ကြံခင်းမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Ameliorated
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁ -
 
'''ကြံခင်းမြို့'''သည် [[ဧရာဝတီတိုင်းဒေသကြီး]]၊ [[ဟင်္သာတခရိုင်မြန်အောင်ခရိုင်]]၊ [[ကြံခင်းမြို့နယ်]]၏ [[ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ|မြစ်ဝကျွန်းပေါ်]]ဒေသ ရုံးစိုက်ရာမြို့ဖြစ်၍၊ ဟင်္သာတခရိုင်၏ မြောက်ဘက်အစွန်ဆုံးမြို့နယ် ဖြစ်သည်။ [[ဧရာဝတီမြစ်]]၏ အနောက်ဘက်ကမ်းပေါ်တွင် ရှိသည်။ မြို့ပေါ်တွင် အင်းလပ်၊ ရွာသစ်နှင့် မြို့မဟူ၍ အပိုင်းကြီးသုံးပိုင်းရှိရာ မြို့မရပ်ကွက်ကို မြန်မာသက္ကရာဇ် ၁၁၅ဝ ပြည့်နှစ်ခန့်က [[မွန်လူမျိုး]]များက စတင်တည်ထောင်ခဲ့သည်။ အင်းလပ်ရပ်ကွက်ကို သက္ကရာဇ် ၁၁၁၅ ခုနှစ်ခန့်က အထက်အညာ အင်းလပ်အရပ်မှ မောင်ကျောင်းဆိုသူသည် နောက်လိုက်နောက်ပါများနှင့်အတူ ပြောင်းရွေ့ လာရောက်နေထိုင်ပြီးလျှင် အင်းလပ်ဟု အမည်ပေးခဲ့လေသည်။ ရွာသစ်ရပ်ကွက်ကိုလည်း ထိုအချိန်နှင့် မရှေးမနှောင်းခန့်တွင် စတင်တည်ထောင်လာခဲ့လေသည်။
 
ကြံခင်းဆိုသော အမည်မှာ [[မွန်ဘာသာစကား|မွန်ဘာသာ]] ကျာံကင်းမှ ဆင်းသက်လာသည်ဟု ဆို၏။ အဓိပ္ပာယ်မှာ ကျောက်မိကျောင်းရုပ်ရှိသော ကင်း(အကောက်ရုံး) ဖြစ်သည်။ အချို့ကမူ ကြံခင်းသည် မွန်ဘာသာအားဖြင့် ကျာံဂင်ဖြစ်၍ မိချောင်းရဲဟူ၍ အဓိပ္ပာယ်ရသည်ဟု ဆိုကြသည်။
စာကြောင်း ၉ -
 
ပိုးထည်များ ရက်လုပ်ကြ၍၊ ကြံခင်းပိုးထည်မှာ ထင်ရှားလှပေသည်။ ကြံခင်းမြို့နယ်မှ ငှက်ပျောခြောက်လည်း အများအစား ထွက်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)</ref>
 
== ကိုးကား ==
<references/>