ရွှေပြည်သာမြို့နယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ပ +။ ပ, -။ရ +။ ရ)
→‎လမ်းပန်းဆက်သွယ်ရေး: ဘတ်စ်ကားလိုင်းများ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၃၅ -
ရွှေပြည်သာတံတားအား ၁၉၉၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ယခုအခါ ရန်ကုန်တိုင်းဒေသကြီးနှင့် [[ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ|မြစ်ဝကျွန်းပေါ်ဒေသ]]အား ဆက်သွယ်ပေး ထားသည်။ ရွှေပြည်သာဘူတာသည် ရန်ကုန်-ပြည် မီးရထားလမ်းပေါ်တွင်တည်ရှိသည်။ အမှတ်(၄)လမ်းမကြီးသည် ရန်ကုန်မြို့၏အဓိကဝင်ရာထွက်ရာ လမ်းမကြီးများထဲတွင် အပါအဝင်ဖြစ်သည်။
 
[[Yangon Bus Service|YBS ယာဉ်လိုင်းများ]] ၆၅၊ ၉၇၊၃၉၊ ၉၄၊ ၇၈၊ ၄၂၊ ၇၇၊ ၄၀ စသောယာဉ်လိုင်းများသည် ရန်ကုန်မြို့တွင်းနှင့် ရွှေပြည်သာအား ဆက်သွယ်ပေးထားသည်။ အဓိကယာဉ်လိုင်း ၄၀ နှင့် ၆၅ တို့မှာ အားအထားရဆုံးဖြစ်သည်။ ၄၀ သည် ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း တစ်လျှောက်မှ သခင်မြပန်းခြံသို့လည်းကောင်း၊ ၆၅ သည် အင်းစိန်လမ်းမှ မြေနီကုန်း တာမွေ ကိုဖြတ်ကာ ဗိုလ်တထောင် သို့လည်းကောင်း ဆက်သွယ်ပေးထားသည်။ ၃၉၊ ၉၄ နှင့် ၇၈ တို့မှာ မြို့ပြင်ယာဉ်လိုင်းများဖြစ်သဖြင့် ခေတ်မီလေအေးပေးစက်တပ်ဆင်ပြီး ကားများဖြစ်သော်လည်း မြို့တွင်းနေလူထုအတွက် အားထားစရာမဖြစ်နိုင်ပေ။ မြို့နယ်တွင်းသည် အလွန်တရာကျယ်ဝန်းလှသဖြင့် အဓိကအနေနှင့် ဆိုင်ကယ်စီးနင်းသူ များပြားလှသည်။ ရေကြောင်းအနေဖြင့် ရန်ကုန်ရေကြောင်းဘတ်စ် ဆိုက်ကပ်ရန် သင်္ဘောဆိပ်မရှိသောကြောင့် ထိုပို့ဆောင်ရေးသည် သက်ရောက်မှုမရှိပေ။ ထို့အပြင် မီးရထားအသုံးပြုသူများ ရှိသော်လည်း ဘတ်စ်ကားအသုံးပြုသူနှင့် နှိုင်းယှဉ်ပါက အလွန်ပင်နည်းပါးလှသည်။
 
== လူနေထိုင်မှု ==