ညောင်ရမ်းမင်းတရားကြီး: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
ညောင်ရမ်းမင်းတရားကြီး(၁၆၀၀- ၁၆၀၆)၏ ငယ်မည်မှာ ရှင်သစ္စာဖြစ်သည်။ [[ဘုရင့်နောင်]] အိမ်နှိမ့်တွင်ရှိနေစဉ် အရပ်သူခင်ပြည့်စုံနှင့် သင့်မြတ်ပေါင်းသင်းကာ ဖွားမြင်သူဖြစ်သည်ဟု ဆိုသည်။ နန်းတွင်းသို့ရောက်လာပုံမှာ [[ကျန်စစ်သား]]၊သမ္ဘူလနှင့် [[ရာဇကုမာရ်]]တို့ ဇာတ်လမ်းကဲ့သို့ပင်ဖြစ်သည်။ ဘုရင့်နောင်[[ဟံသာဝတီ]]တွင် စိုးစံနေချိန် ခင်ပြည့်စုံက သက်သေခံလက်စွပ်နှင့် သားဖြစ်သူကိုခေါ်ကာ နန်းတွင်းသို့ဝင်ရောက် ဖူးမျှော်သည်။ ဘုရင့်နောင်က ချက်ချင်းလက်ခံအသိအမှတ်မပြုပဲ ငြင်းပယ်သေးသည်ဟုဆိုသည်။ သို့ဖြင့် [[မွန်ဝန်ကြီးဗညားဒလ]]၏ အကြံပေးမှုဖြင့် [[ကမ္ဘာလေးရပ်ပြိုင်ခြင်း|ရေပြိုင်]]ကြရာ ခင်ပြည့်စုံက နှာခေါင်းနှင့်မျက်နှာကို ရေဖလားတွင်နှစ်ရပြီး ဘုရင့်နောင်က မင်းဧကရာဇ်ဖြစ်သည့်အတွက် ခြေမသာနှစ်ရသည်။ နောက်ဆုံးတွင် ဘုရင့်နောင်လည်း ချစ်ခင်ပေါင်းသင်းဖူးသည့် သံယောဇဉ်ဖြင့် သနားစိတ်ဝင်ကာ လက်ခံခဲ့သည်။
 
== မြို့စားဘဝ ==
အရွယ်ရောက်လျှင် ရှင်သစ္စာအား အခြားမင်းညီမင်းသားများနည်းတူ မြို့စားရွာစားပေးရန် စီစဉ်ကာ ညောင်ရမ်းမြို့ကိုစားစေသည်။ ထို့ပြင် ရှမ်းပြည်တစ်လွှားတွင်လည်း ဟံသာ၀တီ၏ ကိုယ်စားလှယ်အနေဖြင့် လှည့်လည်ရန် အာဏာပေးသည်။ ဘုရင့်နောင်လွန်၍ နန္ဒဘုရင်လက်ထက်တွင် ရှမ်းပြည်မှ ပုန်ကန်မှုအချို့ကို နှိမ်နှင်းခဲ့ရာ '''မင်းရဲနန္ဒမိတ်'''ဟူသောဘွဲ့ဖြင့် ချီးမြောက်ခဲ့သည်။နန္ဒဘုရင်၏ ဗဟိုအာဏာအား အခြားလက်အောက်ခံတို့ ပုန်ကန်ခြားနားရာ ညောင်ရမ်းစားမင်းရဲနန္ဒမိတ်လည်း ပါဝင်ခဲ့သည်။ ဟံသာ၀တီကျဆုံးပြီးနောက် [[တောင်ငူ]]မှ [[မင်းရဲသီဟသူ]]နှင့် [[ပြည်]]မှ မင်းကြီးနောင်းတို့ ပူးပေါင်းကာ ညောင်ရမ်းကို တိုက်ရန် စီစဉ်သော်လည်း မင်းကြီးနှောင်းကို အထိန်းတော်ရန်နိုင်စားက လှေပေါ်အတက်တွင် လုပ်ကြံသဖြင့်ပြည်တပ်များ မချီတက်နိုင်သကဲ့သို့ တောင်ငူတပ်များလည်း ပြန်လည်ဆုပ်ခွာသွားသည်။ ပြည်တပ်မှ စလင်းစားနှင့် ငွေတရဖျားတို့လည်း အင်အားအလုံးအရင်းနှင့် ညောင်ရမ်းသို့ ခိုလှုံသည်။
 
== နယ်ပယ်များသိမ်းသွင်းခြင်း ==
ခရစ်နှစ် ၁၆၀၀တွင် အင်းဝနန်းကို သိမ်းပိုက်ကာ '''မဟာသီဟသူရ'''ဘွဲ့ဖြင့် မင်းအဖြစ်ကို ခံယူသည်။ သားတော် သခင်လတ်(နောင်တွင် အနောက်ဖက်လွန်မင်း)ကို ဥပရာဇာဘွဲ့ဖြင့် အိမ်ရှေ့အရာပေးသည်။ သခင်လတ်မှာ ညောင်ရမ်းမင်းတရားအတွက် အလွန်အားထားရသည့် စစ်ဗိုလ်ချုပ်လည်းဖြစ်သည်။ ထိုစဉ်က အသက် ၂၃ခန့်သာရှိသေးသည်။
 
တစ်နှစ်ခန့်အကြာတွင် ရမည်းသင်းအားသိမ်းပိုက်သည်။ ထိုနောက် ညောင်ရွှေ၊ ဗန်းမော်၊ မိုးနဲ၊ မိုးကောင်း၊ သိန္နီ၊ သီပေါ အစရှိသည့် ရှမ်းပြည်တစ်လွှားကို သိမ်းသွင်းသည်။ ထိုတိုက်ပွဲစဉ်များအတွင်း သားတော်အိမ်ရှေ့မင်းက ဗိုလ်မင်းအဖြစ်နှင့် တိုက်ပွဲတိုင်းကို အစွမ်းပြအောင်နိုင်သည်။
 
== တိုင်းပြည်တည်ဆောက်ရေး ==
ကျောက်ဆည်ဒေသကို ရိက္ခာဆန်စပါး အထွက်တိုးစေရန် ဆည်မြောင်းများဖောက်လုပ်၍ စီစဉ်ပေးသည်း စစ်မှုထမ်းတို့ကိုလညူ်း အစုအငန်းလိုက်၍ နေရာချထားပေးသည်။ မဟာမြတ်မုနိဘုရားတစ်ဆူကိုလည်း တည်သည်။ နန်းစံသက် ၅နှစ်အကြာ ၁၆၀၆တွင် ရှမ်းပြည်သို့ စစ်ပြုကာ အပြန်လမ်းတွင် ညောင်ရမ်းမင်းတရားကြီး နာမကျန်းဖြစ်ကာ ကွယ်လွန်လေသည်။ (နန်းစံသက် ၅ နှစ်ဆိုသည်မှာ အင်းဝတွင် နန်းတက်သည့် အချိန်မှစကာ ရည်တွက်ခြင်းဖြစ်သည်။)ညောင်ရမ်းမင်းတရား လွန်လျှင် သားတော်အိမ်ရှေ့မင်းက [[အနောက်ဖက်လွန်မင်း|မဟာဓမ္မရာဇာ]]ဘွဲ့ဖြင့် အင်းဝနန်းကို ဆက်ခံသည်။
 
== ရည်ညွှန်းကိုးကား ==
* မြန်မာမင်းများအရေးတော်ပုံကျမ်း(၆စောင်တွဲ)
* မင်း၁၀ပါးရာဇဝင်-[[ဒေါက်တာမတင်ဝင်း]]
{{အင်းဝခေတ်}}
{{ညောင်ရမ်းခေတ်}}
 
[[Category:တောင်ငူခေတ်]]
[[Category:ညောင်ရမ်းခေတ်]]
[[Category:ညောင်ရမ်းမင်းဆက်]]
 
{{အင်းဝခေတ်}}
{{ညောင်ရမ်းခေတ်}}
[[en:Nyaungyan Min]]
[[fr:Nyaungyan Min]]