ကင်းဝန်မင်းကြီး ဦးကောင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၉ -
 
== ငယ်စဉ်ဘဝ ==
ယခု ပုလဲနှင့်[[ပုလဲ]]နှင့် [[ဆားလင်းကြီး]] မြို့နယ်များ ဖြစ်သော ဗန့်ကျီတိုက်နယ် ၊ဆင်ရှင်မြို့နယ် မုန်တိုင်ပင်ရွာ (သက္ကရာဇ် ၁၂၃၃-ခုနှစ်အတွင်း “အဂ္ဂမဟာသေနာပတိ ဝန်ရှင်တော်မင်းကြီး” ဟူသော အမည်ဖြင့် ကျော်စော ထင်ရှားလာသောအခါ မင်းကြီး၏ ချက်ကြွေရာဒေသဖြစ်သော “မုန်တိုင်ပင်ရွာ” ကို “မင်းတိုင်ပင်ရွာ” ဟုပြောင်းလွဲ ခေါ်ဝေါ်ကြကုန်၏။) ဇာတိ ဖြစ်၍ အဖမှာ အတွင်းခြောက်စု နတ်သျှင်ရွေးတပ်တွင် အမှုထမ်းသော သွေးသောက်ကြီး ဦးမှို ၊ အမိ ဒေါ်နှင်းဆီတို့မှ ၁၁၈၃ ခု ၊ တပို့တွဲလဆန်း (၁၂) ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်သည်။ ငယ်မည်မှာ မောင်ချင်းဖြစ်၍ ညီအစ်ကို မောင်နှမ (၇) ယောက်အနက် ဒုတိယသား ဖြစ်သည်။ အသက် (၇) နှစ်တွင် ငှက်ပျောတော ကျောင်းထိုင်ပုဂ္ဂိုလ် ခင်ကြီးစံထံတွင် ပညာသင်ကြား၍ အသက် (၁၀) နှစ်တွင် ရှင်သာမဏေ ဖြစ်သည်။ မိမိဖခင်၏ တပ်တွင် အမှုထမ်းရန် တာဝန်ရှိသော်လည်း သာသနာ့ဘောင်သို့ တက်ရောက်သဖြင့် စစ်မှု မထမ်းခဲ့ရပေ။ ရဟန်းဘွဲ့မှာ ဦးအာလောက ဖြစ်သည်။ ကိုရင် ဘဝနှင့် ရဟန်းဘဝတို့တွင် စာပေ ပရိယတ္တိတို့၌ လွန်စွာ စိတ်အား ထက်သန်၍ ရဟန်းခံပြီး မကြာမီအတွင်း အမရပူရမြို့ [[သာသနာပိုင်]] [[ဗားကရာ ဆရာတော်]]၏ ကျောင်းတိုက်တွင် သီတင်းသုံးခဲ့သည်။
 
== ကိုရင်ဘဝ ==
မောင်ချင်း ၇-နှစ်သား အရွယ်သို့ရောက်လျှင် အမိအဖတို့က မုန်တိုင်ပင်ရွာ၏ မြန်မာခရီး ၁-တိုင်ခန့်ကွာသော ငှက်ပျောတောရွာ ကျောင်းထိုင် ပုဂ္ဂိုလ်ဦးဆန်းထံတွင် စာပေသင်ကြားရန် အပ်နှံကြလေသည်။ သက္ကရာဇ် ၁၁၉၃-ခုနှစ် အသက် ၁၀-နှစ်သားအရွယ်သို့ရောက်လတ်သော် မောင်ချင်းကို ထိုကျောင်း၌ပင် သျှင်သာမဏေပြုကြ၍ ဆရာ-ဘုန်းတော်ကြီးဦးဆန်းက “အာသဘ” ဟု ဘွဲ့ချီတော်မူလေသည်။