ရှောလူး: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
[[ImageFile:Dr -Shaw-Loo-2.png|thumb|250px|ဒေါက်တာ ရှောလူး]]
အနောက်တိုင်း ခေတ်မီဆေးပညာနည်းဖြင့် ကုသသော မြန်မာဆရာဝန်များ ပေါ်ထွန်းသည်မှာ အနှစ် တစ်ရာငါးဆယ်ခန့် ရှိပြီးဖြစ်သည်။ ယင်းသို့ ပေါ်ထွန်းခဲ့သည့် ဆရာဝန်များထဲတွင် မွန်လူမျိုး ဆရာဝန် ဒေါက်တာ ရှောလူးသည် ပထမဆုံး ဖြစ်လေသည်။ တစ်နည်းအားဖြင့် [[မြန်မာနိုင်ငံ]]တွင် မြန်မာနိုင်ငံသားများထဲမှ အနောက်တိုင်း ဆေးပညာကို အစပြုခဲ့သူမှာ''' မွန်လူမျိုး ဒေါက်တာ ရှောလူး'''ပင် ဖြစ်သည်ဟု ဆိုသင့်ပေသည်။ [[ImageFile:Dr -Shaw-Loo-3.png|thumb|150px|အမေရိကန်ရောက် ဒေါက်တာရှောလူး]]
 
သို့ရာတွင် ဒေါက်တာရှောလူးသည် အနောက်တိုင်း ဆေးပညာကို မြန်မာနိုင်ငံသားများထဲမှ ပထမဆုံး စတင်သင်ယူသူကား မဟုတ်ပေ။ ပထမဆုံး စတင်သင်ယူသူမှာ အမ္မရို့စ် ဒီရိုဇားရီးယိုး ဆိုသူ ဖြစ်သည်ဟု ဆိုသည်။ သူသည် မြန်မာနိုင်ငံသား တစ်ဦးဖြစ်သည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် ခရစ်ယာန် သာသနာပြု လုပ်ငန်းများကို လာရောက်ဆောင်ရွက်သော အီတာလျံ ဘုန်းတော်ကြီး ဖာသာစင်ဂါမားနိုးသည် ၁၈၀၆ ခုတွင် အီတလီပြည်သို့ ပြန်သွားသည်။ သူနှင့်အတူ ဒီရိုဇားရီးယိုးသည် လိုက်ပါသွားကာ အီတလီ၌ ဆေးပညာရပ်များကို သင်ယူလေသည်။ သို့ရာတွင် မည်သို့ဖြစ်သည်ကို မသိရဘဲ ဒေါက်တာ ဒီရိုးဇားရီးယိုးသည် အမိမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ မလာခဲ့ပေ။
အနောက်တိုင်း ဆေးပညာကို ပထမဆုံး သင်ကြားသူ မဟုတ်သော်လည်း ဆေးပညာတတ်မြောက်၍ အမိမြန်မာနိုင်ငံသို့ ပထမဆုံး ပြန်လာအမှုထမ်းသူ (ဝါ) မြန်မာနိုင်ငံတွင် အနောက်တိုင်း ဆေးပညာမျိုးစေ့ကို စတင်ချခဲ့သူကား ဒေါက်တာ ရှောလူးပင် ဖြစ်သည်။
 
ဒေါက်တာရှောလူကို ၁၈၃၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် [[မော်လမြိုင်မြို့| မော်လမြိုင်]]တွင် ဖွားမြင်ခဲ့သည်။ အဖ ဦးရွှေသက်၊ အမိ ဒေါ်ဖွားလှတို့၏ သားအကြီးဆုံး ဖြစ်သည်။ [[ခရစ်ယာန်ဘာသာ]]ဝင် [[မွန်]]လူမျိုးများ ဖြစ်ကြသည်။ မိခင်မှာ မွန်ဘုရင် ဗညားဒလ၏ ညီတော် မြဝတီမြို့စား (ဗရဲ့ပတိုင်း) ၏ မြစ်တော်စပ်သူ ဖြစ်ပါသည်။ မော်လမြိုင်တွင် ခရစ်ယာန် သာသနာပြု ဒေါက်တာ ဂျဒ်ဆင်(Adoniram Judson)နှင့် အိမ်နီးချင်းဖြစ်သည်။ ဒေါက်တာရှောလူ၏ ဆရာဝန်မဖြစ်မှီ ငယ်စဉ်ဘဝများကား ကြမ်းတမ်းလှပေသည်။ သူသည် ငယ်စဉ်က ပညာ သင်ကြားရေးကို စိတ်အားထက်သန်သည်။ သူ၏ဖခင် ဦးရွှေသက်မှာ အထူးဆုရထားသော အင်္ဂလိပ်အရာရှိများကို မြန်မာစာပြသူ ဖြစ်သူဖြစ်သည်။ သို့သော် ဦးရွှေသက်၏ အရက်အလွန်အကျွံသောက်ခြင်းကြောင့် ၁၈၅၄ ခုနှစ်တွင် ဒေါ်ဖွားလှနှင့် လမ်းခွဲခဲ့ကြလေသည်။ မိဘများ၏ အိမ်ထောင်ရေးဂယက်ကြောင့် ရှောလူလေးကို အမျိုးများက တာဝန်ယူ စောင့်ရှောက်ကြရပေသည်။
 
၁၈၅၆ ခုနှစ်၊ ရှောလူ အသက် ၁၅ နှစ် အရွယ်တွင် အိမ်မှစွန်စား၍ ထွက်ပြေးကာ အိန္ဒိယနိုင်ငံ ကာလကတ္တား၌ သွားရောက်ပညာသင်သည်။ သုံးနှစ်ခန့်အကြာတွင် အိန္ဒိယတပ်တွင် စစ်ဘာရီ (Sepoy Mutiny) ပုန်ကန်မှုကြီး ပေါ်ပေါက်လာရာ အိန္ဒိယ၌ ဆက်လက် ပညာသင်ရန် အခက်အခဲ ကြုံလာရသည်။ ၁၈၅၇ ခုနှစ်တွင် မြန်မာပြည်သို့ပြန်ပြီး သင်းအုပ်ဆရာ ဦးရွှေအေးမှ နှစ်ခြင်းပေးကာ ရိုင်ယာလိက် Royal Lakes (ယခု ကန်တော်ကြီး)တွင် နှစ်ခြင်းခရစ်ယာန်ဘာသာ ခံယူခဲ့သည်။
စာကြောင်း ၁၂ -
 
ထိုအချိန်တွင် မော်လမြိုင်မြို့ အပါအဝင် တနင်္သာရီနယ်များသည် အင်္ဂလိပ် လက်အောက်၌ ကျရောက်နေပြီး ဖြစ်သည်။ အထက် မြန်မာနိုင်ငံကိုမူ သာယာဝတီမင်း စိုးစံနေသည်။ မောင်ရှောလူးသည် ထူးခြားသူ ဖြစ်သည်။ ငယ်စဉ်ကပင် ပညာ ဗဟုသုတကို လိုလားသည်။ အထူးသဖြင့် အနောက်တိုင်း ခေတ်မှီ ပညာရပ်များကို ဆည်းပူးလေသည်။ ၁၈၅၀ ပြည့်နှစ်တွင် မောင်ရှောလူးကိုလည်း နှစ်ခြင်း ခရစ်ယာန် ဘာသာဝင်အဖြစ်သို့ ဆရာယုဒသန်က ခံပေးခဲ့သည်။<ref>http://www.dhammyutmon.com/2010/07/blog-post.html</ref>
ထိုအချိန်၌ တင်္သာရီနယ်သာမက ရန်ကုန်အပါအဝင် အောက်မြန်မာနိုင်ငံ တစ်ရပ်လုံးကို အင်္ဂလိပ် ပိုင်နေပြီးဖြစ်သည်။ ထို့ကြောင့် ကာလကတ္တား၌ ၂ နှစ်ခန့် ပညာဆည်းပူး အပြီးတွင် ၁၈၅၇ ခု၊ စစ်ပါရီပုန်ကန်မှုကြီးနှင့် ကြုံတွေ့ရလေသည်။ စစ်ပါရီများမှာ အင်္ဂလိပ် လက်အောက်၌ အမှုထမ်းနေသော အိန္ဒိယ စစ်သားများဖြစ်သည်။ နယ်ချဲ့ အင်္ဂလိပ် လက်အောက်၌ နေရသည်မှာ ဆင်းရဲဒုက္ခ ရောက်ရသဖြင့် သူတို့က ဦးဆောင်ချက် အိန္ဒိယအမျိုးသားများက နယ်ချဲ့ကို ပုန်ကန်ခြင်း ဖြစ်သည်။ ပုန်ကန်မှု ပြင်းထန်သဖြင့် ဘေးအန္တရာယ်ရှိလာသည်။ ဤတွင် မောင်ရှောလူးကို ဆရာသမား မိဘများက အိန္ဒိယ၌ မနေရန် တိုက်တွန်းကြသည်။ မောင်ရှောလူးမှာ ပညာသင် ကောင်းဆဲ ဖြစ်သဖြင့် အိန္ဒိယမှလည်း မခွာလို၊ ဆက်လက်နေထိုင်ရန်လည်း မဖြစ်နှင့် အခက်ကြုံတွေ့နေရသည်။ သို့ဖြင့် သူသည် ကာလကတ္တား သင်္ဘောဆိပ်၌ ယောင်လည်လည် ဖြစ်နေသည်။ ထိုအခိုက် [[အမေရိကန် ပြည်ထောင်စု|အမေရိကန်ပြည်]]သို့ သွားမည့် သင်္ဘောတစ်စင်းသည် ကာလကတ္တား င်္ဘောဆိပ်သို့ ခေတ္တဝင်ဆိုက်လာသည်။ သင်္ဘောပေါ်တွင် မြန်မာနိုင်ငံ [[သုံးဆယ်မြို့]]၌ ခရစ်ယာန် သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်နေသော ဆရာမကြီး မစ္စမာရီယာအင်ဂေါ (Mrs. Marilla Ingalls) ပါလာသည်။ ဆရာမကြီးသည် အားလပ်ခွင့် ရသဖြင့် အမေရိကန်သို့ ခေတ္တပြန်ခြင်း ဖြစ်သည်။ သူနှင့် မောင်ရှောလူးတို့ တွေ့ကြသည်။ မောင်ရှောလူးက သူကို အကြောင်းစုံ ပြောပြသောအခါ သူသည် ပညာလိုလားသော သူငယ်လေးအပေါ် ဂရုဏာ သက်သွားသည်။ ပညာလိုလားသူ မောင်ရှောလူး အကြောင်းကို ဆရာမကြီးက သင်္ဘောကပ္ပတိန်အား တစ်ဆင့် ပြောပြပေးသည်။ လမ်းခရီးတွင် သင်္ဘောခအတွက် သင်္ဘောစားသောက်ခန်း စားပွဲထိုးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။
 
 
စာကြောင်း ၂၆ -
 
 
ဒေါက်တာ ရှောလူးသည် ရန်ကုန်သို့ ရောက်သောအခါ အလုပ်လုပ်ရန် ကြိုးပမ်းသည်။ သို့သော် အင်္ဂလိပ်အစိုးရက သူတို့ထံတွင် အလုပ်လုပ်ခွင့် မပေးပေ။ မင်းတုန်းမင်ကြီး၏ အမြှောက်စားခြင်းကို ခံခဲ့ရသူ ဖြစ်သဖြင့် မယုံကြည်ဟုဆိုကာ အလုပ်မပေးခြင်း ဖြစ်သည်။ သို့ဖြင့် ဒေါက်တာ ရှောလူးသည် မော်လမြိုင်မြို့သို့ ပြန်ကာ မုတ္တမတွင် ကိုယ်ပိုင်ကျောင်း ဖွင့်လျက် ကျောင်းသား ၃၀ကို စာသင်ပေးသည်။ ထိုနောက် ၆ လ အကြာတွင် မော်လမြိုင် အေဘီအမ် ကျောင်း၌ ဆရာ ဝင်လုပ်သည်။ ၁၀နှစ်ကြားသည်။ ထို့နောက် ကျေးဇူးရှင် ဆရာမကြီး မာရီယာအင်ဂေါကို ကျေးဇူးဆပ်သော အနေဖြင့် သုံးဆယ်မြို့ရှိ ဆရာမကြီးကျောင်းတွင် ၃ နှစ်တိတိ ဆရာဝင်လုပ်ပေးလေသည်။ ထိုနောက် ရန်ကုန် အစိုးရကျောင်း၌ တစ်နှစ် ဆရာဝင်လုပ်ပေးသည်။ အာဏာပိုင်တို့က သူ၏ အရည်အချင်းကို လည်းကောင်း၊ သူ၏ စေတနာကိုလည်းကောင်း သိရှိကြသဖြင့် သူ့ကို ပညာရေးဘက်တွင် အမှုထမ်း၇န် ရာထူးကြီး ပေးသည်။ ဒေါက်တာရှောလူးသည် လက်မခံခဲ့။ ကျောင်းဆရာအလုပ်ကို ကျေနပ်အောင် လုပ်ပြီးပြီ ဖြစ်၍ ဆရာဝန်အလုပ်ကိုသာ လုပ်ကိုင်ချင်နေသည်။ဆေးဘက်တွင်ကား အင်္ဂလိပ်အစိုးရက နေရာမပေးပေ။ ဆေးဘက်၌ လစ်လပ်သော နေရာမရှိ ဟု ဆိုထားသဖြင့် မရခဲ့။ ထို့ကြောင့် သူသည် မော်လမြိုင်သို့ ပြန်ကာ အမေရိကန် သာသနာပြု ဆရာဝန်မကြီး ဒေါက်တာ အယ်လင်မစ်ချယ် ထ့တွင် အကူဆရာဝန် အဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ၁၀ နှစ် လုပ်ကိုင်ပြီးသောအခါ ကိုယ်ပိုင်ဆေးခန်းဖွင့်ကာ ဆေးကုသည်။ တစ်ဖက်ကလည်း မော်လမြိုင် အစိုးရ ကျောင်းနှင့် နော်မယ်ကျောင်း အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်ကာ ပညာရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလေသည်။
 
ဒေါက်တာရှောလူးသည် အိမ်ထောင်နှစ်ဆက် ကျဖူးသည်။ ရန်ကုန်အစိုးရ ကျောင်း၌ ဆရာလုပ်နေစဉ် အင်္ဂလိပ်စစ်ဗိုလ် ကပ္ပတိန် တစ်ဦး၏ သမီး မစ်လူစီပရဲရားနှင့် ရှေးဦးစွာ အိမ်ထောင်ကျသည်။ ကလေး ၇ယောက် ရသည်။ အငယ်ဆုံး သတ္တမမြောက် ကလေးငယ်ကို မီးဖွားစဉ် ဇနီးသည် ကွယ်လွန်သွားရှာသည်။ ထို့ကြောင့် ၂ နှစ်အကြာတွင် ဒုတိယ အိမ်ထောင်အဖြစ် ဒေါ်ရွှေနှင့် လက်ထက်လေသည်။ ကလေး ၃ ယောက် ရရှိသည်။
 
သူသည် ပညာကို ကြိုးစားသင်ယူသည့် နည်းတူ အလုပ်ကိုလည်း ကြိုးစားလုပ်ကိုင်သူ ဖြစ်သည်။ ကျန်းမာရေးလည်း အထူးကောင်းမွန်သည်။ ၇၄ နှစ်အရွယ်အထိ သန်တုန်း မြန်တုန်းပင် ဖြစ်ခဲ့သည်။
စာကြောင်း ၃၅ -
၁၉၂၉ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သော ဒေါက်တာရှောလူး၏ ဈာပနာမှာ စည်းကားလှသည်။ ခရစ်ယာန် ဘုန်းတော်ကြီးများသာမက မြန်မာ ဘုန်းတော်ကြီးများပါ တက်ရောက်ခဲ့ကြကြောင်း မှတ်တမ်းများက ဆိုသည်။ ဒေါက်တာ ရှောလူးအား ဂူသွင်း သဂြိုလ်ကြပြီး အုတ်ဂူထက်တွင်
 
<blockquote>'''In Sacred Memory of Dr.Shaw Loo'''</blockquote>
<blockquote>'''Die 10-10-1929'''</blockquote>
<blockquote>'''Age 91 years'''</blockquote>
<blockquote>'''"All the way Saviour Leads me"'''</blockquote>ဟု ရေးထိုးထားပေးပါသည်။ [[ImageFile:Dr -Shaw-Loo-4.png|thumb|150px]]
 
သူ ကွယ်လွန်သော်လည်း သူ၏ အမည်ကား မသေ။ သူ့ဇွဲ၊ သူ့သတ္တိကား မကွယ်၊။ သူ့လုပ်ငန်းကား မမှိန်။ ယနေ့ မြန်မာ ဆရာဝန်များ၏ ဖခင်ကြီးအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံသားများထဲမှ အနောက်တိုင်း ခေတ်မှီ ဆေးပညာကို မြန်မာနိုင်ငံ၌ အဦးဆုံး မျိုးစေ့ချခဲ့သူ အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ မွန်လူမျိုးတို့၏ ဂုဏ်ကို ဆောင်ခဲ့သူအဖြစ်လည်းကောင်း ဒေါက်တာ ရှောလူးသည် ထင်ရှားဆဲပင် ဖြစ်သည်။ ဒေါက်တာရှောလူ၏ ပထမ အိမ်ထောင်ဆက်မှ သမီးများမှာ [[ဥရောပတိုက်]]သားများနှင့် အိမ်ထောင်ကျခဲ့ကြပြီး [[ရန်ကုန်မြို့]]၌ ကွယ်လွန်ခဲ့ကြသည်။ ဒုတိယ ဇနီးဒေါ်ရွှေမှာ ထားဝယ်သူ ဖြစ်ပြီး သမီးကြီး ဒေါ်တင်တင် (အင်မလီးရှောလူး-မော်တလိန်းကျောင်းဆရာမ)၊ သား သောမတ်ရှောခူး ([[မီးရထား]] [[ဆရာဝန်]]) နှင့် သမီးငယ် အဲလစ်ဇတ်ရှောလူး (စိန့်မတ်သရူး ကျောင်းဆရာမကြီး)တို့ကို ဖွားမြင့်ခဲ့ပါသည်။ ဒေါက်တာရှောလူး၏ သမီးကြီး ဒေါ်တင်တင်မှ မွေးဖွားသူ ဒေါ်မေစီမှာ အဖိုးဖြစ်သူ ဒေါက်တာရှောလူးအကြောင်းကို ကောင်းမွန်စွာပြောပြနိုင်ပြီး အသက် ၈၂ နှစ် အရွယ်ထိ ကျန်းမာရေး ကောင်းမွန်နေကြောင်း သိရှိရသည်။
 
မည်သို့ပင် ဖြစ်စေကာမူ ကျွန်ုပ်တို့ မြန်မာနိုင်ငံသားများထဲ၌ အနောက်တိုင်း ဆေးပညာတတ် ဆရာဝန် သည် ၁၉ ရာစုကပင် ပေါ်ပေါက်ခဲ့သည်မှာ ဂုဏ်ယူစရာပင် ဖြစ်လေသည်။ <ref>၂ဝဝ၈-ခုနှစ်၊ဒီဇင်ဘာလ (၂၄)ရက်နေ့ထုန် Weekly Eleven ဂျာနယ်မှ ဆရာတင်နိုင်တိုးရေးသားသော ဆောင်းပါးအား အခြေခံထားသည်။</ref>
<ref>ဆရာ မင်းယုဝေ ရေးသားသော ပထမ မြန်မာများ</ref><ref>http://en.wikipedia.org/wiki/Mawlamyine</ref>
== ကိုးကား ==
<references/>
{{မြန်မာနိုင်ငံ}}
 
[[Category:ပထမ မြန်မာများ]]
{{DEFAULTSORT:ရ}}
 
[[Category:ပထမ မြန်မာများ]]
[[Category:၁၈၃၉]]