နိကာယ် ငါးရပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၂ -
နိကာယ (နိကာယ်) ဆိုသည်မှာ အစုအဝေးကို ခေါ်သည်။ သုတ္တန်ပိဋကတ်တွင် နိကာယ် ငါးရပ်ရှိသည်။ ဓမ္မဒေသနာတို့အား သဘောတူရာ တူရာစု၍ အောက်ပါအတိုင်း “နိကာယ (အစုအပေါင်း)” ငါးစု (တနည်း နိကာယ် ငါးရပ်) ခွဲခြားခဲ့ကြပါသည်။
 
# ဒီဃနိကာယ - သုတ္တန်အရှည်များ စုစည်းထားသော အုပ်စု
# မဇ္ဈိမနိကာယ - အလယ်အလတ်သုတ္တန်များ စုစည်းထားသော အုပ်စု
# သံယုတ္တနိကာယ - အချင်းချင်း ဆက်နွယ်နေသော သုတ္တန်များအား စုထားသော အုပ်စု
# အင်္ဂုတ္တရနိကာယ - အင်္ဂါအရည်အတွက်အလိုက်စုစည်းထားသော နိကာယ်
# ခုဒ္ဒကနိကာယ - အရွယ်အစား သေးငယ်သော သုတ္တန်များနှင့် အဘိဓမ္မာဒေသနာအုပ်စု
 
 
=== ဒီဃနိကာယ (Collection of Long Discourses) ===
 
ဗုဒ္ဓဒေသနာတော်များအား အကျဉ်းခြုံးလိုက်ပါက သီလ၊ သမာဓိ၊ ပညာဟူသော အုပ်စုသုံးစုရသည်။ ဒီဃနိကာယ်တွင် ပါဝင်သော သုတ်များသည် သီလ, သမာဓိ, ပညာတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဟောကြားထားသော သုတ်များဖြစ်သည်။ မိစ္ဆာဒိဋ္ဌိ ၆၂-မျိုးအကြောင်း ဟောကြားသော ဗြဟ္မဇာလသုတ်၊ ရဟန်းပြုရခြင်း၏ သာမည အကျိုးကျေးဇူးကို အဇာတသတ်မင်းအား ဟောကြားသော သာမညဖလသုတ်၊ ဗုဒ္ဓ၏ နောက်ဆုံးကာလ ဖြစ်စဉ်များအား ဟောကြားထားသော မဟာပရိနိဗ္ဗာနသုတ်၊ နိဗ္ဗာန်သို့ မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော လမ်းစဉ်ဖြစ်သည့် သတိပဋ္ဌာန်လေးပါးကို ဟောကြားသော မဟာသတိပဋ္ဌာနသုတ်၊ မိဘဝတ်, သားသမီးဝတ် စသဖြင့် လူမှုကျင့်ဝတ်များကို ဟောကြားထားသော သိင်္ဂါလောဝါဒသုတ် တို့သည် ဒီဃနိကာယ်လာ သုတ္တန်များဖြစ်သည်။ ယေဘုယျအားဖြင့် ဒီဃနိကာယ်လာသုတ်များသည် ဘာသာခြားတို့အား ဗုဒ္ဓအဆုံးမ, ဗုဒ္ဓသာသနာကို လိုက်နာသူများ ဖြစ်လာစေရန် ရည်ရွယ်၍ ဟောကြားထားသော သုတ်များဖြစ်သည်ဟု ဆိုနိုင်သည်။ အသောကမင်းလက်ထက်တွင် အရှင်သောဏနှင့် အရှင်ဥတ္တရတို့သည် ဒီဃနိကာယ်၏ ပထမဆုံးသုတ်ဖြစ်သော ဗြဟ္မဇာလသုတ်ကို ဟောကြား၍ သုဝဏ္ဏဘုမ္မိအရပ်တွင် သာသနာပြုခဲ့ ခြင်းဖြစ်သည်။
စာကြောင်း ၁၅ -
စုစုပေါင်း သုတ္တန် ၃၄-ပုဒ်ပါဝင်သော ဤဒီဃနိကာယ်အား “ဝဂ္ဂ (=အစု)” ခေါ် အစုသုံးစု ကျမ်းသုံးကျမ်း ခွဲခြားထားသည်။
 
# သီလက္ခန္ဓဝဂ္ဂ (မြန်မာအခေါ် သုတ်သီလက္ခန်) - သုတ်ပေါင်း ၁၃-သုတ်
# မဟာဝဂ္ဂ (မြန်မာအခေါ် သုတ်မဟာဝါ) - သုတ်ပေါင်း ၁၁-သုတ်
# ပါထိကဝဂ္ဂ (မြန်မာအခေါ် သုတ်ပါထေယျ) - သုတ်ပေါင်း ၁၀-သုတ်
 
ပါဠိစာပေတို့တွင် ကျမ်းစာ၏ အရွယ်ပမာဏတို့ကို မရပ်မနားပဲ တစ်ကြိမ်တည်း ရွတ်ဆိုနိုင်သော ပမာဏဖြင့် တိုင်းတာလေ့ရှိသည်။ ယင်းပမာဏအား “ဘာဏဝါရ” ဟုခေါ်သည်။ တစ်ဘာဏဝါရတွင် အက္ခရာအလုံးရည် ရှစ်ထောင်ရှိသည်။ ဒီဃနိကာယ်အား ဘာဏဝါရဟူသော unit ဖြင့်တိုင်းထွာက ၆၄-ဘာဏဝါရ ရှိသည်။
 
=== မဇ္ဈိမနိကာယ (Collection of Middle Length Discourses) ===
 
ဒီဃနိကာယ်လာ သုတ်များသည် ကျယ်ကျယ်ပြန့်ပြန့် ရှည်ရှည်လျားလျား ဟောကြားထားသော သုတ်များဟုဆိုပါက၊ မဇ္ဈိမနိကာယ်မှ သုတ်များသည် နက်နက်ရှိုင်းရှိုင်း ဟောကြားထားသော သုတ်များဟု ဆိုနိုင်သည်။ မဇ္ဈိမနိကာယ်လာ သုတ် အများစုသည် ဗုဒ္ဓဘာသာရဟန်းတော်များအား ရည်ရွယ်ဟောကြားထားသည်ဟု ဆိုနိုင်သည်။ မူလပရိယာယသုတ်၊ သဗ္ဗာသဝသုတ်၊ သမ္မာဒိဋ္ဌိသုတ်၊ ဓာတုဝိဘင်္ဂသုတ်၊ စူဠကမ္မဝိဘင်္ဂသုတ်၊ တဏှာသင်္ခယသုတ်၊ စူဠဝေဒလ္လသုတ်၊ အာနာပါနဿတိသုတ်၊ ဆဆက္ကသုတ် စသော အဓိပ္ပါယ်လေးနက်သည့် သုတ္တန်များသည် မဇ္ဈိမနိကာယ်လာ သုတ်များဖြစ်သည်။
စာကြောင်း ၂၇ -
မဇ္ဈိမနိကာယ်မှသုတ်များသည် အရွယ်အစားအားဖြင့် ဒီဃနိကာယ်မှ သုတ်များလောက် မရှည်လျားသော်လည်း၊ အခြားနိကာယ်များမှ သုတ်များလောက် တိုတောင်းခြင်း မရှိပေ။ ထို့ကြောင့်ပင် မဇ္ဈိမ (အလယ်အလတ်) နိကာယ်ဟု ခေါ်ခြင်းဖြစ်သည်။ မဇ္ဈိမနိကာယ်တွင် သုတ်အရေအတွက်အားဖြင့် ၁၅၂ သုတ်ရှိကာ၊ ကျမ်းတစ်ကျမ်းလျှင် သုတ် ၅၀-ခန့်ဖြင့် ပဏ္ဏာသ ခေါ် ကျမ်း သုံးကျမ်း ခွဲထားသည်။ ပဏ္ဏာသဟူသည် ငါးဆယ်ဟု အဓိပ္ပါယ်ရသည်။
 
# မူလပဏ္ဏာသ (ရှေးဦးအစ သုတ်ငါးဆယ်)
# မဇ္ဈိမပဏ္ဏာသ (အလယ် သုတ်ငါးဆယ်)
# ဥပရိပဏ္ဏာသ (အဆုံးသုတ် ငါးဆယ်)
 
မှတ်ရ, ခေါ်ရလွယ်ရန် ပဏ္ဏာသ (ငါးဆယ်) ဟုဆိုရသော်လည်း နောက်ဆုံး ဥပရိပဏ္ဏာသတွင် သုတ်အရေတွက်အားဖြင့် ၅၂-သုတ်ရှိ၍ စုစုပေါင်း ၁၅၂-သုတ်ရှိသည်။ တဖန် ပဏ္ဏာသတစ်ခုစီတွင် သုတ် ၁၀-သုတ်စီအား “ဝဂ္ဂ”ခေါ် အခန်း တစ်ခန်းစီ ခွဲ၍ ထားသည်။ မဇ္ဈိမနိကာယ် တစ်ခုလုံးအနေဖြင့် ဘာဏဝါရ ၈၀ ရှိ၍ ဒီဃနိကာယ်ထက် ပို၍ အရွယ်ပမာဏကြီးမားသည်။
 
=== သံယုတ္တနိကာယ (Collection of Connected Discourses) ===
 
သံယုတ္တနိကာယ်တွင် အတွဲ ၅-တွဲ (တနည်း ကျမ်း ၅ကျမ်း) ရှိသည်။
# သဂါထာဝဂ္ဂသံယုတ်ကျမ်း
# နိဒါနဝဂ္ဂသံယုတ်ကျမ်း
# ခန္ဓဝဂ္ဂသံယုတ်ကျမ်း
# သဠယတနဝဂ္ဂသံယုတ်ကျမ်း
# မဟာဝဂ္ဂသံယုတ်ကျမ်း
 
သံယုတ္တနိကာယ်တွင် သုတ်အရေအတွက်အားဖြင့် ၇၇၆၂-သုတ် ပါဝင်၍ ဘာဏဝါရအားဖြင့် ၁၀၀ ရှိသည်။ (ဘိက္ခုဗောဓိအလိုအရ သုတ်ပေါင်း ၂၉၀၄-သုတ်သာတွေ့ရသည်ဟု ဆို၏။ ရေတွက်ပုံကွဲလွဲ၍ ဖြစ်ပေမည်။) ကျမ်းတစ်ကျမ်းစီအား အကြောင်းအရာ တူရာတူရာအလိုက် သံယုတ္တခေါ် အခန်းများထပ်မံခွဲထားရာ ကျမ်း ၅-ကျမ်းတွင် စုစုပေါင်း သံယုတ် ၅၆-ခန်းပါဝင်သည်။ တစ်ဖန် ထိုသံယုတ်တို့ကိုလည်း သုတ် ၁၀-သုတ်ခန့်လျှင် ဝဂ္ဂ တစ်ခုစု၍ ထပ်မံခွဲထားပြန်သည်။
စာကြောင်း ၅၂ -
ထို့ကြောင့် ပထမ လေးကျမ်းသည် ခန္ဓာ၊ အာယတန၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ်တရားတို့ကို နားလည် သဘောပေါက်စေ၍ အယူမှားဒိဋ္ဌိတို့ ကင်းစင်စေရန် ရည်ရွယ်ပြီး၊ နောက်ဆုံး မဟာဝဂ္ဂသံယုတ်ကျမ်းသည် ဗောဓိဉာဏ်အတွက် ကျင့်ကြံအားထုတ်မှု ဘာဝနာရှုမှတ်ရန် လမ်းညွှန် တရားဒေသနာတော်များဖြစ်သည်ဟု ဆိုနိုင်သည်။
 
=== အင်္ဂုတ္တရနိကာယ (Collections of Numerical Discourses) ===
 
ဗုဒ္ဓလက်ထက် အိန္ဒိယနိုင်ငံ စာပေသင်ကြားပို့ချသော နည်းစနစ်သည် နှုတ်တိုက်သင်ယူပို့ချသော နည်းစနစ်ဖြစ်သည်။ ထို့ကြောင့် ကျက်မှတ်ရလွယ်ကူစေရန် အချက်အလက် တစ်ခုရှိသောတရားများ၊ အချက်အလက် နှစ်ခုရှိသော တရားများ စသဖြင့် အင်္ဂါ (အချက်အလက်) အရေအတွက်ကို မူတည်၍ သင်ယူပို့ချလေ့ရှိသည်။ အင်္ဂုတ္တရနိကာယ်သည် ဤသို့ အင်္ဂါအချက်လက်အရေအတွက် ပေါ်မူတည်၍ စုစည်းထာသော နိကာယ်ဖြစ်သည်။
စာကြောင်း ၆၀ -
အကြောင်းအရာအားဖြင့်လည်း မဂ်ဖိုလ်နိဗ္ဗာန်အကျိုး၊ တမလွန်အကျိုးများသာမက မျက်မှောက်ဘဝကြီးပွားရေးအတွက် ကျင့်ကြံရမည့် အောင်မြင်ရေး၊ စီးပွားရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ မိသားစုရေး၊ ပေါင်းသင်းဆက်ဆံရေးစသဖြင့် အကြောင်းအရာစုံလှ၏။ ထို့ကြောင့် ဤနိကာယ်သည် ဗုဒ္ဓဘာသာ စွယ်စုံကျမ်းသဖွယ်ဖြစ်နေ၍ မြန်မာ့ယဉ်ကျေးမှု၏ ရေသောက်မြစ်ဟုလည်း တင်စားခေါ်ဆိုကြသည်။
 
=== ခုဒ္ဒကနိကာယ (Collections of Minor Texts) ===
 
ပထမ သံဂါယနာတင်ရာတွင် အရှင်ဥပါလိမထေရ်က ဝိနည်းဒေသနာတော်အား ဖြေဆို၍ စုပေါင်း ရွတ်ဆိုတော်မူခဲ့၏။ ထို့နောက် ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်နှင့် အင်္ဂုတ္တရနိကာယ်တို့ကို ရှင်အာနန္ဒာမထေရ်က ဖြေဆို၍ သံဂါယနာတင်ခဲ့သည်။ ဤသို့ သုတ္တန်ဒေသနာ၏ နိကာယ်ကြီးလေးရပ်အားတင်ပြီးနောက် အဘိဓမ္မာဒေသနာတော်ကို ဆက်လက် တင်တော်မူကြသည်။ ထို့နောက်မှ ကြွင်းသောသုတ္တန်ဒေသနာ အတိုအထွာတို့အား ခုဒ္ဒကနိကာယ်အဖြစ် သံဂါယနာ တင်တော်မူခဲ့ကြသည်။ အချို့သောကျမ်းများ (ဥပမာ မိလိန္ဒပဉှာ)သည် ပထမသံဂါယနာတင်စဉ်တွင် မပါဝင်ပဲ နောက်မှ ထည့်သွင်းထားသော ကျမ်းများဖြစ်၍ အချို့က သံဂါယနာတင်ကျမ်းအဖြစ် အသိမှတ်မပြုကြပေ။ ခုဒ္ဒကနိကာယ်တွင်ပါဝင်သော သုတ္တန်ကျမ်း အရေအတွက်သည် မြန်မာနိုင်ငံမူအရ ၁၈-ကျမ်း၊ သီရိလင်္ကာမူအရ ၁၇-ကျမ်း၊ ထိုင်းနိုင်ငံမူ ၁၅-ကျမ်းပါဝင်သည်။ မြန်မာနိုင်ငံမူအရ ဤသုတ္တန်ကျမ်း ၁၈-ကျမ်းကိုသာမက၊ ဝိနည်းနှင့် အဘိဓမ္မာ ဒေသနာတို့ကိုလည်း ခုဒ္ဒနိကာယ်တွင် ထည့်သွင်း ဖော်ပြလေ့ရှိသည်။
 
# ခုဒ္ဒကပါဌ (ခုဒ္ဒကပါဌ်)
# ဓမ္မပဒ
# ဥဒါန (ဥဒါန်း)
# ဣတ္တိဝုတ္တက (ဣတ္တိဝုတ်)
# သုတ္တနိပါတ (သုတ္တနိပါတ်)
# ဝိမာနဝတ္ထု
# ပေတဝတ္ထု
# ထေရဂါထာ
# ထေရီဂါထာ
# အပဒါန (အပါဒါန်)
# ဗုဒ္ဓဝံသ (ဗုဒ္ဓဝင်)
# စရိယာပိဋက
# ဇာတက (ဇာတ်)
# နိဒ္ဒေသ (မဟာနိဒ္ဒေသ နှင့် စူဠနိဒ္ဒေသ)
# ပဋိသမ္ဘိဒါမဂ္ဂ (ပဋိသမ္ဘိဒါမဂ်)
# မိလိန္ဒပဉှာ
# နေတ္တိ
# ပေဋကောပဒေသ
 
နေတ္တိကျမ်းနှင့် ပေဋကောပဒေသကျမ်းတို့ကို ထိုင်းနိုင်ငံမူတွင် သံဂါယနာတင်ကျမ်းအဖြစ် အသိမှတ်မပြု။ မိလိန္ဒပဉှာကို ထိုင်းနိုင်ငံရော, သီရိလင်္ကာနိုင်ငံကပါ သံဂါယနာတင်ကျမ်းအဖြစ်အသိမှတ်မပြုပေ။
စာကြောင်း ၁၀၃ -
မိလိန္ဒပဉှာကျမ်းသည် ဂရိနွယ်ဖွား တစ်ဦးဖြစ်သော သာဂလပြည်ဘုရင် မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသေန (အရှင်နာဂသိန်)တို့ တရားဓမ္မနှင့်စပ်၍ စကားစစ်ထိုးသော ကျမ်းဖြစ်သည်။
 
=== နိကာယ် ၅-ရပ်တို့၏ ရည်ရွယ်ချက် ===
(၁) မျက်မှောက် အကျိုးစီးပွား (ဒိဋ္ဌဓမ္မ ဟိတသုခ)
 
စာကြောင်း ၁၁၂ -
ထိုရည်ရွယ်ချက်တို့အား ပို့ဆောင်ရန် တရားဒေသနာတို့ကို တစ်ဆင့်ပြီး တစ်ဆင့်လွယ်ရာမှ ခက်ရာသို့ အစဉ်အတိုင်း ဟောကြားထား၏။ ဤသို့ဟောကြားခြင်းအား အနုပုဗ္ဗိကထာ (အစဉ်အတိုင်းသော စကား) ဟု ခေါ်သည်။ ဒါန, သီလမှ အစပြု၍ ကာမဂုဏ်တို့၏ အပြစ်၊ ကာမဂုဏ်တို့မှ လွတ်မြောက်ခြင်းအကျိုးတို့ကို ဟောကြားကာ နောက်ဆုံးတွင် သစ္စာလေးပါးတရားအား ဟောကြားသော အစီအစဉ် ဖြစ်သည်။ ဟောစဉ်အရ ဤသို့ အနုပုဗ္ဗိကထာဖြင့် ဟောကြားသကဲ့သို့ ကျင့်စဉ်အရလည်း သီလ, ဣန္ဒြေတို့ကို လုံခြုံအောင် စောင့်ထိန်းခြင်း, ရောင့်ရဲခြင်း, သမာဓိထူထောင်ခြင်း စသော အနုပုဗ္ဗသိက္ခာ, အနုပုဗ္ဗကိရိယာ, အနုပုဗ္ဗပဋိပဒါ ခေါ် လုပ်ငန်းစဉ်, ကျင့်စဉ်များကို ဟောကြားထားသည်။ ထိုဟောစဉ်များအားဖြစ်စေ, ကျင့်စဉ်များအားဖြစ်စေ အကျဉ်းခြုံးလိုက်ပါက သီလ၊ သမာဓိ၊ ပညာဟူသော သိက္ခာသုံးပါး၊ အုပ်စုသုံးစုရသည်။ နိကာယ် ၅-ရပ်တို့၏ အနှစ်သည် သီလ, သမာဓိ, ပညာဟူသော ဒေသနာစဉ်သုံးပါး၊ ကျင့်စဉ်သုံးပါးဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ရှင်မဟာဗုဒ္ဓဃောသ ပြုစုခဲ့သော ‘ဝိသုဒ္ဓိမဂ္ဂ’ အဋ္ဌကထာသည် ဤ သီလ, သမာဓိ, ပညာသုံးပါးအား အကျယ်ပြန်လည်ဖွင့်ဆိုထားသော နိကာယ် ၅-ရပ်တို့၏ အဖွင့်ကျမ်းတစ်ဆူ ဖြစ်သည်။
 
* နိကာယ် ၅-ရပ်၏ အစိတ်အပိုင်းများကို ပေါင်းစပ်၍ ခြုံငုံကြည့်ပါက တရားဦး ဓမ္မစကြာဒေသနာတွင် ဟောကြားခဲ့သော သစ္စာလေးပါးတရားကို တွေ့ရပါမည်။ နိကာယ် ၅-ရပ်၏ နောက်ဆုံးပန်းတိုင်သည် ဝိမုတ္တိရသခေါ် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းသည့် နိဗ္ဗာန်ချမ်းသာဖြစ်သည်။ နိကာယ် ၅-ရပ်အား အကျဉ်းခြုံးလိုက်ပါက အရိယသစ္စာ (မြတ်သော အမှန်တရား) လေးပါးကို ရသည်။
 
 
=== နိကာယ် ၅-ရပ် ဒေသနာတော်များကို ဖတ်ရှုလိုပါက ===
# ပါဠိတော်များနှင့် ပါဠိတော်မြန်မာပြန်ကျမ်းအစုံကို ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာနတွင် ဝယ်ယူနိုင်သည်။
# ဆရာကြီးဦးဂိုအင်ကာ ဦးစီးသော ဝိပဿနာသုတေသနအသင်း (Vipassanā Research Institute) မှထုတ်သော ဆဋ္ဌသံဂါယနာမူ စီဒီခွေကို အောက်ပါ link တွင် မှာယူနိုင်ပါသည်။
http://www.vri.dhamma.org/publications/cdorder.html
 
# ပိဋကတ်သုံးပုံ မြန်မာပြန် အစုံအား အောက်ပါ link တွင် download လုပ်ယူနိုင်သည်။
http://www.mediafire.com/?qjcxnohtgmh
 
# အကယ်၍ အကျဉ်းချုပ်ကို ဖတ်ရှုလိုပါက ဓမ္မာစရိယဦးမောင်မောင်လေး၏ ပိဋကတ်အနှစ်ချုပ် စာအုပ်များတွင် ဖတ်ရှုနိုင်ပါသည်။
 
== စာညွှန်း ==
# ပါဠိတော်မြန်မာပြန်ကျမ်းများ (ကျမ်းဦးမှတ်ဖွယ်များ)
# U Ko Lay – The compedium of Buddhism: Guide to Tipiṭaka.
# A.K. Warder- Indian Buddhism.
# ဓမ္မာစရိယဦးမောင်မောင်လေး – ပိဋကအနှစ်ချုပ် ဒီဃနိကာယ်
# ဓမ္မာစရိယဦးမောင်မောင်လေး – ပိဋကအနှစ်ချုပ် မဇ္ဈိမနိကာယ်
# ဓမ္မာစရိယဦးမောင်မောင်လေး – ပိဋကအနှစ်ချုပ် သံယုတ္တနိကာယ်
# ဓမ္မာစရိယဦးမောင်မောင်လေး – ပိဋကအနှစ်ချုပ် အင်္ဂုတ္တရနိကာယ်
# Bhikkhu Bodhi – In the Buddha’s Words: Anthology of Discourses from the Pāḷi Canon.
# Maurice Walshe – The Long Discourses of The Buddha: A Translation of Dīgha Nikāya.
# Bhikkhu Ñānamoḷi and Bhikkhu Bodhi – The Middle Length Discourses of the Buddha: A Translation of the Majjhima Nikāya.
# Bhikkhu Bodhi – The Connected Discourses of the Buddha: A Translation of Saṃyutta Nikāya.
# Bhikkhu Bodhi – Numerical Discourses of the Buddha: An Anthology of Suttas from Aṅguttara Nikāya.--[[User:Mayor mt|Mayor mt]] 07:31, 11 မေ 2009 (UTC)
{{ဗုဒ္ဓဘာသာ}}
 
[[Category:ဗုဒ္ဓဘာသာ]]