ကင်းဝန်မင်းကြီး ဦးကောင်း: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၇၀ -
 
== အုပ်ချုပ်မှု ပြုပြင် ပြောင်းလဲရေး ==
ဒီမိုကရေစီဝါဒ ထွန်းကားသော ဥရောပနိုင်ငံများသို့အနောက်ဥရောပနိုင်ငံများသို့ သွားရောက်လေ့လာခဲ့သည့်အတိုင်း၊ မိမိနိုင်ငံ တိုးတက်ရေးအတွက် ဗြိတိန်နိုင်ငံကဲ့သို့ ဘုရင်၏ အာဏာကို ကန့်သတ်ကာ ဝန်ကြီးအဖွဲ့နှင့် တိုင်းပြည်ရေးရာများတွင် စီမံခန့်ခွဲသွားနိုင်သည့် စည်းမျဉ်းခံဘုရင်စနစ်တစ်ခုကို တီထွင်ရန် ကင်းဝန်မင်းကြီး ကြိုးစားခဲ့သည်။ သို့ဖြစ်၍လည်း မင်းတုန်းမင်းနတ်ရွာစံသောအခါတွင် မိမိ၏ ဩဇာညောင်းမည့် သီပေါမင်းသားကို ထီးနန်းဆက်ခံစေရန် သဘောတူခဲ့ခြင်းဖြစ်သည်။ ၁၂၄ဝ ပြည့်နှစ်တွင် သီပေါမင်း နန်းတက်ပြီးနောက် အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ကို စတင်ခဲ့သည်။ နိုင်ငံတော်အုပ်ချုပ်ရေးတွင် (၁၄)ဌာနခွဲပြီးလျှင် မိမိကမူ ကာကွယ်ရေးဌာနဟု ခေါ်ရမည့် ကြည်းတပ်များကို တာဝန်ယူအုပ်ချုပ်ကာ နိုင်ငံတော်၏ ကာကွယ်ရေးကို စီစဉ်ခဲ့သည်။
 
တိုင်းပြည်အုပ်ချုပ်ရာ၌လည်း လွှတ်တော်တွင် အခွင့်အာဏာများကို ပိုမိုရရှိအောင် ဆောင်ရွက်ခဲ့၏။ လွှတ်တော်အစည်းအဝေးတို့တွင် ဘုရင်ကိုယ်တိုင်သော်လည်းကောင်း၊ အိမ်ရှေ့မင်းသားသော်လည်းကောင်း၊ သဘာပတိအဖြစ် ဆောင်ရွက်မြဲဖြစ်သော်လည်း၊ မြင်ကွန်း၊ မြင်းခုံတိုင်အရေး ပေါ်ပေါက်ပြီးသည့် အချိန်မှစ၍ ဤအစဉ်အလာမှာ ပျက်ပြားသကဲ့သို့ရှိရာ လွှတ်တော်အစည်းအဝေးများတွင် ကင်းဝန်မင်းကြီးပင် ဦးဆောင်ခဲ့ရ၏။ အုပ်ချုပ်ရေးအသစ်မှာ ဘုရင်၏အာဏာကို ကန့်သတ်ရန်ဖြစ်သဖြင့် ကန့်သတ်ခြင်းမခံလိုသူတို့ဘက်မှ အတိုက်အခံများ ပေါ်ပေါက်ခဲ့၏။ သို့ဖြစ်၍လည်း သီပေါမင်းလက်ထက် နောက်ပိုင်းတွင် ကင်းဝန်မင်းကြီးမှာ တန်ခိုးမှိန်ကာ ဘုရင့်ယောက္ခမ ဆင်ဖြူမရှင်အမှူးရှိသော တိုင်တားမင်းကြီးတို့က ဩဇာထက်၍ လာလေသည်။ ဤသို့အားဖြင့် အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို ကင်းဝန်မင်းသည် စိတ်တိုင်းကျ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပေ။