ဂဠုန်ဦးစော: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၄ -
 
|-
|colspan="2" align="center"|[[ImageFile:u saw.jpg|180px]]
|-
|'''မွေးနေ့'''
စာကြောင်း ၃၄ -
|}
 
= ငယ်စဉ်ဘဝ =
နန်းရင်းဝန်ဟောင်း ဂဠုန်ဦးစောကို အုတ်ဖိုမြို့နယ် ကိုင်းကြီးရွာ၌ အဘမြေပိုင်ရှင် ဦးဖိုးကြူး၊ အမိ ဒေါ်ပန်းတို့မှ ၁၉၀၀ ပြည့်နှစ်၊ မတ်လ (၁၆)ရက် (မြန်မာ သက္ကရာဇ် ၁၂၆၂ ခု၊ ကဆုန်လပြည့်ကျော် (၄)ရက်) ဗုဒ္ဓဟူးနေ့ ည (၇)နာရီ (၃၀) မိနစ်တွင် ဖွားမြင်သည်။ မွေးချင်းလေးယောက်အနက် ဒုတိယမြောက်ဖြစ်သည်၊ ကြို့ပင်ကောက်မြို့ ရိုမန်ကက်သလစ် သာသနာပြုကျောင်း၌ သတ္တမ တန်းအောင်မြင်သည် အထိ ပညာသင်ကြားခဲ့သည်။
ထို့ပြင် အင်္ဂလိပ်စာကို ကာလကတ္တား (ယခု ကိုးလ်ကတ္တား) မြို့သို့ သွားရောက် သင်ကြားခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် တတိယတန်း ရှေ့နေ စာမေးပွဲ အောင်မြင်ကာ ရှေ့နေလိုက်ခဲ့သည်။
 
= နိုင်ငံရေး =
 
== လွတ်လပ်ရေးကြိုးပမ်းမှုကာလ ==
သာယာဝတီမြို့မ ဝံသာနုကောင်စီတွင် စက္ကရီတေရီ အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
၁၉၂၁ ခု ဂျီ၊ စီ၊ ဘီ၊ အေ အကွဲတွင် ဖခင် ဦးဖိုးကြူး နှင့်အတူ (၂၁)ဦးအဖွဲ့ ဘက်က ပါဝင်သည်။
စာကြောင်း ၅၄ -
၁၉၃၇ ခု၊ မေလ (၁၂) ရက်နေ့တွင် ဂဠုန်ဦးစောနှင့် ဇနီးဒေါ်သန်းတင်တို့က အိန္ဒယ ခေါင်းဆောင် ပန်ဒစ်ဂျဝါဟလာနေရူးနှင့် သမီး အင်ဒီရာဒေဝီတို့အား ဧည့်ခံဂုဏ်ပြုခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် သူရိယသတင်းစာ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်သည်။ သူရိယသတင်းစာ အယ်ဒီတာချုပ်အဖြစ် ဩဇာကြီးမား လာသည်နှင့်အမျှ သတင်းစာ၏ မူဝါဒကို ၄င်းစိတ်ကြိုက် ပြောင်းလဲခဲ့သည်။
 
၁၉၃၆ ခုတွင် ဂဠုန်စစ်သူကြီးဘွဲ့ခံကာ ဂဠုန်တပ်၏ ဗိုလ်ချုပ် အဖြစ်ဆောင်ရွက်သည်။ ၁၉၃၆ ခု ဒုတိယ ကျောင်းသား သပိတ်ကာလတွင် ကျောင်းသားများနှင့် ရင်းနှီးမှုရရန် ကြိုးစားခဲ့သည်။ ၁၉၈၃ ခု၊ မတ်လတွင် မျိုးချစ်ပါတီကို ဖွဲ့စည်းခဲ့သည်။ မျိုးချစ်ပါတီဌာနချုပ်ကို သူရိယသတင်းစာ တိုက်မျက်နှာချင်းဆိုင် နေရာနှင့် ဦးစော၏ မရမ်းကုန်းမြို့နယ်ရှိ အေဒီလမ်း (ယခု မေခလမ်း) အမှတ် (၄) နေအိမ်တွင်ထားရှိသည်။ မျိုးချစ်ပါတီတွင် ဝတ်လုံတော်ရ ဦးအေး၊ ဖျာပုံသူဌေး၊ ဦးအုန်းခင်၊ ဟင်္သာတဦးမြ၊ ပဲခူးဦးစိန်ဝင်းတို့ ခေါင်းဆောင်များ အဖြစ်ပါဝင်သည်။
 
၁၉၃၉ ခု၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် ဒေါက်တာဘမော် ဦးဆောင်သော ညွန့်ပေါင်း အစိုးရအား အယုံအကြည်မရှိအဆို ထပ်မံတင်သွင်းရာ (၇၀) မဲ၊ (၃၇) မဲဖြင့် အနိုင်ရသည်။ ၁၉၃၉ ခု၊ မေလ (၃၀) ရက်နေ့တွင် ရွှေကျင်ဦးပု ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့၌ ဦးစောသည် လယ်ယာနှင့် သစ်တောရေးရာ ဝန်ကြီးဖြစ်လာသည်။ ၁၉၄၀ ပြည့်နှစ်၊ စက်တင်ဘာလ (၉)ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် နန်းရင်းဝန် ရွှေကျင်ဦးပုအား အယုံအကြည်မရှိ အဆို ထပ်မံတင်သွင်းပြီး ရာထူးမှ ဖြုတ်ချကာ ဦးစောကိုယ်တိုင် နန်းရင်းဝန်အဖြစ် အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့သည်။ နန်းရင်းဝန် (ဝန်ကြီးချုပ်) ဖြစ်စဉ်က ဦးစောသည် မြန်မာအမျိုးသမီးများကို စောင့်ရှောက်ရန် ဥပဒေတစ်ခု ပြဌာန်းခဲ့သည်။ ယင်းဥပဒေမှာ “ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများ ထိမ်းမြားလက်ထပ်ခြင်းဥပဒေ”ဖြစ်သည်။ ၁၉၄၀ ပြည့်နှစ်တွင် ဗိုလ်မှူးကြီး စူဇူကီး (ဗိုလ်မိုးကြိုး)မြန်မာနိုင်ငံသို့ လာရောက်သောအခါ ဦးစောသည် ဗိုလ်မှူးကြီး စူဇူကီးအား ခေါ်ယူတွေ့ဆုံကာ မြန်မာ့လွတ်လပ်ရေးအတွက် ဂျပန်ထံမှ အကူအညီများ လိုချင်ကြောင်း ပြောကြားခဲ့သည်။
စာကြောင်း ၆၆ -
အစိုးရအဖွဲ့မှ နုတ်ထွက်ပြီးနောက် သခင်ဗစိန်၊ ဒေါက်တာဘမော်တို့နှင့်အတူ “မဟာဗမာ”အဖွဲ့ ဖွဲ့စည်း၍ ဖဆပလအတိုက်အခံအဖြစ် ဆောင်ရွက်သည်။ ထိုစဉ်က မဟာဗမာအဖွဲ့ကို စာနယ်ဇင်းများတွင် “စောစိန်မော်ဂုဏ်း”ဟု ကင်ပွန်းတပ်ခံရသည်။
 
== အာဇာနည်ခေါင်းဆောင်ကြီးများကို လုပ်ကြံမှု ==
 
ထို့နောက် ၁၉၄၇ ခု၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ဂဠုန်ဦးစောသည် သူ၏နောက်လိုက်များအား ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို လုပ်ကြံရန် စေခိုင်းခဲ့သည်။
စာကြောင်း ၇၃ -
ကျန်တရားခံများဖြစ်သော ဂဠုန်ဦးစော၊ သက်နှင်း၊ မောင်စိုးနှင့် မှုန်ကြီးတို့အား အင်းစိန်အကျဉ်းထောင်တွင် လည်းကောင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့အား ရန်ကုန်အကျဉ်းထောင် (ယခု ရန်ကုန် အထွေထွေရောဂါ ကုဆေးရုံနေရာ)တွင်လည်းကောင်း၊ ၁၉၄၈ ခု၊ မေလ (၈) ရက်နေ့ အရုဏ်တက်ချိန ်(၅)နာရီခွဲတွင် တစ်ချိန်တည်း ကြိုးဒဏ် စီရင်ခဲ့လေသည်။
 
== ဘဝနိဂုံး ==
 
ဦးစောသည် သူ့အားပေးသော နံနက်လက်ဖက်ရည်ကို အခန်း၌ ဆွမ်းတော်ကပ်ခဲ့သည်။ ဖယောင်းတိုင်သုံးတိုင် ထွန်းညှိပြီး ပူဇော်ခဲ့သည်။ ပြီးမှ အပြင်တွင် စောင့်နေကြသော အကျဉ်းဌာန မင်းကြီးဦးဘမောင်၊ ဆရာဝန်၊ တရားသူကြီး၊ အင်းစိန်ခရိုင်ဝန်၊ ခရိုင်ရဲဝန်၊ ထောင်အာဏာပိုင်များ စသည်တို့ကို ပြုံးရွှင်စွာ နှုတ်ဆက်သည်။ ဦးစောသည် ရှမ်းဘောင်းဘီ အပြာရောင်ကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည်။ ကြိုးစင်ရှိရာ ထွက်ခွာလာစဉ် အကျဉ်းထောင် အဆောင်များအလယ်ရှိ ဘုရားရုပ်ပွားတော်တစ်ဆူ ကိုးကွယ်ထားရာကို လွန်လာသဖြင့် ပြန်လှည့်၍ ဒူးတုပ်ဝပ်ချသည်။ ထို့နောက် ကြိုးစင်ဘက်သို့ ဆက်လက်ထွက်ခွာရာတွင် မြင်ရာလူကို လှမ်းပြီး နှုတ်ဆက်သည်။ အထူးခုံရုံး နာယက ဦးကျော်မြင့်နှင့်တကွ သူ့ကိုတာဝန်အရ ဆောင်ရွက်ရသည့် သူများအား မုန်းထားမှု မရှိပါဟု မှာကြားခဲ့သည်။ ထို့နောက် တည်တည် ငြိမ်ငြိမ်ပင် ကြိုးစင်ပေါ်သို့ တက်သွားလေသည်။
စာကြောင်း ၇၉ -
 
<ref>[[သန်းဝင်းလှိုင်]]၏ ဂဠုန်ဦးစော၏ နောက်ဆုံးနေ့များ စာအုပ်(၂၀၀၉-ခုနှစ်)</ref>
[[ImageFile:u saw2.jpg|thumb|[[ရန်ကုန်အကျဉ်းထောင်]]ကြိုးစင်၌ ကြိုးပေးခံရပုံ]]
 
== ရည်ညွှန်းကိုးကား ==
<references/>
 
[[Category:အတ္ထုပ္ပတ္တိ]]
[[Category:မြန်မာပြည်]]
[[Category:နိုင်ငံရေးသမားများ]]