ဖား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၂၀ -
 
==ဖားမျိုးစိတ်အသစ်==
ကမ္ဘာတွင် မှတ်တမ်းမတင်ရသေးသော ဖားမျိုးစိတ် အသစ်နှစ်မျိုးကို ပခုက္ကူမြို့နယ်၊ ပေါက်အင်းရွာနှင့် ရေစကြိုမြို့နယ်၊ ကန်ပေါက်ရွာတို့မှ တွေ့ရှိခဲ့သည်။ ထိုတွေ့ရှိချက်အသေးစိတ်ကို International peer review journal(Zoological Research-ZR - journal) Volume 40 Issue 4 တွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၈၁၉)ရက်‌နေ့က ဖော်ပြကာ အသိအမှတ်ပြုခဲ့သည်။
 
အဆိုပါ မျိုးစိတ်အသစ်များကို ပခုက္ကု ဧရာဝတီမြစ်ကူးတံတားအနီး ပေါက်အင်းမှာ တွေ့ရှိခဲ့၍ မျိုးစိတ်အသစ်အမည်ကို Microhyla Irrawaddy ဟုလည်းကောင်း၊ ကန်ပေါက်ရွာအနီးမှ တွေ့ရှိခဲ့သော မျိုးစိတ်သစ်ကို Microhyla fodiens ဟုလည်းကောင်းအသီးသီးအမည်ပေးခဲ့လေသည်။ တွင်းအောင်းသဲဖားအမျိုးအစားဖြစ်သည်။ အရွယ်အစားမှာ လက်သည်းခွန် အရွယ်အစားမျှ ဖြစ်ပြီး အရွယ်ရောက်အကောင်သည် ၅ စင်တီမီတာခန့်သာရှိ၍ ခြေလေးချောင်း သတ္တဝါများတွင် အရွယ်သေးငယ်လွန်းသည်ဟု သိရသည်။ ဒေသအခေါ်အဝေါ်မှာ '''ဖလတက်'''၊ '''ဖလက်နီ'''ဟု အမျိုးမျိုး ခေါ်ကြသည်။<ref>မန္တလေးနေ့စဉ်သတင်းစာ၊ ၁၂-၁၀-၂၀၁၉၊ စာ-၂၄</ref>
"https://my.wikipedia.org/wiki/ဖား" မှ ရယူရန်