမ္ပဏီများသည် လူထုနှင့်တိုက်ရိုက်ထိတွေ့ ဆက်ဆံပြီး၊ အချို ့သောဝန်ဆောင်မှု များကိုပြုလုပ်ပေးသည် (ရုပ်ဝတ္တုပစ္စည်းများ ထောက်ပံ့ခြင်းမဟုတ်ပါ) ။ ရှဲကုမ္ပဏီများတွင် လုပ်ငန်းတစ်ခုရှိပြီး၊ ထိုလုပ်ငန်းသည် အကြောင်းပြချက်ခိုင်လုံစွာ ငွေကိုသဘာဝကျ သည့်အရာအဖြစ် လက်ခံသည်။ လူထုအား ငွေသားဖြင့် တိုက်ရိုက်ဆက်ဆံခြင်းသည် ဖောက်သယ်များ၏ မှတ်တမ်းမထားရှိခြင်းဖြစ်သည့်အတွက် ကျိုးကြောင်းဆီလျှော်သော အကြောင်းပြချက်တစ်ခု ပေးထားခြင်း ဖြစ်သည်။
ဥပမာ၊ဆံပင်အလှပြုပြင်သူတစ်ယောက်အားငွေသားဖြင့် ပေးချေသည်ကိုတွေးတောကြည့်ရန်၊သူမသည်သူမ၏ဖောက်သယ်နာမည်များကိုသိရှိနေလင့်ကစား၊သူတို့၏ဘဏ်စာရင်းအသေးစိတ်ကိုတော့ မသိရှိပါ။ ဆံပင်ညှပ်ခြင်း၏ မှတ်တမ်းတစ်ခုသည် ပထမဆုံးပုံပန်းသဏ္ဍန် (prima facie) သက်သေပြချက်အဖြစ် ဟန်ဆောင်၍လက်ခံရမည်ဖြစ်သည်။ ဝန်ဆောင်မှုလုပ်ငန်းများတွင် အရင်း အမြစ်များ၏အမည်များ မဖေါ်ပြသည့်အားသာချက့်ရှိသည် – သို့သော် ငွေသားဖြင့်ထိတွေ့ဆက်ဆနေရခြင်းသည် အားနည်းချက်ဖြစ်သည်။ [[ကွန်ပျူတာ]]များရောင်းချသည့်လုပ်ငန်းတစ်ခုတွင် ကွန်ပျူတာ များအတွက် စာရင်းထားရှိရပြီး၊ ဆံပင်အလှပြင်သူများတွင် ဆံပင်ညှပ်ပေးရမှုအတွက် စာရင်းမရှိပါ။ သို့သော် ကွန်ပြူတာအတွက် ငွေကြေးဖောင်းပွမှုရှိနေခဲ့လျှင်လည်း ငွေရပြေစာ ရှိသည် – ဆံပင်ညှပ်သည့် အတွက် ငွေရပြေစာ မရှိသည်မှာ ဖြစ်နိုင်သည်။ ဖောက်သယ်များထံမှ သန့်ရှင်းစွာငွေလက်ခံရန်ရည်ရွယချက်အတွက် ဖောက်သယ်များရင်းနှီးမြှုပ်နှံထားရန်ဆိုသည့် ဖြစ်နိုင်ခြေလည်း အမှန်တကယ်ရှိနေသည်။
 
== ရည်ညွှန်းကိုးကား ==