ကင်းဝန်မင်းကြီး ဦးကောင်း: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၃ -
}}
[[File:Kinwun Mingyi portrait.jpg|thumb|ကင်းဝန်မင်းကြီး ဦးကောင်း]]
မြန်မာဘုရင်တို့၏ သက်ဦးဆံပိုင် အုပ်ချုပ်နည်းကို ပြုပြင် ပြောင်းလဲကာ ဗြိတိန် နိုင်ငံကဲ့သို့ ဘုရင်နှင့်အစိုးရအခွင့်စွမ်းမျှဝေသောအုပ်ချုပ်ရေးနည်းသစ်ကို လိုလားသူ
မြန်မာ ဘုရင်တို့၏ သက်ဦးဆံပိုင် အုပ်ချုပ်သော စနစ်ကို ခေတ်နှင့် အညီ ပြုပြင် ပြောင်းလဲကာ အနောက်တိုင်း နိုင်ငံများကဲ့သို့ အစိုးရဝန်ကြီးအဖွဲ့ဖြင့် အုပ်ချုပ်ရေး စနစ်သစ်ကို လိုလားသူ [[ကင်းဝန်]]မင်းကြီး ဦးကောင်းသည် မြန်မာနိုင်ငံ သမိုင်းတွင်သာမက မြန်မာ စာပေတွင်လည်း အထူးပင် ထင်ရှားလှသော ပညာရှိ တစ်ဦးဖြစ်သည်။ မြန်မာပြည်၏ နောက်ဆုံး မင်းဆက်များ ဖြစ်ကြသော [[မင်းတုန်းမင်း]]နှင့် [[သီပေါမင်း]]တို့၏ လက်ထက်တွင် နိုင်ငံ့တာဝန်ကို စွမ်းစွမ်းတမံ ထမ်းရွက်ကာ ထင်ပေါ် ကျော်ကြားလှသော သတိုးမင်းကြီး မဟာမင်းလှစည်သူ ဘွဲ့ခံ ကင်းဝန်မင်းကြီးမှာ ဗြိတိသျှတို့ အထက် မြန်မာပြည်ကို သိမ်းပိုက် ပြီးစဉ် ခေတ်က လူသိအများဆုံး ပုဂ္ဂိုလ် ဖြစ်ခဲ့သည်။ အဖြစ်မှန်ကို မသိသူအချို့က “ '''ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ် '''” ဟူသော စာအရ ကင်းဝန်မင်းကြီးသည် အထက်မြန်မာပြည်ကို ဗြိတိသျှတို့လက်သို့ လက်သိပ်ထိုး အပ်ခဲ့သည်ဟု အယူမှားကာ သိနားလည် ခဲ့ကြသည်။ အထက်ပါ လင်္ကာ၏ အနက်မှာ ဦး = တနင်္ဂနွေနံ = ၁ ၊ ကောင်း= တနင်္လာနံ = ၂ ၊ လိမ် = ဗုဒ္ဓဟူးနံ = ၄ ၊ ထုတ် = စနေနံ= ၇ ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ်၊ အေဒီ ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဦးကောင်း ကြောင့် အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ရသည့် အဓိပ္ပာယ်အား ရည်ညွန်း ချိုးနှိမ်ထားခြင်းဖြစ်သည်။ <ref>သီပေါမင်း ပါတော်မူခြင်း-အမျိုးသား ပညာဝန်ဦးဖိုးကျား</ref>
 
အမှန်မှာ [[ကုန်းဘောင်ခေတ်]]နောက်ပိုင်းတွင် ခေတ်မမှီပဲ နောက်ကျကျန်ခဲ့သည့် မြန်မာနိုင်ငံကို ခေတ်မှီတိုးတက်လျက်ရှိသော အခြား နိုင်ငံတို့နှင့် ရင်ဘောင်တန်းနိုင်အောင် စီမံအုပ်ချုပ်ရေး ၊ တရားစီရင်ရေး ၊ နိုင်ငံခြား ဆက်သွယ်ရေး ၊ ပြုပြင် ပြောင်းလဲရေးတို့ကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သည့် ရှေးမြန်မာကြီးများတွင် ကင်းဝန်မင်းကြီးသည် ထင်ရှားစွာ ပါဝင်ခဲ့လေသည်။