မဟာအလက်ဇန္ဒား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၄၅ -
ကာကွယ်ခြင်း၊ ကူညီခြင်း ဟုတွင်ပြီး aner မှာ လူ ကို ဆိုလိုသည်။ ထို့ကြောင့် ကာကွယ် စောင့်ရှောက် နိုင်စွမ်းသူ ဟု ဖွင့်ဆိုနိုင်ပေမည်။
၎င်းသည် ရှေးဂရိနိုင်ငံ မြောက်ပိုင်း မက်စီဒိုးနီးယားမှ ဘုရင် တစ်ပါး ဖြစ်သည်။
ဘီစီ ၃၅၆ တွင် Pella (မက်စီဒိုးနီးယား အလယ်ပိုင်း)တွင် ဖွားမြင်ခဲ့ပြီး အရစ္စတိုတယ် ထံတွင် အသက် ၁၆ နှစ်ထိ ပညာသင်ကြားခဲ့သည်။ အသက် (၃၀) တွင် အကြီးမားဆုံး အင်ပါယာ တစ်ခုကို ချဲ့ထွင်နိုင်ခဲ့ပြီး ၎င်း၏ အင်ပါယာ သည် Ionian Sea မှ Himalayas ထိကျယ်ပြန့်ခဲ့သည်။ ၎င်းလက်ထက်တိုက်ခဲ့သော တိုက်ပွဲများတွင် ရှုံးနိမ့်ခဲ့ခြင်း မရှိသောကြောင့် စစ်သမိုင်း တွင် အအောင်မြင်ဆုံးသော စစ်ခေါင်းဆောင်အဖြစ် အတူမရှိ ထင်ရှားသူဖြစ်သည်။၎င်း၏ အင် ပါယာသည် မျက်မှောက်ခေတ်တွင် [[ဂရိနိုင်ငံ|ဂရိ]] မှ ပါကစ်စတန်[[ပါကစ္စတန်နိုင်ငံ|ပါကစ္စတန်]] ထိ ကျယ်ပြန့် ပေသည်။
 
ဘီစီ ၃၃၆ တွင် အလက်ဇန္ဒား၏ဖခင်ဖြစ်သူ မက်စီဒိုးနီးယား ဘုရင် ဖိလစ် ၂ လုပ်ကြံခံရပြီးနောက် ထီးနန်းဆက်ခံခဲ့သည်။ ဖိလစ်သေဆုံးပြီး နောက် အလက်ဇန္ဒားသည် ဖခင်သိမ်းပိုက်ခဲ့သော အင်ပါယာနှင့် တိုက်ရည်ခိုက်ရည်ပြည့်၀ပြီး ဖြစ်သော စစ်တပ်ကို အမွေရရှိ ခဲ့သည်။ ၎င်းသည် ဂရိစစ်သေနာပတိချုပ် ရာထူးကိုခန့်အပ်ခံရပြီးနောက် ဖခင်လက်ထက် နယ်မြေချဲ့ ထွင်ရေး စီမံချက်ကို ဆက်လက် ဆောင်ရွက်ခဲ့သည်။ ဘီစီ ၃၃၄ တွင် Achaemenid အင်ပါယာအား ကျူး ကျော်သိမ်းပိုက်ပြီးနောက် Asia Minor အား အုပ်ချုပ်သည့် အချိန်မှစရျ် ၁၀ နှစ်ခန့်ထိ စစ်ပွဲများဆက်တိုက် ဆင်နွဲခဲ့ရသည်။ Issus တိုက်ပွဲ Gaugamela တိုက်ပွဲတို့ဖြင့် Persia တို့၏ ဩဇာကို ချိုးဖဲ့ခဲ့သည်။ ထို့နောက်ပိုင်းတွင် Persia ဘုရင် Darius III ကိုအောင်နိုင်ကာ Persia အင်ပါ၏ အရှင်သခင်ဖြစ်လာခဲ့ သည်။ မျက်မှောက်ခေတ်တွင် Adriatic ပင်လယ် မှ Indus မြစ်ထိ ကျယ်ဝန်းသည်။
စာကြောင်း ၅၂ -
 
== နယ်ပယ်ချဲ့ထွင်ခြင်း ==
ဘီစီ ၃၃၄ မှစကာ အလက်ဇန္ဒား၏ နယ်ပယ်ချဲ့ထွင်မှုကို မရပ်မနား စတင်တော့သည်။ ရှေးဦးစွာ တပ်အနည်းငယ်ကိုသာ [[ဂရိနိုင်ငံ|ဂရိ]]တွင် အစောင့်အနေဖြင့် ချန်ထားပြီး စစ်သည် ၃၅၀၀၀ ဖြင့် [[ပါရှန်းအင်ပါယာ]]ကို ထိုးစစ်ဆင်သည်။ ထိုစဉ်က [[အာရှ]]မှ နှစ် ၂၀၀ သက်တမ်းရှိ ပါရှန်းအင်ပါယာ (အီဂျစ်မှ အိန္ဒိယထိ) မှာ ဂရိတို့နယ်မြေနှင့် နှိုင်းယှဉ်လျှင် အလွန့်အလွန်မှ ကြီးကျယ်လှသဖြင့် ငယ်ရွယ်သည့် အလက်ဇန္ဒား၏ အင်အားမှာ ပျက်ရယ်ပြုဖွယ် အဆင့်ပင်ဖြစ်နေသည်။ သို့သော် အမှန်တကယ် တိုက်ခိုက်သည်နှင့် ပါရှားတို့ သိလာသည်မှာ ဖိလစ်ဘုရင်က သားဖြစ်သူအတွက် အမွေချန်ရစ်ပေးခဲ့သော ဂရိ-မက်စီဒုံ တပ်ပေါင်းတို့၏ စစ်ရေးစွမ်းရည်မှာ အနယ်နယ်အရပ်ရပ်မှ စုစည်းထားသည့် ပါရှန်းအင်ပါယာ၏ တပ်ထက် များစွာသာလွန်ကြောင်းပင်ဖြစ်သည်။ သို့ဖြင့် ပါရှန်းအင်ပါယာ၏ အနောက်ဘက်မျက်နှာစာ အာရှမိုင်းနားဒေသများဖြစ်သည့် ယနေ့ [[ဆီးရီးယား]]၊ [[လက်ဘနွန်]]၊ [[အစ္စရေးနိုင်ငံ|အစ္စရေး]]၊ [[ပါလက်စတိုင်း]]၊ ဂါဇာ၊ [[အီဂျစ်နိုင်ငံ|အီဂျစ်]]တို့မှာ အလက်ဇန္ဒား၏ လက်အောက်ကို အချိန်တိုအတွင်း ကျရောက်ပြီးနောက် အီဂျစ်မှ ရဟန်းများက သူ့အား ဖာရိုဘွဲ့ဖြင့် ပူဇော်ကာ နတ်ဘုရားတစ်ပါးအဖြစ် သတ်မှတ်ကြေညာပေးသည်။ ထိုတိုက်ပွဲစဉ်များအတွင်း ခက်ခဲသည့် တိုက်ပွဲဟူ၍ ဖီနီစီယမ်ကျွန်းမှ တိုင်ရာမြို့ခံတပ်ကို ၇ လကြာ တိုက်ရသည်သာရှိသည်။ ထိုစဉ်က ပါရှန်းဧကရာဇ် ဒရိုင်းယပ်စ်-၃ က ပါရှားနယ် တစ်ဝက်ပေးကာ စစ်ပြေငြိမ်းရန် ကမ်းလှမ်းသော်လည်း လက်မခံခဲ့ပေ။ ထိုကိစ္စနှင့် ပတ်သတ်၍ စစ်သူကြီး ပါမီနီယိုက[https://en.wikipedia.org/wiki/Parmenion ပါမီနီယို]က "ငါသာ အလက်ဇန္ဒားဖြစ်ရင် ဒီကမ်းလှမ်းချက်ကို လက်ခံမိမယ်။"ဟု ဆိုသည်ကို အလက်ဇန္ဒားကလည်း "ငါသာ ပါမေနီယိုဆိုရင်လည်း ဒီကမ်းလှမ်းချက်ကို လက်ခံတာပေါ့။" ဟုပြန်လည်ချေပခဲ့သည်။
 
အီဂျစ်မှ အာရှဖက်သို့ ပြန်လှည့်ပြီး ဘီစီ ၃၃၁ တွင် [[ဂေါဂါမီလာတိုက်ပွဲ]]၌ မိမိထက်အင်အားများစွာ သာလွန်သည့် ပါရှန်းတပ်မကြီးကို အပြတ်အသတ် နိုင်သဖြင့် ဘေဘီလုံသို့ ဆက်လက်ချီတက်သည်။ နောက် ပါရှန်းမြို့တော်များဖြစ်သည့် စုစု နှင့် ပါစီပိုလစ် တို့ဆီ ချီတက်သည်။ ထိုအချိန်တွင်ပဲ ပါရှန်းဧကရာဇ် ဒရိုင်းယပ်စ်-၃ က လက်နက်ချရန် ကြံရာ သူ၏ နောက်လိုက်များက သတ်ဖြတ်လိုက်ကြသည့်အတွက် အီရန် (ပါရှန်း) တို့အင်အားမှာ ပြိုကွဲခြင်းသို့ရောက်လေသည်။ ဘီစီ ၃၃၀ မှ သုံးနှစ်အတွင်း ပါရှန်းတပ် အကြွင်းအကျန်များကို နှိမ်နှင်းပြီး အီရန်အရှေ့ဘက်ခြမ်းကို သိမ်းယူသည်။