တိုင်းပြည်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
နိုင်ငံ(သို့) တိုင်းပြည်ဆိုသည်မှာ [[ ပထဝီနိုင်ငံရေး]]နှင့် [[နိုင်ငံတကာနိုင်ငံရေး]]အရ နေရာ သတ်မှတ် ပိုင်းခြားထားသော အုပ်ချုပ်ခွင့်ရ နယ်မြေ ဖြစ်သည်။
 
[[ImageFile:Political world map.jpg | right | thumb | ကမ္ဘာ့ နိုင်ငံများ မြေပုံ 8,000 × 4,000 pixel]]
 
== နိုင်ငံများ ပေါ်ပေါက်လာပုံ ==
 
နိုင်ငံများပင် မပေါ်ပေါက်သေးသော ယဉ်ကျေးမှု တဖြည်းဖြည်း တိုးတက်လာသော လူ့အဖွဲ့အစည်းများ စတင် ပေါ်ပေါက်ခါစ [[သမိုင်း မတွင်မီခေတ်]]တွင် [[လူသား]]များသည် အတူတကွ စုပေါင်း နေထိုင်၍ ရှာဖွေရရှိသမျှသော အစားအသောက်၊ ပိုင်ဆိုင်မှု တို့ကို ဝေမျှ စားသုံး၍ အတူတကွ စုပေါင်းနေထိုင် အမဲလိုက် ခဲ့ကြလေသည်။
စာကြောင်း ၉ -
လက်နက်များကို တိုးတက် တီထွင် လာနိုင်သည်နှင့်အမျှ တောကောင်ကြီးများကို သတ်စားနိုင်လာရာ သစ်သီး သစ်ဥ ရှာစားခဲ့ရသော လူသားများကဲ့သို့ နေ့စဉ် နေ့တိုင်း နာရီမလပ် အဆာခံစေရန် အချိန်ပြည့် အစာရှာနေရသော ဘဝမှ ကင်းလွတ်လာသည်။ အသားများများ စားနိုင်သဖြင့် ဗိုက်ဝလာကာ တီထွင်ရန် အချိန်ပေးနိုင်လာရာမှ ပိုမို စုံလင်သည့် လက်နက် ကိရိယာများနှင့် အိမ်၊ လက်မှုပညာ အစချီသည့် ယဉ်ကျေးမှု များကို တည်ထောင် နိုင်လာသည်။
 
== [[သမိုင်းဦး ဘုံမြေခေတ်]] လူသား ယဉ်ကျေးမှု တိုးတက်လာမှု ==
 
နှောင်းပိုင်းတွင် လူသားများက အလေ့ကျ ရှာဖွေတွေ့ရှိသော အစေ့များကို စားသောက်ရန် ချက်ပြုတ်ရင်း မြေပြင်ပေါ် ကျသည်မှ အပင် ပေါက်လာသည်ကို တွေ့ရှိကာ [[စိုက်ပျိုးရေး]]ကို စတင် သိရှိ နားလည်ကြသော ကာလတွင် [[မြေယာ ပိုင်ဆိုင်မှု]]များ ပေါ်ပေါက် လာကြသည်။ တဖန် [[တိရစ္ဆာန်]]များကို ပျော်ရွှင်မှုနှင့် ဂုဏ်ယူဖွယ်ရာ ဖြစ်စေခြင်း အလို့ငှာ အရှင် ဖမ်းယူ ထိမ်းသိမ်းထားကြ ရာမှ [[မွေးမြူရေး]]ကို နားလည်လာသော အခါ နေရာ အနှံ့ ရွှေ့ပြောင်း အမဲလိုက် နေထိုင်နေရန် မလိုအပ် တော့ပဲ မိမိ၏ ခြံတွင်းတွင်ပင် အစာကို လိုသလောက် သိုလှောင်ထားနိုင်သော အဆင့်သို့ လူသားများမှာ ပြောင်းလဲ တိုးတက်လာခဲ့ လေတော့သည်။
 
ထိုအခါ နေရာ ရွှေ့ပြောင်းနေထိုင်ခြင်း မပြုတော့ပဲ ကျယ်ဝန်း ပြန့်ပြူးသော မြက်ခင်းပြင်ကြီး၌ စိုက်ပျိုးလိုသည်များကို စိုက်ပျိုး၍ တိရစ္ဆာန်များကို စားကျက်လွှတ် မွေးမြူထားခြင်းဖြင့် ဖြုတ်ယူ ရွှေ့ပြောင်းရ လွယ်သည့် သားရေ တဲအိမ်များမှ တဆင့် ခိုင်ခံ့သည့် အုတ်အိမ်များ အဆင့်သို့ တိုးတက်လာသော ခေတ်သို့ ရောက်ရှိလာသည်။
စာကြောင်း ၃၃ -
ဥပမာအားဖြင့် စုစည်းထားသော ဘုရင်အုပ်စိုးသည့် တိုင်းပြည် ([[United Kingdom]])မှ [[အင်္ဂလန်]]၊ [[စကော့တလန်]]နှင့် [[ဝေလ]] နယ်တို့ ဖြစ်ကြသည်။ သို့သော် [[အမေရိကန် ပြည်ထောင်စု]] မှ စုစည်းထားသည့် ပြည်နယ်များကမူ နိုင်ငံဟောင်းများ မဟုတ်ခဲ့သည့် အားလျော်စွာ နိုင်ငံဟု ခေါ်ဆိုသုံးစွဲ ခံရနိုင်ခြင်း မရှိချေ။
 
အချို့နိုင်ငံများ တွင်မူ မိမိနိုင်ငံကို မှီခိုသော ပင်လယ်ရပ်ခြား နယ်မြေများ ရှိပြန်သည်။ [[ဗြိတိသျှ ဗားဂျင်း ကျွန်းများ]]၊ [[နယ်သာလန် အနောက် ကျွန်းစု]] နှင့် [[အမေရိကန် ဆမိုဝါ]] တို့ကဲ့သို့ ဖြစ်သည်။ ထိုနယ်မြေများမှာ သီးခြား နယ်မြေတွင် ရပ်တည်နေကြ သော်လည်း မှီခိုသည့် နိုင်ငံနှင့် မည်မျှ ကွာဝေးသည် ဖြစ်ပါစေ ထိုနိုင်ငံ၏ အမည်ကိုသာ ဖော်ပြကြလေသည်။
 
နိုင်ငံ၊ တိုင်းပြည်များကို တစ်ပြည်ထောင်စနစ်ဖြင့်သော်လည်းကောင်း၊ ပြည်ထောင်စုစနစ်ဖြင့်သော်လည်းကောင်း ဖွဲ့စည်းပုံဖော်ကြပါသည်။ထင်ရှားသည့် ပြည်ထောင်စုနိုင်ငံအချို့မှာ အမေရိကန်ပြည်ထောင်စု၊ဂရိတ်ဗြိတိန် နှင့် ဂျာမဏီ နိုင်ငံတို့ဖြစ်ကြပါသည်။
စာကြောင်း ၄၂ -
နိုင်ငံ တစ်နိုင်ငံတွင် နိုင်ငံအား ထိရောက်စွာ အုပ်ချုပ်နိုင်သည့် အစိုးရတစ်ရပ်နှင့် ကာကွယ်ရေးအတွက် စစ်တပ် ရှိသည်။ ယေဘုယအားဖြင့် တူညီသော ယဉ်ကျေးမှု၊ ဘာသာစကားနှင့် အခြား အခြေခံ အချက်အလက်များကို လက်ခံ ထားရှိသော ပြည်သူလူထု ရှိသည်။ ထို့ပြင် ကိုယ်ပိုင် အမျိုးသားရေးဆိုင်ရာ ယဉ်ကျေးမှုစရိုက်လက္ခဏာများ လည်းအသီးသီးရှိကြသည်။တိကျသော [[ပထဝီ]]အရ သတ်မှတ်ထားသော မြေနေရာ ရှိသည်။ ထို့နောက်ဆုံး နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံရေး၌ အခြားနိုင်ငံများက အဆိုပါ နိုင်ငံတစ်နိုင်ငံ တည်ရှိနေပါသည်ဟု တရားဝင် အသိအမှတ်ပြုခြင်း ရှိစေရပေမည်။
 
== မှီငြမ်း ==
* [http://en.wikipedia.org/wiki/Country Country (Wikipedia, the free encyclopedia)]
* [http://en.wikipedia.org/wiki/Human_history Human History (Wikipedia, the free encyclopedia)]
* လူကျော် (ဒေါက်တာသန်းထွန်း)
{{DEFAULTSORT:န}}
 
[[Category:ပထဝီ]]
[[Category:နိုင်ငံ]]
{{DEFAULTSORT:န}}
 
[[af:Land]]