စထရွန်တီယမ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၆ -
| အက်တမ်အလေးချိန် =87.62 g.mol -1
| အီလက်ထရိုနက်ဂတစ်ဗတီး =1.0
| သိပ်သည်းဆ = 2.6 g.cm-3 at 20 °C
| အရည်ပျော်မှတ် = 769  °C
| အရည်ဆူမှတ် =1384  °C
| ဗင်န်ဒါဝေါလ်အချင်းဝက် =0.215 nm
| အိုင်ယွန်နစ်အချင်းဝက် = 0.113 nm (+2)
| အိုင်ဆိုတုပ် = 14
| ရှဲလ် = [ Kr ] 5s2
| အိုင်ရွန်နိုင်ဇေးရှင်းစွမ်းအင်= 549.2 kJ.mol -1(ပထမစွမ်းအင်)<br /> 1064 kJ.mol -1 (ဒုတိယစွမ်းအင်)
| တွေ့ရှိသူ =A. Crawford
| ခုနှစ် =၁၇၉၀ခုနှစ် *
စာကြောင်း ၂၇ -
စထရွန်တီယမ်(Strontium)သည် ပျော့ပျောင်းသော ငွေဝါရောင် alkaline-earth metal ဖြစ်သည်။ ပုံဆောင်ခဲ အသွင်သုံးမျိုးရှိပါသည်။ ရုပ်ဂုဏ် နှင့် ဒြပ်ဂုဏ်သတ္တိတို့မှာ ကယ်လစီယမ်၊ ဘေရီယမ် တို့နှင့် ဆင်တူပါသည်။ စထရွန်တီယမ်သည် ရေနှင့် တက်ကြွစွာ ဓါတ်ပြုနိုင်ပြီး လေနှင့် ထိတွေ့လျှင်လည်း အရောင်မှေးမှိန်တတ်ပါသည်။ ထို့ကြောင့် ၎င်းသတ္တုအား သဘာဝတွင် သီးခြားမတွေ့ရပဲ အခြားဒြပ်စင်များနှင့် ပေါင်းစပ်၍သာ တွေ့ရှိရပါသည်။ သေးငယ်သော စထရွန်တီယမ် အမှုန့်ကလေးများသည် လေမှာ လွယ်ကူစွာ လောင်ကျွမ်းရင်း စထရွန်တီယမ်အောက်ဆိုဒ် နှင့် စထရွန်တီယမ် နိုက်ထရိတ် တို့ကို ထုတ်လွှတ်ပါသည်။
 
== အသုံးပြုခြင်း ==
 
စထရွန်တီယမ်သည် ကယ်လစီယမ် ဘေရီယမ်တို့နှင့် ဆင်တူသော်လည်း ကုန်ကျစရိတ်မြင့်မားသောကြောင့် အသုံးချခြင်း နည်းပါးသည်။ လင်းလက်တောက်ပသော အချက်ပြမီးများ၊ မီးချူးမီးပန်းများ စသည့်လုပ်ငန်းများတွင် အနည်းငယ်အသုံးပြုသည်။ အများစုမှာ ကာဗွန်နိတ်အဖြစ် တီဗွီဖန်သားပြင် နှင့် ထူးခြားကောင်းမွန်သော ဖန်သားများထုတ်လုပ်ရာတွင် အသုံးပြုကြသည်။ စထရွန်တီယမ်၏ isotope တစ်ခုဖြစ်သော Strontium-90 မှာ အန္တရာယ်ရှိသော်လည်း အနုမြူ ဓါတ်ပေါင်းဖိုမှ ထွက်သောဘေးထွက်ပစ္စည်းမျာထဲတွင် အသုံးဝင်ဆုံးသော ဘေးထွက်ပစ္စည်းတစ်ခုဖြစ်ပါသည်။ ထို ဘေးထွက်ပစ္စည်းထဲမှ ထပ်ဆင့်လောင်စာကိုပင် ထုတ်ယူနိုင်ပါသေးသည်။ Strontium-90 ၏ စွမ်းအင်မြင့်မားသော ဓါတ်ရောင်ခြည်များကို လျှပ်စစ်ထုတ် ဂျင်နရေတာများ အစပျိုးလည်ပတ်စေရန် ကောင်းမွန်စွာအသုံးပြုနိုင်သည်။ သို့ဖြစ်ပါ၍ အာကာသစခန်းများ၊ မိုးလေဝသ ခန့်မှန်းစောင့်ကြည့်ရေး စခန်းများနှင့် လေကြောင်းထောက်လှမ်းရေးဌာနများတွင် ၎င်းနည်းပညာကို အသုံးပြုနိုင်ပါသည်။
 
== သဘာဝမှာတွေ့ရှိမှုအခြေအနေ ==
 
သဘာဝတွင်တွေ့ရှိရသော စထရွန်တီယမ်များမှာ မီးသင့်ကျောက်များ၏ ၀.၀၃၄ ရာခိုင်နှုန်း ဖြစ်သော တွင်းထွက်ဆာလဖိတ်ပုံစံ (Celestite, SrSO4) နှင့် ကာဗွန်နိတ် စထရွန်တီနိတ် (SrCO3) တို့ဖြစ်ကြသည်။ Celestite များကို အသင့်အတင့် အရွယ်အစားရှိသော အနည်ကျကျောက်လွှာများတွင် များစွာတွေ့ရသည်။ ကမ္ဘာတစ်ဝမ်းလုံးမှ သတ္တုတွင်းများတွင် တစ်နှစ်လျှင် စထရွန်တီယမ်အရိုင်း တန်ချိန် ၁၄၀ ခန့်မျှထုတ်လုပ်လျှက်ရှိသည်။ အစားအစာများတွင် စထရွန်တီယမ်၏ ပါဝင်မှုမှာ အလွန်းနည်းပါးသည်။ (ဥပမာအားဖြင့် ..ဂျုံတွင် (0.4 ppm) ၊ ဂေါ်ဖီထုတ် တွင် (45 ppm) ၊ ကြက်သွန်များတွင် (50 ppm)) ။
(1 ppm = 1 part per million = 1 microliter per liter)
 
== ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ ==
 
စထရွန်တီယမ်ကွန်ပေါင်းများတွင် ရေမှာပျော်ဝင်သောဒြပ်ပေါင်း နှင့် မပျော်ဝင်သော ဒြပ်ပေါင်းဟုရှိရာ ရေမှာပျော်ဝင်သော ဒြပ်ပေါင်းများက ဘေးဥပါဒ်ပို၍ဖြစ်စေတတ်သည်။ သောက်သုံးရေကိုလည်း ညစ်ညမ်းစေတတ်သည်။ သို့သော်လည်း သောက်သုံးရေတွင် ယင်း ဒြပ်ပေါင်းများ၏ ပါဝင်မှုမှာ မရှိသလောက်နည်းပါသည်။
စာကြောင်း ၅၀ -
ရေဒီယိုသတ္တိကြွသော စထရွန်တီယမ်မှာ သဘာဝတွင်မတွေ့ရသော်လည်း လူသားများ၏ အနုမြူဗုံး စမ်းသပ် ဖောက်ခွဲခြင်းများကြောင့် ယင်းအိုင်ဆိုတုပ်များ(isotopes) ၏ ပါဝင်ကိန်းမှာလည်း မြင့်တတ်လာခဲ့ပြီဖြစ်သည်။ အန္တရာယ်ရှိသော အိုင်ဆိုတုတ်များအား လျှော့ကျစေရန် ယင်းအိုင်ဆိုတုပ်များအား တည်မြဲသော ဇာကွန်နီယမ် (Zirconium) ဒြပ်စင်အဖြစ်သို့် ရေဒီယိုသတ္တိယို့ယွင်းစေနည်း (radioactive decay) ဖြင့်သာလျှင်ပြုလုပ်နိုင်သည်။<ref>ဒြပ်စင်အလှည့်ကျဇယားဘာသာပြန်ဆိုမှုပရောဂျက်တွင် ပါဝင်သူကိုမိုးဝင်း မှ ဘာသာပြန်ဆိုသည်။</ref>
{{Stub}}
== ကိုးကား ==
<references/>
{{ဒြပ်စင်အလှည့်ကျဇယား}}
 
[[Category:ဓာတုဗေဒ]]
[[Category:ဒြပ်စင်များ]]