ဒဂုန်နတ်ရှင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၂ -
၁၂၆ဝ ပြည့်နှစ်၊ နတ်တော်လဆန်း ၁၁ ရက် (၁၈၉၈ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်) တွင် ဆရာကြီး ဒဂုန်နတ်ရှင်ကို မန္တလေးမြို့၌ ဖွားမြင်သည်။ မိဘနှစ်ပါးမှာ ဦးရှိန်း၊ ဒေါ်ခင်အိုကြီးတို့ဖြစ်သည်။ ဆရာကြီး၏ အမည်ရင်းမှာ ဦးမောင်မောင်ကြီး ဖြစ်သည်။
 
=== ငယ်ဘဝ ===
ဆရာကြီးသည် သုံးနှစ်သား အရွယ်ကပင် မြန်မာစာပေ စတင် သင်ကြားပြီး ရှင်သာမဏေဝတ်ဖြင့် သဒ္ဒါ၊ သင်္ဂြိုဟ် စသည့် လောကုတ္တရာ စာပေများကို ဆည်းပူးသည်။ ထို့နောက် အင်္ဂလိပ် - မြန်မာ နှစ်ဘာသာသင် အထက်တန်းကျောင်းတွင် ဆက်လက် ပညာ သင်ကြားသည်။
 
ဆရာကြီးသည် ငယ်စဉ်ကပင် စာပေ ဝါသနာ ပါခဲ့ပြီး မြန်မာစာပေ၊ အင်္ဂလိပ် စာပေများကို ဖတ်ရှု လေ့လာခဲ့သည်။ အသက် ၁၆ နှစ် အရွယ်က 'ဉာဏ်ကျယ် အုန်းဖေ' ခေါ် ဝတ္ထုတပုဒ် စမ်းသပ် ရေးသားခဲ့ဖူးသည်။ ဂီတကိုလည်း လေ့လာ လိုက်စားခဲ့သည်။ ပျဉ်းမနားတွင် နေထိုင်စဉ် လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ ကန်ဦးဆရာတော်၊ ဟံသာဝတီ ဦးနတ်သား၊ ဝံသရက္ခိ ပိဋကတ်တိုက် ဆရာလှ စသော ပညာရှိများထံ ဆည်းကပ်ပြီး မြန်မာစာပေ၊ ပါဠိ စာပေများ လေ့လာ လိုက်စားခွင့် ရခဲ့သည်။ ပျဉ်မနား၌ပင် သီတင်းသုံးလျက် ရှိသော ပုခန်း ဆရာတော်နှင့် လယ်တီ ဆရာတော်တို့ထံ ဆည်းကပ်ပြီး လောကုတ္တရာ ဆိုင်ရာ ခဲရာခဲဆစ် ပြဿနာများကို မေးမြန်း လေ့လာ ဆည်းပူးခွင့် ရခဲ့သည်။ အထူးသဖြင့် မြန်မာစာပေ နှံ့စပ်သော ကန်ဦးကျောင်း ဆရာတော်၏ ကျေးဇူးကြောင့် မြန်မာ စာပေ အခြေခံ ကောင်းကောင်း ရခဲ့သည်။
=== အလုပ်အကိုင် ===
၁၉၁၉ ခုနှစ်တွင် ကျောင်းမှ ထွက်ပြီးနောက် ကြေးနန်း အင်ဂျင်နီယာ ဌာန မင်းကြီးရုံးတွင် အမှုထမ်းသည်။ မကြာမီ အလုပ်ထွက်၍ ပညာ ဆက်လက် သင်ကြားရင်း 'မော်ဒန် ဘားမားတိုင်း' သတင်းစာတွင် လက်ထောက် အယ်ဒီတာ အဖြစ် ဆောင်ရွက်သည်။ တက္ကသိုလ် သပိတ်မှောက်ပြီးချိန်တွင် ပျဉ်းမနားမြို့၌ နေရှင်နယ် ကျောင်းအုပ် ဆရာကြီး အဖြစ် ဆောင်ရွက်သည်။
 
=== စာပေရေးသားပြုစုခြင်း ===
မဂ္ဂဇင်းများတွင်လည်း 'ပျဉ်းမနား ဦးမောင်မောင်ကြီး'၊ 'မန်းကြည်' ကလောင် အမည်များဖြင့် ကဗျာများ၊ ဝတ္ထုတိုများ ရေးသည်။ ဒဂုန် မဂ္ဂဇင်းသို့ ကဗျာများ ရေးသား ပေးပို့ရာ မဂ္ဂဇင်း မန်နေဂျာက 'ဒဂုန်နတ်ရှင်' ဟူ၍ ကလောင်အမည် မှည့်ပေးရာမှ ထိုအမည်ကို လက်ခံ သုံးစွဲသည်။
 
စာကြောင်း ၂၃ -
မြန်မာစာပြု စာဆို ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိဖြင့် ၁၉၅၅ ခုနှစ်တွင် စာပေဗိမာန် သုတပဒေသာ ဆုကို လည်းကောင်း၊ မြန်မာ့ရိုးရာ ကိန်းဂဏန်း သင်္ချာ စာအုပ်ဖြင့် ၁၉၈၃ ခုတွင် အမျိုးသား စာပေဆုကို လည်းကောင်း ရရှိခဲ့သည်။
 
=== ဘဝနိဂုံး ===
ဆရာကြီးသည် ၁၃၅ဝ ပြည့်နှစ်၊ တပေါင်းလဆန်း ၆ ရက် (၁၉၈၉ ခု၊ မတ်လ ၁၂ ရက်) နေ့တွင် ကွယ်လွန်သည်။
<ref>မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုကာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်တဲ့ ပဉ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ' စာအုပ်</ref>
စာကြောင်း ၃၂ -
# ဒဂုန်ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ။ စာ ၅၃ - ၅၄။
# မလိခ။ မြန်မာစာပေ အဘိဓာန် ၃။ စာ ၁၃၄ - ၁၃၅။
# မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ် ၁၉၉ဝ။ စာ ၂၁၉ - ၂၂၂။
 
[[Category: အတ္ထုပ္ပတ္တိ]]
 
[[Category: အတ္ထုပ္ပတ္တိ]]
[[Category:မြန်မာ စာရေးဆရာများ]]
[[Category:မြန်မာ အမျိုးသား စာရေးဆရာများ]]