စည်းကမ်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး added Category:စည်းကမ်းများ using HotCat
စည်းကမ်းသည် လူဘောင်အဖွဲ့အစည်းတွင် လူများအသက်ဘေးရန် မထိခိုက်နစ်နာစေရန် ချမှတ်ထားသောအရာဖြစ်သည်
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၉ -
 
{{stub}}
စည်းကမ်းဆိုတာကတော့ ကျွန်တော်တို့အားလုံး ကြားဖူးကြတယ်။ လုပ်ငန်းရှင်တွေပဲပြောပြော၊ Leader တွေပဲပြောပြော၊ လုပ်ငန်းတွေမှာ တာဝန်ယူပြီး လုပ်နေကြတဲ့ လူငယ်တွေပဲပြောပြော၊ ဘယ်သူမဆို အားလုံးအတွက် အကျိုးရှိစေမယ့် အယူအဆလေးဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
 
 
(၁) စည်းကမ်းဆိုတာ လူတွေကို ထိန်းချုပ်တဲ့အရာဖြစ်တယ်။
 
လူအများစုက အဲဒီလို ထင်တတ်ကြတယ်။ ကျွန်တော်တို့ နောက်တစ်မျိုး စဉ်းစားကြည့်ရအောင်။ အဲဒါက ဘာလဲဆိုရင် စည်းကမ်းက လူတွေကို ကာကွယ်ပေးတဲ့အရာ ဖြစ်တယ်။ ဥပမာ – ကျွန်တော်တို့ ကားပေါ်မှာ ကားစီးရင် ခါးပတ် ပတ်ရမယ်လို့ ပြောတယ်။ အဲဒီခါးပတ် ပတ်ရမယ်ဆိုတာက ကျွန်တော်တို့ကို ထိန်းချုပ်တာလား။ အသက်အန္တရာယ်မဖြစ်အောင် ကာကွယ်ပေးတာလား။ အသက်အန္တရာယ် မဖြစ်အောင် ကာကွယ်ပေးတယ်လို့ ကျွန်တော်တို့ လက်ခံရမယ်။ အဲဒီနေရာမှာ အချို့ကို တွေ့လိမ့်မယ်၊ ခါးပတ် ပတ်ရမှာကို မပတ်ချင်တော့ ခါးပတ်ခေါင်းကို ထိုးထည့်လိုက်ရင် အသံမြည်တာ ပျောက်သွားအောင်လို့ ကားထုတ်တဲ့လူတွေက သေချာစီစဉ်ထားတာ။ အဲဒါကို ဘာလုပ်လဲဆိုရင် အသံမမြည်အောင် တကယ့်ခါးပတ်ခေါင်းကို မထိုးဘဲ အခြားအရာတခုခုနဲ့ ခါးပတ်ခေါင်းအစား ထိုးထည့်ထားလိုက်တယ်။ အသံဆူတာတော့ ပျောက်သွားတယ်။ ဒါပေမဲ့ သူက Safety တော့ မဖြစ်သွားဘူး။ တကယ့်တကယ်တမ်းမှာ ဒါက ယာဉ်စည်းကမ်းက သတ်မှတ်ထားလို့ ဆိုတာထက် ကိုယ့်ရဲ့အသက်အန္တရာယ် ကာကွယ်ပေးဖို့ဖြစ်တယ်။ ဒါကို ကျွန်တော်တို့ နားလည်ပေးရမယ်။
အဲဒီအတိုင်းပဲ ဆိုင်ကယ်ဦးထုပ် မဆောင်းခြင်း၊ ဆောင်းခြင်းကိစ္စပါ။ ယာဉ်ထိန်းရဲရှေ့မှာဆို ဆိုင်ကယ်ဦးထုပ် ဆောင်းတယ်။ သူတို့ မရှိရင် ဆိုင်ကယ်ဦးထုပ် မဆောင်းတော့ဘူး။ ကိုယ့်ရဲ့အသက်အန္တရာယ်ကို ကာကွယ်ပေးဖို့ပါလား ဆိုတာကို နားလည်မှ အဆင်ပြေမယ်။
ဆိုလိုတာက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို မဟုတ်ဘူး။ ဒါလုပ်လို့ ရတယ်၊ ဒါလုပ်လို့ မရဘူး။ တစ်ချို့ဟာက ကိုယ့်ကြောင့် တစ်ခြားလူ ထိခိုက်တာ ရှိမယ်။ တစ်ချို့အရာတွေက ကိုယ်လုပ်လိုက်လို့ ကိုယ်ဒုက္ခရောက်မယ့်ဟာတွေ ရှိတယ်။ ဒါလေးတွေကို နားလည်ရင်တော့ ရှောင်ရှားပေးမယ်၊ လိုက်နာပေးမယ်ဆိုရင်တော့ ကိုယ့်ကိုယ်တိုင်ရော တခြားသူတွေကိုရော တစ်စုံတစ်ခုမဖြစ်အောင် ကာကွယ်ပေးလို့ရတဲ့အခြေအနေ ဖြစ်လာနိုင်တယ်။ ဒါကို ကျွန်တော်တို့ နားလည်ဖို့ လိုပါတယ်။
 
(၂) စည်းကမ်းဆိုတာ အလုပ်မှာပဲ ရှိသင့်တယ်။
 
စည်းကမ်းဆိုတာ တကယ့်တကယ်တမ်းတော့ အလုပ်မှာပဲ ရှိသင့်တာမဟုတ်ဘူး။ နေရာတိုင်းမှာ ရှိတယ်။ အိမ်မှာ ထုတ်ပြောထားရင်လည်း ပြောမယ်၊ မပြောရင် မပြောဘူး။ အိမ်မှာ အဖေ၊ အမေက ငယ်ငယ်ကတည်းက ဟိုဟာလုပ်လို့ ရတယ်၊ ဒီဟာလုပ်လို့ မရဘူး။ စသဖြင့် စည်းကမ်းတွေ ရှိတယ်။ စည်းကမ်းဆိုတာ လုပ်ငန်းခွင်နဲ့ အပြင်မှာပဲ ရှိတာမဟုတ်ဘူး။ အိမ်မှာလည်း ရှိလို့ရတယ်။ ဒါမှမဟုတ် နိုင်ငံမှာလည်း သူ့ဟာနဲ့သူ စည်းကမ်းရှိတယ်။ ကျောင်းတက်ရင်လည်း ကျောင်းစည်းကမ်းဆိုတာ ရှိတယ်။ အားလုံးက ကိုယ့်ဘယ်အဖွဲ့အစည်းနဲ့ ဘယ်လိုပတ်သက်နေလဲပေါ့။ အားလုံးက ဒီနိုင်ငံမှာနေတာ ဆိုရင်တော့ ဒီနိုင်ငံရဲ့ ဥပဒေစည်းကမ်းတွေကို လိုက်နာကြရပါမယ်။
ကျွန်တော်တို့က ရုံးမှာလုပ်တယ်ဆိုရင် ရုံးက သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာရမယ်။ အိမ်မှာဆိုရင် ရုံးမှာလို စာရွက်စာတမ်းနဲ့ ပြဋ္ဌာန်းထားတဲ့ စည်းကမ်းမဟုတ်ဘူး။ ဒါပေမဲ့ အားလုံးနားလည်ပြီးတော့ ဒါတွေတော့ လုပ်လို့ရတယ်၊ ဒါတွေတော့ လုပ်လို့မရဘူးဆိုတာတွေကို လိုက်နာရပါမယ်။ စည်းကမ်းဆိုတာ လုပ်ငန်းခွင်မှာတင် မဟုတ်ဘူး၊ အိမ်မှာရော အလုပ်မှာရော နေရာတကာမှာ ရှိတယ်ဆိုတာကို ကျွန်တော်တို့ နားလည်ရပါမယ်။
 
(၃) စည်းကမ်းဆိုတာ အခြားသူ သတ်မှတ်တာကို လိုက်နာရမှာဖြစ်တယ်။
 
တကယ့်တကယ်တမ်းမှာ စည်ကမ်းဆိုတာ အဖွဲ့အစည်းက သတ်မှတ်တာ ဖြစ်ချင်ဖြစ်မယ်၊ Leader တစ်ယောက်ယောက်က သတ်မှတ်တာ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ တကယ်လိုက်နာရမယ့် စည်းကမ်းက ဘာလဲဆိုရင် Self-discipline ဖြစ်တယ်။ ကိုယ်ထုတ်တဲ့စည်းကမ်းကို ကိုယ်ကိုတိုင် လိုက်နာရမယ်။ ကျွန်တော်တို့ နားထောင်လိုက်တာနဲ့ သိတယ်။ ဒီကိစ္စတစ်ခုက ဖြစ်သင့်တာလား၊ မဖြစ်သင့်တာလား။ ကိုယ်သာ Leader နေရာဆိုရင် ဘယ်လိုဆုံးဖြတ်မလဲ။ အဲဒီတော့ လူတစ်ယောက် တိုးတက်ဖို့အတွက် အရေးကြီးဆုံးက Self-discipline ရှိလားမရှိဘူးလား ဆိုတာပါပဲ။
Self-discipline ရှိတဲ့လူက လုပ်ရမယ့်အချိန်မှာ လုပ်တယ်။ Self-discipline မရှိတဲ့လူက လုပ်ရမယ့်အချိန်မှာ မလုပ်ဘူး။ အချိန်ကို စီမံခန့်ခွဲမူ မရှိဘူး။ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်တယ်။ အချိန်လွန်မှ အိပ်တယ်။ အစားသောက်တွေ မဆင်ခြင်ဘူး၊ ဂရုမစိုက်ဘူးဆိုရင် ကိုယ့်ဘဝမှာ အောင်မြင်သင့်သလောက် မတိုးတက်နိုင်ဘူး၊ ပျော်ရွှင်သင့်သလောက် မပျော်ရွှင်နိုင်ဘူး။
စည်းကမ်းဆိုတာ လူတွေကို ကာကွယ်ပေးတဲ့အရာဆိုတာက အကယ်၍ ထမင်းစားတဲ့အခါမှာ ဘယ်လောက်လောက်စားသင့်တယ်၊ ဘယ်လောက်လောက် မစားသင့်ဘူး။ ဘယ်အစားစာတွေက ငါစားသင့်တယ်၊ ဘယ်ဟာတော့ မစားသင့်ဘူး။ ဒါမှမဟုတ် ဘယ်အချိန်မှာ စားသင့်တယ်၊ ဘယ်လောက်နောက်ကျသွားရင် မစားသင့်ဘူး။ ဒါမျိုးလေး သေသေချာချာစဉ်းစားမယ်ဆိုရင် သင့်ကို တားဆီးတာမဟုတ်ဘဲနဲ့ ကာကွယ်ပေးတာဖြစ်တယ်။
စည်းကမ်းဆိုတာ လုပ်ငန်းခွင်မှာပဲ ရှိတာ မဟုတ်ဘဲနဲ့ အိပ်တဲ့နေရာ စားတဲ့နေရာ လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာလည်း စည်းကမ်း ရှိနိုင်တယ်။ လေ့လာသင်ယူမူ လုပ်တဲ့အခါမှာလည်း စည်းကမ်း ရှိနိုင်တယ်။ စည်းကမ်းက တခြားသူ ထုတ်တာလား။
စည်းကမ်းက ကိုယ့်ဟာကိုယ် ထုတ်ရမှာ။ ရုံးမှာဆိုရင် ငါလိုက်နာသင့်တဲ့ဟာတွေက ဘာတွေလဲ။ အပြင်မှာ ငါလိုက်နာသင့်တဲ့ဟာတွေက ဘာတွေလဲ။ အဲဒီအတိုင်းပဲ အိမ်မှာ ကိုယ့်ဟာကိုယ်တစ်ယောက်တည်းနေရင် လိုက်နာသင့်တဲ့ဟာက ဘာတွေလဲ။ ဒါမျိုးကို ရသွားမယ်ဆိုရင် တစ်ယောက်ယောက်က ကိုယ့်ကို လိုက်ပြောနေမှ မဟုတ်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းနိုင်တဲ့သူ ကိုယ့်ကိုယ်ကိုယ် ဦးဆောင်နိုင်တဲ့သူ ဖြစ်လာနိုင်တယ်။ လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ်မှ ဦးမဆောင်နိုင်ဘဲနဲ့ အခြားသူကို ဦးဆောင်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ်သိပြီး ဦးဆောင်နိုင်တယ်ဆိုရင် စည်းကမ်းဆိုတာ ဘာလဲ၊ သေသေချာချာ သိဖို့လိုတယ်။ စည်းကမ်းကို သိမှ ကိုယ့်ကိုယ်ကိုယ်ရော အခြားသူတွေကိုရော ဦးဆောင်နိုင်တဲ့လူ ဖြစ်မယ်လို့ ကျွန်တော့်အနေနဲ့ အများကြီး ယုံကြည်ပါတယ်။