မဟာအလက်ဇန္ဒား: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၅၇ -
 
== နောက်ဆုံး အချိန်ကာလများ ==
တစ်နှစ်နီးပါးမျှ ပါရှားတွင်အခြေချကာ တည်ငြိမ်ရေးကို ဆောင်ရွက်ပြီး အိန္ဒိယမြောက်ပိုင်းသို့ ချီတက်သိမ်းသွင်းပြန်သည်။ သို့သော် ဆိုးဝါးလှသည့် အိန္ဒိယတောတောင်နှင့် ရာသီဥတုဒဏ်ကြောင့် လည်းကောင်း၊ မိမိတပ်သားများက အိမ်ပြန်ရန် ဆန္ဒပြင်းပြသည်ကြောင့် လည်းကောင်း ဂရိသို့လှည့်ပြန်ရသည်။ ထိုမတိုင်မှီက အာရှမှ ပါရှန်းများသည် မိမိတို့ ဂရိများထင်သကဲ့သို့ အရိုင်းအစိုင်းများ မဟုတ်ကြောင်း၊ ပါရှန်းတို့တွင်လည်း ထူးချွန်သည့် အရည်အသွေးများ ကိုယ်စီရှိကြောင်း နားလည်ပြီး မိမိ၏ ဂရိ-မက်စီဒုံ စစ်သည်များကို ပါရှန်းသူများနှင့် လက်ထပ်စေသည်။ မိမိကိုယ်တိုင်လည်း ဒရိုင်းယပ်စ်၏ သမီးတော်နှင့် လက်ထပ်သည်။ ထိုသို့ ဂရိ-မက်စီဒုံ-ပါရှန်း ဗဟုယဉ်ကျေးမှု အင်ပါယာကို တည်ထောင်ကာ မိမိကအုပ်စိုးရန် ကြံရွယ်ခဲ့သည်။ ဘီစီ ၃၂၃ ဇွန်လဦးကာလ ၊ နောက်တစ်ကြိမ် အိန္ဒိယသို့ ချီတက်ရန် စစ်ပြင်စဲ ဘေဘီလုံမြို့တော်တွင် ရုတ်တရက် အပြင်းဖျားနာကာ ၁၀ ရက်အကြာတွင် အသက် ၃၃၃၂ နှစ်သာရှိသေးသည့် စစ်ဘုရင်ကြီး မဟာအလက်ဇန္ဒား နတ်ရွာစံလေသည်။ ၎င်းနတ်ရွာစံသည်နှင့် ၎င်း၏အင်ပါယာမှာလည်း ပြိုကွဲလေသည်။ အကြောင်းမှာ မည်သူ့အား နန်းဆက်ခံရန် မိန့်မှာဖူးသည် မရှိသဖြင့် ၎င်း၏ပိုင်နက်များကို စစ်သူကြီးများက အပိုင်းပိုင်း ခွဲယူသွားကြခြင်းကြောင့် ဖြစ်သည်။ ထိုနယ်မြေလုပွဲတွင် မိခင်၊ မိဖုရားများနှင့် သားသမီးများမှာ ဓားစာခံအဖြစ် အသတ်ခံရကြရှာသည်။
 
== အရည်အချင်းများ ==