ဆင်ဝါးနောင်၊ ဆမားဒူးဝါ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
== ပြည်နယ် ခေါင်းဆောင်တဦး ဖြစ်သူ မျိုးချစ်ကြီး ဆမားဒူးဝါး ဆင်းဝါးနောင် ==
[[imageFile:samaduwa.gif|thumb|ဆမားဒူဝါး ဆင်းဝါးနောင်]][[ကချင်ပြည်နယ်]] ခေါင်းဆောင်ကြီး ဖြစ်ခဲ့သူမှာ ဆမားဒူဝါး ဆင်းဝါးနောင် ဖြစ်သည်။
 
ဆမားဒူးဝါး ဆင်းဝါးနောင်သည် [[မြစ်ကြီးနားခရိုင်]] ဆမားထုတွင် မွေးဖွားသည်။ အဘ ဆမားဒူဝါး ဂွမ်းဆိုင်းလီ၊ အမိ ဆမားဒူဂွျန်မရွမ်ထုတို့ ဖြစ်သည်။ ဆမားဒူဝါး ဆင်းဝါးနောင်ကို ၁၂၇၆ ခု၊ တပိုတွဲလဆုတ် ၃ ရက် (၁ - ၂ - ၁၉၁၅) တနင်္လာတွင် ဖွားမြင်ခဲ့သည်။ မွေးချင်း အားလုံး ၃ ယောက်ရှိသည့် အနက် ဒုတိယမြောက် သားဖြစ်သည်။ အစ်ကိုကြီးမှာ ကွယ်လွန်သွားပြီ ဖြစ်၍ နှမ တစ်ဦးမှာ မြစ်ကြီးနားတွင် ရှိသည်။
စာကြောင်း ၁၄ -
ဆမား ဒူဝါး ဆင်းဝါးနောင်တွင် ပထမဇနီး ကချင် အမျိုးသမီးနှင့် သားသမီး ၂ ယောက်ရရှိသည်။ ဒုတိယဇနီး မြန်မာ အမျိုးသမီး ဒေါ်အုန်းရီနှင့် သားသမီး ၆ ယောက် ရရှိခဲ့သည်။
 
== ဘဝနိဂုံး ==
တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် အမျိုးသား ညီညွတ်ရေးတွင် ရှေ့တန်းက တက်တက်ကြွကြွ ပါဝင်ခဲ့သော မျိုးချစ် ခေါင်းဆောင် တဦး ဖြစ်ခဲ့သူ ဆမား ဒူဝါး ဆင်းဝါးနောင်သည် [[နှလုံးရောဂါ]]ကြောင့် [[ရန်ကုန်ဆေးရုံကြီး]]တွင် တက်ရောက် ကုသခဲ့ရာမှ အသက် ၅၇ နှစ် အရောက် ၁၉၇၁ ခု၊ အောက်တိုဘာလ ၁၈ ရက် နံနက် ၅ နာရီ ၃၅ မိနစ်အချိန် တနင်္လာနေ့တွင် ရန်ကုန် ဆေးရုံကြီး၌ပင် ကွယ်လွန် အနိစ္စ ရောက်သွားရှာသည်။ အလောင်းကို [[မြစ်ကြီးနား]]သို့ ပို့၍ သင်္ဂြိုဟ်သည်။
 
<ref>ရွှေဥဩရဲ့ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’ စာအုပ် ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စပယ်ဦး စာပေ(တတိယ အကြိမ်)</ref>
== ကိုးကား ==
<references/>