ပအိုဝ်းလူမျိုး: တည်းဖြတ်မှု မူကွဲများ

→‎လူပျိုအပျိုဘဝနှင့် မင်္ဂလာလက်ထပ်ပွဲ: ရေနွေးကြမ် မှ ရေနွေကြမ်းသို့ စာလုံးပေါင်းအမှန်အဖြစ်သို့ ပြုပြင်လိုက်သည်။ PK (phaykyaw)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၂ -
ပအိုဝ်းတို့သည် ကရင်မျိုးတို့တွင် လူဦးရေအားဖြင့် တတိယ အများဆုံးဖြစ်သည်။ ပအိုဝ်းတို့ကို မြန်မာနိုင်ငံ အရှေ့ဘက်နယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ၊ တောင်ပိုင်းရှမ်းပြည်နယ် အလယ်ပိုင်းနှင့် အနောက်ဘက် နယ်စပ်ဒေသတို့တွင် အနှံ့အပြားတွေ့ရှိရသည်။ ပအိုဝ်းတို့၏ အချက်အချာဒေသ ၂ ခုမှာ [[သံလွင်မြစ်]]အောက်ပိုင်း ပတ်ဝန်းကျင်ဒေသများနှင့် တောင်ပိုင်းရှမ်းပြည်ရှိ သထုံနယ်တို့ဖြစ်သည်။ မြန်မာနိုင်ငံ အောက်ပိုင်းရှိ ကျိုက္ခမီခရိုင်နှင့် သထုံခရိုင်တို့တွင် ပအိုဝ်းလူမျိုး အများဆုံး နေထိုင်ကြသည်။ [[တောင်ငူခရိုင်]]၊ [[ပဲခူးခရိုင်]]၊ [[ဖားအံခရိုင်]]၊ [[ကယားပြည်နယ်]]နှင့် [[ကော့ကရိတ်မြို့နယ်]] လခတို့တွင်လည်း ပအိုဝ်းလူမျိုးများ အနှံ့အပြား နေထိုင်ကြသည်။ မြန်မာနိုင်ငံမှအပ [[ထိုင်းနိုင်ငံ]]၊ [[ကမ္ဘောဒီးယားနိုင်ငံ]]များနှင့် [[မဲခေါင်မြစ်]] အောက်ပိုင်းဒေသတို့တွင်လည်း ပအိုဝ်းများ အထင်အရှား ရှိလေသည်။
[[ဖိုင်:PaO Grandma.jpg|thumb|ထမ်းဆန်းဂူ စတုဒီသာရှိ လုပ်အားပေး ပအိုဝ်း အဖွားအို၊ ဟိုပုံး၊ [[ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ]]၊ ရှမ်းပြည်နယ်]]
မြန်မာနိုင်ငံတောင်ပိုင်း သထုံခရိုင်သည် ပအိုဝ်းတို့၏ မူလဇာတိဒေသဖြစ်သည်။ လက်ရှိသထုံမြို့ကျက်သ‌ရ‌ေ‌ဆာင်‌လေးဆူဓာတ်စံ ရွှေစာရံစေတော်မြတ်ကြီးအားတည်ထားသော သူရိယစန္ဒာမင်းသည် ပအိုဝ်းတောင်သူလူမျိုးဖြစ်ပြီး၊ မွန်တို့မတိုင်မှီ ပထမသုဝဏ္ဏဘူမိနိုင်ငံတော်တွင် ပအိုဝ်းမင်းဆက်ပေါင်း (၁၅၈) ဆက်ထိအုပ်ချုပ်စိုးစံခဲ့သည်ဟုသာသနာအစသထုံကစာအုပ်တွင်ရေးသားဖော်ပြထားသည်။ ဒဏ္ဍာရီပုံပြင်များအရ [[ပုဂံပြည်]]သို့ [[အနော်ရထာ]]မင်း သုံ့ပန်းအဖြစ် ဖမ်းယူသွားသော သထုံပြည့်ရှင် [[မနူဟာမင်း]]သည် မွန် - ပအိုဝ်ကပြားဟု ဆိုသည်။ မနူဟာမင်းကား အရမညမင်း၏သားတော်ဖြစ်သည်။ အရမညမင်း၏ ခမည်းတော်မှာ မွန်လူမျိုးဖြစ်ပြီး မယ်တော်မှာ ပအိုဝ်းလူမျိုး ဖြစ်သည်ဟုဆို၏။ အရမည မင်းသည် သက်တော် ၈၂ နှစ်သို့ရောက်သောအခါ နတ်ရွာစံ၏။ ဂေါတမမြတ်စွာဘုရားလက်ထက်တွင် ပအိုဝ်းမင်းဆက် ၁၅၈ ဆက်ရှိရာ ဓမ္မမာလာမင်းမှာ နောက်ဆုံးမင်းဖြစ်သည်ဟုဆိုလေသည်။ မနူဟာမင်းမတိုင်မှီ ပအိုဝ်းမွန်ကပြားမင်းဆက် (၁၇) ဆက်မင်းလုပ်အုပ်ချုပ်ခဲ့ကြောင်းဆို၏။ ၎င်းတို့မှာ -
 
တို့ဖြစ်ကြ၏။ ပုဂံသို့ မနူဟာမင်း ပါသွားပြီးနောက် နိုင်ငံပြိုကွဲ၍ အချို့ပအိုဝ်းတို့သည် မူလသထုံမှမြေလှည်းကိုးစီး ရေလှည်းကိုးစီးကိုယူဆောင်ကာ မြောက်ဘက်သို့ ရောက်သွားပြီးလျှင် ရှမ်းပြည်နယ် တောင်ပိုင်းတွင် သထုံနယ်သစ် (ယခု ဆီဆိုင်မြို့) ကို တည်ထောင်ခဲ့ကြသည်ဟု ဆိုသည်။ သထုံပြည်မှ ပြေးလာသော ပအိုဝ်းတို့သည် မြေလတ်တွင်လည်း အခြေစိုက်ကြသည်။ [[ပုဂံကျောက်စာ]]တို့တွင် တောင်သူဟူ၍ ဖော်ပြပါရှိရကား [[ပုဂံခေတ်]]ကပင် ပအိုဝ်းနှင့် မြန်မာတို့ အဆက်အသွယ်ရှိသည်ဟု ယူဆရပေသည်။
(၁) မောင်လ (၉) ရာဇပမော
 
(၂) အသန္တုလ (၁၀) ရာဇခုပါ
 
(၃) အဿရာဇ (၁၁) သုတ္တဥပါ
 
(၄) တတ္တိရာဇ (၁၂) ဇေယရာဇ
 
(၅) ဂုသေနာ (၁၃) သုဒ္ဓိရာဇ
 
(၆) ရာဇစောကန် (၁၄) ဥပလရာဇ
 
(၇) ရာဇဝဇေ (၁၅) မိမလရာဇ
 
(၈) ရာဇမစာတ (၁၆) ဒွါဒဿရာဇ
 
(၁၇) အရမညရာဇ
 
တို့ဖြစ်ကြ၏။ ပုဂံသို့ မနူဟာမင်း ပါသွားပြီးနောက် နိုင်ငံပြိုကွဲ၍ အချို့ပအိုဝ်းတို့သည် မူလသထုံမှမြေလှည်းကိုးစီး ရေလှည်းကိုးစီးကိုယူဆောင်ကာ မြောက်ဘက်သို့ ရောက်သွားပြီးလျှင် ရှမ်းပြည်နယ် တောင်ပိုင်းတွင် သထုံနယ်သစ် (ယခု ဆီဆိုင်မြို့) ကို တည်ထောင်ခဲ့ကြသည်ဟု ဆိုသည်။ သထုံပြည်မှ ပြေးလာသော ပအိုဝ်းတို့သည် မြေလတ်တွင်လည်း အခြေစိုက်ကြသည်။ [[ပုဂံကျောက်စာ]]တို့တွင် တောင်သူဟူ၍ ဖော်ပြပါရှိရကား [[ပုဂံခေတ်]]ကပင် ပအိုဝ်းနှင့် မြန်မာတို့ အဆက်အသွယ်ရှိသည်ဟု ယူဆရပေသည်။
 
ရှမ်းပြည်နယ် သထုံနယ်တွင် ပအိုဝ်းတို့သည် နန်းခေ၊ တတုတ်၊ ကွန်လောင်၊ တန်စန်နှင့် ခိုင်ဟူ၍ လူမျိုးစု ၅ စု ကွဲသည်ဟုဆိုသည်။ တစ်ခါတစ်ရံ ရှမ်းပြည်နယ်မှ ပအိုဝ်းတို့ကို ရှမ်းတောင်သူဟုလည်း ခေါ်ကြသည်။ ရှမ်းပအိုဝ်းတို့သည် မိမိတို့ကိုယ်ကို သထုံပန်းရင်ဟုလည်း ခေါ်ကြသည်။ ရှမ်းပြည်နယ်၊ သထုံနယ်ကိုလည်း အုပ်ချုပ်သူ မြို့စားသည် ပအိုဝ်းလူမျိုးဖြစ်သည်။
Line ၃၈ ⟶ ၂၀:
ပအိုဝ်းတို့သည် ကရင်ဘာသာစကားနှင့် နီးစပ်သော ဘာသာစကားကို ပြောဆိုကြသည်။ ကိုယ်ပိုင် စာပေရှိကာ အရွယ်ရောက်သူတိုင်း ပအိုဝ်းစာပေကို ဖတ်တတ်ကြသည်။ ပအိုဝ်းကလေးများသည် အစိုးရကျောင်းများတွင် ဒုတိယတန်း အောင်မြင်ပြီးပါက ပအိုဝ်းလိတ်မွူးခေါ်(သင်ပုန်းကြီး) ကို စတင် သင်ယူကြသည်။ ယခုအခါ ပအိုဝ်းစာပေပြန့်ပွားရေး ဗဟိုကော်မတီက ဆရာဖြစ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းကို နှစ်စဉ်ကျင်းပပေးလျက်ရှိသည်။ ပအိုဝ်းတို့သည် ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်သည်။ ကျောင်းကန်ဘုရားများ တည်ဆောက်ကြသည်။ သို့သော် နတ်ကိုးကွယ်မှုကိုလည်း တွေ့ရသည်။ ရွာနတ်၊ အိမ်စောင့်နတ်များကို မပျက်မကွက် ပူဇော်ပသမှုလည်း ရှိသည်။ ရှမ်းပြည်မှ ပအိုဝ်းအမျိုးသားတို့သည် ရှမ်းအမျိုးသားများကဲ့သို့ ရှမ်းဘောင်းဘီပွ၊ ရှမ်းပေါ်ဖုံးအင်္ကျီတို့ကို ဝတ်ဆင်ကြသည်။ အမျိုးသမီးတို့သည် ကရင်သင်တိုင်းကဲ့သို့ သင်တိုင်းအမည်းရောင်တွင် အနီရောင် အနားသတ်ထားသည်ကို ဝတ်ဆင်ဖုံးလွှမ်း၍ ထမီတိုတို ဝတ်ဆင်ကြသည်။ ခေါင်းတွင် ပန်းပွားပါသော တံပတ်မည်းကို ပေါင်းကြ၍ တံပတ်မရွေ့လျားရအောင် ငွေဆံညှပ်၊ ငွေကြိုးတို့ဖြင့် ထိန်းတွယ် စည်းနှောင်ထားသည်။ ဆံပင်နောက်တွဲ ထုံးကြသည်။ ငွေနားသံသီး၊ ငွေလက်ကောက် ခေါင်းပွများကိုလည်း ဝတ်ဆင်ကြသည်။ အောက်မြန်မာနိုင်ငံမှ ပအိုဝ်းတို့သည် မြန်မာကဲ့သို့ပင် ဝတ်ဆင်ကြသည်။
 
ပအိုဝ်းတို့၏ သာရေးနာရေး ထုံးတမ်းစဉ်လာ ဆောင်ရွက်မှုတို့သည် မြန်မာထုံးတမ်းစဉ်လာတို့နှင့် ဆင်တူသည်။မြန်မာထုံးတမ်းစဉ်လာတို့အတိုင်း ပုံစံအားဖြင့် အပျိုအား လူပျိုလှည့်ပုံ၊ လင်မယား ကွာရှင်းပုံ၊ လူသေလျှင် ကူးတို့ခထည့်ပုံ စသည်တို့မှာ ဆင်တူရိုးမှား ဖြစ်ကြလေသည်။
 
==နေထိုင်ပျံ့နှံ့ရာဒေသများ==