မြသလွန်ဘုရား: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
စာကြောင်း ၃၁ -
တောနက်ကြီးတစ်ခု၌ နေသော ဘောသော၊ ဘောကျော်၊ ဘောသူရ၊ ဘောရသမည်သော ဘီလူးညီနောင် ၄ ဦးတို့သည် မြတ်စွာဘုရားထံ ကြစုဖန်ခါးသီးများ သွားရောက်လှူဒါန်း၍ ဘုရားသခင်၏ တရားတော်ကို နာကြားရသဖြင့် အကျွတ်တရားရကုန်၏။ တရားနာပြီးသော် ဘုရားသခင်အား ကိုးကွယ်ရာ အမွေတစ်စုံတစ်ခု ပေးသနားတော် မူပါရန် လျှောက်ထားသည်တွင် မြသားလွန်တော်ကို ပေးအပ်လေတော့၏။ ဘီလူးညီနောင်တို့လည်း အားရ ရွှင်လန်းစွာဖြင့် သလွန်တော်ကို ပင့်ဆောင်ကာ မကွေးမြို့ဖက်ကမ်းရှိ မိမိတို့နေရာ တောကြီးအတွင်း၌ ဌာပနာ၍ ဘုရားတည်ကိုးကွယ်ကြသည်။ သို့သော် နေရာမှန် မဟုတ်သည့်အတွက် သိကြားမင်းသည် သူ၏တန်ခိုးဖြင့် ထိုဘုရားကိုဖြိုကာ မြသလွန်တော်ကို ပင့်ဆောင်သွားခဲ့ရာ ယခုထက်တိုင်အောင် ထိုဘုရားပြိုရှိသောနေရာကို အမှီပြု၍ ဘုရားပြိုရွာဟု တည်ရှိနေပေသေးသည်။
သိကြားမင်းသည် ဘီလူးတို့ တည်ထားသော ဘုရားကိုဖျက်ကာ မြသားသလွန်တော်ကို ယူ၍ ဧရာဝတီမြစ်ကမ်းတွင် သိတင်းသုံးနေကြသော ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ၊ ဒ္ဒိဗ္ဗဃာနမည်သော ရသေ့ကြီး သုံးဦးထံ သို့ ပင့်ဆောင် သွားလေသည်။ ထိုနောက် ကဿပဘုရား လက်ထက်တော်အခါက ရွှေသား သလွန်တော်ကို
ထိုရသေ့မြတ်သုံးပါးတို့ သီတင်းသုံးတော်မူရာ နေရာနှင့် မကွာဝေးသောနေရာတွင် မဟာဂါမမည်သော ရွာကြီးတစ်ရွာရှိ၏။ ထိုရွာကြီးတွင် ကုဋေများစွာ ကြွယ်ဝသည့် သုဘောဂဟူသော သူဌေးကြီးတစ်ဦးရှိရာ ရသေ့တို့၏ ပစ္စည်းလေးပါးဒါယကာဖြစ်၏။ တစ်နေ့သ၌ သူဌေးကြီးသည် ရသေ့သုံးဦးထံ ရောက်သွား၍ ဘုရားသခင်၏ သလွန်တော် ဌပနာရာ နဂုတ္တမ တောင်ထိပ်တွင် စေတီတည်ပါရန်လျှောက်ထားလေသည်။ သို့သော် လူဝင်စားများ ဖြစ်ကြသည့် ဘီလူးညီနောင်တို့နှင့် တိုင်ပင်၍ ပူးပေါင်းစေတီတည်မှသာ ထမြောက်အောင်မြင်မည့် အကြောင်းကို မိန့်ကြားလေသည်။ ထိုကြောင့် သူဌေးကြီးသည် လူဝင်စား ဘီလူးညီနောင်တို့အား
မည်သူမည်ဝါဟူ၍ မသိဘဲ ရှာဖွေရတော့၏။ သူဌေးကြီးတွင် အဆင်းအင်္ဂါ တင့်တယ်လှပသည့် ပုဏ္ဏဝတီမည်သော သမီးတစ်ယောက် ရှိ၏။ သူဌေးသမီးလည်း လူဝင်စားဘီလူးညီနောင်တို့အား ထိုမှဤမှ ရွာစဉ် လျှောက်၍ ရှာဖွေသော်လည်း မတွေ့သည့်အဆုံး၌
ထိုမှတစ်ဖန် ပုဏ္ဏဝတီသည် နဂုတ္တမတောင်သို့ တက်ကာ မြသားသလွန်ကို ရှိခိုးပူဇော်ပြီးလျှင် မြောက်ဘက်စူးစူး တစ်မိုင်ခန့် ဝေးသောကုန်းမြင့်တစ်ခုသို့ ရောက်လေသော် ငါ၏ လင်လောင်းလျာ ဘောကျော်ဆိုသူ လူဝင်စားသည် ယခုအခါ အဘယ်အရပ်တွင် ရှိလိမ့်မည်နည်းဟု မျှော်မှန်း တောင့်တလေသည်။
|