နာဇီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
NAZI ဆိုသည်မှာ '''Na'''tionalso'''zi'''alismus အမျိုးသား ဆိုရှယ်လစ်စနစ်ကို အတိုချုပ်ထားခြင်းဖြစ်သည်။
 
== အမျိုးသားဆိုရှယ်လစ်စနစ် (Nationalsocialism) ==
အမျိုးသားဆိုရှယ်လစ်စနစ် သည် အစွန်းရောက်သော လူတစ်စု၏ ဂျူးလူမျိုးမုန်းတီးရေး၊ ကွန်မြူနစ်စနစ် ဆန် ့ကျင်ရေး၊ ဒီမိုကရေစီအယူဝါဒ တော်လှန်ရေး အတွက် လှုံ ့ဆော်လှုပ်ရှားခဲ့သော စနစ်ကြီးတစ်ခုဖြစ်သည်။ အမျိူးသားဆိုရှယ်လစ်စနစ် (german: Nationalsozialismus) သည် ပထမကမ္ဘာစစ်ကြီးအပြီး [[ဂျာမဏီ]]နိုင်ငံတွင် စတင်အမြစ်တွယ်ပေါက်ဖွားခဲ့သည်။
 
== နာဇီတို ့၏လုပ်ဆောင်မှုများ ==
အားဒေါလ်ဖ် [[ဟစ်တလာ]] (Adolf Hitler) ၏ ခေါင်းဆောင်မှုအောက်တွင် [[ဂျာမန် အမျိုးသားဆိုရှယ်လစ် အလုပ်သမားများပါတီ]] (NSDAP) နှင့် သူ၏ ပါတီဝင်များသည် "တတိယပြည်ထောင်" သို ့မဟုတ် "ခေါင်းဆောင်ကြီးဦးစီးသော နိုင်ငံတော်" ဟုဆိုကာ [[နာဇီ]]တို ့၏ "[[အကြွင်းမဲ့အာဏာရှင်စနစ်]]" ကို တည်ထောင်ခဲ့ကြသည်။ ၁၉၃၉ ခုနှစ်မှ စတင်၍ နယ်နိမိတ်ကျူကျော်ရေး စစ်ပွဲများစွာကိုဆင်နွှဲပြီး ဒုတိယကမ္ဘာစစ်မီးစာကို စတင်လောင်ကွျမ်း စေခဲ့သည်။ နာဇီတို ့၏ အုပ်ချုပ်မှုတလျောက် [[ဂျူးသုတ်သင်ရေးစီမံကိန်း]] ကို အစီအစဉ်တကျနှင့် တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ကြသည်။
 
နာဇီတို ့၏ အုပ်စိုးဗိုလ်ကျမှု သည် ၁၉၄၅ ခု မေလ ၈ ရက်နေ ့တွင် [[ဒုတိယ ကမ္ဘာစစ်]]ကြီးနှင့်အတူ အပြီးသတ်ချုပ်ငြိမ်းသွားခဲ့သည်။
 
== နာဇီလက်သစ်များ ==
လက်ယျာအစွန်းရောက်ဝါဒီများသည် ပါတီအဖွဲ ့အစည်းမျိုးမျိုး၊ အသွင်အမျိုးမျိုးဖြင့် နာဇီတို ့၏ အယူအဆ နှင့် သဘောတရားများကို ပြန်လည်အသက်သွင်းလှျက်ရှိကြသည်။ နာဇီတို ့၏ စည်းရုံးရေးလုပ်ငန်းစဉ်များ၊ နာဇီပါတီအဖွဲ ့အစည်းများ၊ ထိုတစ်ချိန်က အသုံးပြုခဲ့သော သင်္ကေတများ၊ အမှတ်အသားများ၊ နာဇီတို ့၏ နှုတ်ဆက်သည့် ဟန်များကို ယနေ ့ ဂျာမဏီနိုင်ငံတွင် ရာဇဝတ်မှုတစ်ခုအနေနှင့် ဥပဒေပြု တားမြစ်ထားသည်။ ဩစတြီယားနိုင်ငံနှင့် အခြားသော နိုင်ငံအများအပြားတွင်လည်း နာဇီစနစ်ဆိုး နောက်ထပ်တစ်ကြိမ် အသက်မဝင်စေရန် ထိုနည်းအတူ ဥပဒေပြု၍ ပိတ်ပင်တားမြစ်လျက်ရှိပါသည်။
 
== ကျမ်းကိုးစာရင်း ==
("http://www.nz-nothanks.blogspot.com" မှကူးယူဖော်ပြသည်)--[[User:Mayor mt|Mayor mt]] ၀၈:၃၇၊ ၃ အောက်တိုဘာ ၂၀၀၉ (UTC)
 
 
[[Category:ဒုတိယ ကမာ္ဘစစ်]]
"https://my.wikipedia.org/wiki/နာဇီ" မှ ရယူရန်