ဇော်ဂျီ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
ဇော်ဂျီဖောင့် အတွက်စာမျက်နှာမဟုတ်ပါ။ ဇော်ဂျီဖောင့်နှင့် ပက်သက်၍ ကြည့်ရှုလိုလျှင် [[ဇော်ဂျီဖောင့်]] သို့သွားပါ။
== ဇော်ဂျီ ==
ဇော်ဂျီဆိုသည်မှာ ပါဠိ သက္ကတနွယ်- ဟိန္ဒီစကားလုံး ဇောဂီ(ယောဂီ) မှ ဆင်းသက်လာပုံရသည်။ ` စက္ခု သင်္ဃာ အရိယာနှင့် ဆရာပုဏ္ဏား ဇော်ဂီအားလည်း´ ဟူ၍ ဓမ္မပါလပျို့တွင် တွေ့ရှိရလေသည်။ `ပုဏ္ဏားဇော်ဂီ တပသီနှိုက်´ဟူ၍၎င်း၊ ရွှေဟင်္သာမင်းပျို့တွင် `ရပ်ရှစ်ပါးမှ ပုဏ္ဏားဇော်ဂီ´ဟူ၍၎င်း သံဝရပျို့တွင် ဇော်ဂျီတို့ အကြောင်းအဖွဲ့များ တွေ့နိုင်ပေသည်။ အချို့ပညာရှိ ပုဂ္ဂိုလ်များက ဇော်ဂျီနှင့် ဝိဇ္ဇာဓိုရ်တို့သည် တစ်ဘာသာစီ ဖြစ်သည်ဟု ဆိုလေသည်။ ဝိဇ္ဇာဓိုရ်သော ဇော်ဂျီသည် တစ်ကိုယ်မှ အများဖြစ်နိုင်၏။ ကွယ်ပျောက်နိုင်၏။ တိုင်းခြားအရပ်ကို ရောက်နိုင်၏။ မြေလျှိုးမိုးပျံ နိုင်၏။ ကောင်းကင်ဝယ် ငှက်ကဲ့သို့ ပျံနိုင်၏။ `လ´ကို၎င်း၊ `နေ´ကို၎င်း လက်ဖြင့် သုံးသပ်နိုင်၏ ဟူ၍ သမန္တစက္ခုဒီပနီကျမ်းတွင် တွေ့ရသည်။
 
ဇော်ဂျီသည် ဓာတ်လုံးနှင့် ဆေးတောင်ဝှေး အကူအညီဖြင့် မြေလျှိုး၍ မိုးပျံနိုင်သည်ဟု အဆိုရှိသည်။ မြေလျှိုးမိုးပျံနိုင်သော လူသား အတတ်ပညာရှင်တစ်ဦးဟု ခေါ်ဆိုနိုင်ပေသည်။ ဆုတောင်းခန်းပျို့တွင် `တရိသုလိ၊ ဇော်ဂီပုဏ္ဏား၊ သုံးစွဲထားသား၊ သစ်သားသုံးခွ၊ တိဒဏ္ဍနှင့်´ ဟု ပါရှိပုံကို ထောက်လျှင် ဇော်ဂျီတောင်ဝှေး သည် ယနေ့တွေ့နေရသကဲ့သို့ စင်းလုံးချောမဟုတ်ဘဲ သုံးခွလှံ တောင်ဝှေးမျိုး ဖြစ်တန်ရာသည်။ ဇော်ဂျီတွင် မှတ်ဆိတ်မွှေး လည်းရှိသည်။
 
ဇော်ဂျီတွင် ထူးခြားသည့် အချက်တစ်ချက်ရှိသည်မှာ ဇော်ဂျီတွင် အမဟူ၍ မရှိဘဲ ဇော်ဂျီအထီးများသာ ရှိခြင်းဖြစ်ပေသည်။
<ref>စံထွန်းအောင်၏ (ပြည်ထောင်စု ကျေးလက်ပျော်ရွှင်မှုများ) စာအုပ်မှ</ref>
 
 
ဇော်ဂျီ ဆိုသည့်ပုဒ်သည် ယောဂီပုဒ်မှ ဆင်းသက်လာသည်။ (သဒ္ဒါမှာ ဂ၀ယော ပုဒ်မှနေ ဂ၀ဇော ဖြစ်လာသကဲ့သို့ ဒေါဓဿစသုတ် အဖွင့်အရ ယကို ဇ ပြုသည်။) ယောဂီမှ ဇောဂီ ဖြစ်လာပါသည်။ ယောဂီ ဆိုသော ပါဠိစကားလုံးကို သက္ကတ အသံပျက်နှင့် မြန်မာများက ဇော်ဂျီဟု ဖတ်လိုက်ကြသည်။ ယောဂတရား အားထုတ်နေသူဟု အဓိပ္ပါယ်ရသည်။
 
ယောဂတရား ဆိုသည်မှာ သမထတရား ၊ ဈာန်တရား သမာဓိတရားဖြစ်သည်။ ယောဂအကျင့် ကျင့်နေသူ မှန်သမျှကို ယောဂီ ခေါ်ရသလို ဇော်ဂျီ လို့လဲ ခေါ်နိုင်ပါသည်။
 
== ကိုးကား ==
<references/>
{{၃၁-ဘုံ}}
 
[[Category:မြန်မာပြည်]]
[[Category:မြန်မာ့ ဓလေ့ထုံးစံ]]