နျူကလီးယားစွမ်းအား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
[[File:Nuclear.1.jpg|thumb|alt=Nuclear_01|အီကာတာ နျူကလီးယား ဓါတ်အားပေးစက်ရုံ ၊ ရေဖိအားသုံး ဓါတ်ပေါင်းဖို၊ ပင်လယ်ရေနှင့် ထပ်ဆင့်အအေးဖလှယ်၍ အအေးပေးထားသည်။]]
[[File:Nuclear.2.jpg|thumb|alt=Nuclear_02|ဆပ်ဂွီးဟာနရေနွေးငွေ့ လျှပ်စစ်စက်ရုံ၊ ရေပူသုံးဓါတ်ပေါင်းဖို၊ ဓါတ်ပေါင်းဖိုများသည် လေးထောင့်ပုံ အခန်းလုံ အဆောက်အဦးထဲတွင်ရှိပြီး၊ အအေးခံခေါင်းတိုင်များသို့ မျက်နှာမူထားသည်။]]
[[File:Nuclear.3.jpg|thumb|alt=Nuclear_03|
နျူကလီးယားစွမ်းအင်သုံး သင်္ဘောသုံးစီး (အထက်မှ အောက်) နျူကလီးယားတိုက်သင်္ဘော ယူအက်စ်အက်စ် ဘိန်းဘရစ် (USS Bainbridge) နှင့် ယူအက်စ်အက်စ်လောင်းဘိချ် (USS Long Beach) ၊ ယူအက်စ်အက်စ် အင်တာပရိုက်စ် –၁၉၆၄ ခုနှစ်တွင် ပထမဆုံးသော နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောမှ သင်္ဘောသားများသည် အိုင်စတိုင်း(Einstein) ၏ ဒြပ်-စွမ်းအင်ညီမျှခြင်းပုံသေနည်း E=mc² ကို ကုန်းပတ်ပေါ်တွင် ရေးထားသည်။]]
 
နျူကလီးယားစွမ်းအားသည် စွမ်းအင်တစ်ခုဖြစ်ပြီး နျူကလီးယားဓါတ်ပြုမှုများ (ဥပမာ –ပေါက်ကွဲမှု မရှိသော) ထိန်းချုပ်ထားရာမှ ထုတ်ယူရရှိသည်။ ရောင်းတန်းစက်ရုံများသည် လက်ရှိအချိန်တွင် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန်အတွက် နျူကလီးယားပြိုကွဲမှု တုံ့ပြန်ချက်များကို အသုံးပြုသည်။ လျှပ်စစ်သုံးစွဲမှုအတွက် ဓါတ်ပေါင်း ဖိုများသည် ရေကို အပူ ပေးပြီး ထွက်ရှိလာသည့်ရေနွေးငွေ့ကို လျှပ်စစ်ဓါတ်အားထုတ်လုပ်ရာတွင် အသုံးပြုသည်။
၂၀၀၉ ခုနှစ်တွင် ၁၅ ရာခိုင်နှုန်း သော ကမ္ဘာကြီး၏ သုံးစွဲနေသည့်လျှပ်စစ်ဓါတ်အားသည် နျူကလီးယားစွမ်းအင်မှ လာသည်။ ထိုနည်းတူစွာ ၁၅၀ ထက်များသော နျူကလီးယားတွန်းအား သုံးစစ်ရေယာဉ်များ ကို နျူကလီးယား ပါဝါသုံး ၍ တည်ဆောက်ခဲ့ပြီးဖြစ်သည်။
 
== သုံးစွဲမှု ==
[[File:Nuclear.4.jpg]]
 
စာကြောင်း ၂၃ -
ဓါတ်ပေါင်းဖို ၄၃၉ လုံးသည် စက်လည်ပတ်နေသည်ဟု နိုင်ငံတကာအနုမြူ စွမ်းအင် အေဂျင်စီ (IAEA) မှ အစီရင်ခံထားသည်။
 
== နိုင်ငံတကာ၏နျူကလီးယားစွမ်းအင်ကို သုံးစွဲမှုများ ==
အမေရိကန်နိုင်ငံသည် နျူကလီးယားစွမ်းအင်ကို အများဆုံးသုံးစွဲသည့်နိုင်ငံဖြစ်ပြီး၊ တစ်နိုင်ငံလုံး လျှပ်စစ်ဓါတ်အား သုံးစွဲမှု၏ ၁၉ ရာခိုင်နှုန်းကို နျူကလီးယားစွမ်းအားမှ ရယူထားသည်။ ၂၀၀၆ ခုနှစ် စာရင်းအရ [[ပြင်သစ်နိုင်ငံ]]သည် နျူကလီးယား ဓါတ်ပေါင်းဖိုမှ ထုတ်လုပ်သည့် လျှပ်စစ်စွမ်းအားသည် ရာခိုင်နှုန်းအားဖြင့် အမြင့်ဆုံးဖြစ်ပြီး၊ လျှပ်စစ်ဓါတ်အား အားလုံး၏ ၈၀ ရာခိုင်နှုန်း ကို ထုတ်လုပ်နေသည်။
ဥရောပသမဂ္ဂတစ်ခုလုံးအနေဖြင့် နျူကလီးယားစွမ်းအင်သည် လျှပ်စစ်ဓါတ်အား အားလုံး၏ ၃၀ ရာခိုင်နှုန်း ကို ထုတ်ပေးသည်။ ဥရောပသမဂ္ဂနိုင်ငံများနှင့် ဩစတီးယား၊ အက်စ်တိုးနီးယားနှင့် အိုင်ယာလန် နိုင်ငံတို့ကဲ့သို့သော နိုင်ငံများအကြား ရှိကြသော တက်ကြွမှုမရှိသည့် နျူကလီးယားဓါတ်အားပေးစက်ရုံများ၏ခြားနားသောနျူကလီးယားစွမ်းအင်မူဝါဒသည်မတူညီပါ။ နှိုင်းယှဉ်ကြည့်
လျှင် [[ပြင်သစ်နိုင်ငံ|ပြင်သစ်]]တွင် မျိုးစုံသုံးစက်ရုံ ၁၆ ခု အပါအဝင် အရေအတွက်များစွာသော နျူကလီးယား စက်ရုံ များကို လက်ရှိသုံးစွဲနေသည်။
[[အမေရိကန်နိုင်ငံ]]တွင် ကျောက်မီးသွေးနှင့်ဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားထုတ် စက်မှု လုပ်ငန်းသည် မြင့်တက်လာလျက်ရှိပြီး၊ ၂၀၁၃ ခုနှစ်တွင် တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၈၅ ဘီလီယံဒေါ်လာအထိ ဖြစ်လာမည်။ ထိုအချိန် တွင် နျူကလီးယားဓါတ်အားပေးစက်ရုံများ၏ တန်ဖိုးကြိုတင်ခန့်မှန်းချက်မှာ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံဒေါ်လာသာရှိသည်။ များစွာသော စစ်တပ်သုံးနှင့် အရပ်ဘက်သုံး (ရေခဲခွဲသင်္ဘောကဲ့သို့သော) [[သင်္ဘော]]များသည် နျူကလီးယား တွန်းအားပုံစံတစ်မျိုးဖြစ်သည့် နျူကလီးယားရေကြောင်းသုံးတွန်းအားကို သုံးစွဲကြသည်။ အနည်းငယ်သောအာကာသ ယာဉ်များသည် အပြည့်သုံး နျူကလီးယား ဓါတ်ပေါင်းဖိုများကို သုံးစွဲ၍ လွှတ်တင်နေကြသည်။ ဆိုဗီယက်ရုရှား၏ ရော်ဆက် (RORSAT) ပုံစံ အာကာသယာဉ်များနှင့် အမေရိကန်၏ စနပ် – ၁၀ A (SNAP-10A) အာကာသယာဉ်များ။
နိုင်ငံတကာ သုတေသနသည် သွယ်ဝိုက်၍ လုံခြုံစိတ်ချရသော စက်ရုံများကဲ့သို့ ဖြစ်လာစေရန် စိတ်ချရေး၊ တိုးတက်ကောင်းမွန်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကြိုးပမ်းဆောင်ရွက်မှုဆိုသည်မှာ နျူကလီးယား ဓာတ်ပြုပေါင်းစပ်မှု အသုံးပြုခြင်းနှင့် လုပ်ငန်းမှ ထွက်လာသည့်အပူကို အပိုအသုံးပြုခြင်းအနေဖြင့် ဟိုက်ဒရိုဂျင် ထုတ်လုပ် (ဟိုက်ဒရိုဂျင်စီးပွားရေးအထောက်အကူပြုရာတွင်)ပြီး၊ ပင်လယ်ရေမှ ဆားသန့်စင်ဖယ်ရှားခြင်းနှင့် လူနေရပ်ကွက် အပူပေးခြင်း လုပ်ငန်းများတို့တွင် သုံးစွဲနိုင်သည်။
 
== နျူကလီးယား ဓါတ်ပြုပေါင်းစပ်မှု ==
နျူကလီးယား ဓါတ်ပြု ပေါင်းစပ်မှု များသည် နျူကလီးယား ပြိုကွဲခြင်းထက် ပိုမိုလုံခြုံစိတ်ချရပြီး၊ ရေဒီယို သတ္တိကြွ စွန့်ပစ်ပစ္စည်းများ ထုတ်လွှတ်မှုနည်းပါးသည်။ ထိုဓါတ်ပြုမှုများသည် အဆင်ပြေချောမွေ့နိုင်သည်ဟု ပေါ်လွင်နေသော်လည်း၊ နည်းပညာအားဖြင့် အတော်အတန်အခက်အခဲရှိပြီး လည်ပတ်နိုင်လောက်သည့် စက်ရုံသုံးဓါတ်အား အဆင့်ထိ ဖန်တီးထုတ်လုပ်နိုင်သည်။ ၁၉၅၀ ခုနှစ် များမှ စ၍ ယခုချိန်တိုင်နျူကလီးယားဓါတ်ပြုပေါင်းစပ်မှုစွမ်းအားကို စာတွေ့နှင့် လက်တွေ့အားဖြင့် ပြင်းပြင်းထန်ထန်စူးစမ်းရှာဖွေခဲ့ကြသည်။
 
== အာကာသတွင် အသုံးပြုခြင်း ==
နျူကလီးယား ဓါတ်ပြိုကွဲခြင်းနှင့် ဓာတ်ပြုပေါင်းစပ်ခြင်းနှစ်ရပ်လုံးသည် အာကာသပျံသန်းရေး ဆက်စပ်ပစ္စည်း များအတွက် အာမခံချက်အဖြစ် ပေါ်ထွက်လာပြီး၊ အနည်းငယ်မျှသောထုထည် ဓါတ်ပြုခြင်းဖြင့်အာကာသခရီးသို့အလျင်အမြန်သွားနိုင်ရန်ဆောင်ရွက်ပေးနေသည်။ဤကဲ့သို့ဖြစ်လာရခြင်းသည်နျူကလီးယားဓာတ်ပြုမှုများ၏အလွန်မြင့်မားသောစွမ်းအင်သိပ်သည်းဆကြောင့်
ဖြစ်သည်။ ဓာတုပစ္စည်းဓါတ်ပြုခြင်းများဖြင့် အသုံးပြုနေသည့် ယနေ့ခေတ်ဒုံးပျံများ၏ စွမ်းအားထက် နျူကလီးယားဓာတ်ပြု မှုသည် သုည ရ လုံး (၁၀၀၀၀၀၀၀ အဆ) ပိုမို စွမ်းဆောင်နိုင်သည်။
ရေဒီယိုသတ္တိ်ကြွမှု အကြွင်းအကျန်ကို အသေးစား (ကီလိုဝပ်အနည်းငယ်) ကိစ္စရပ်များတွင် သုံးစွဲပြီး၊ အများစုအနေဖြင့် အာကာသခရီးသွားများနှင့် စမ်းသပ်ဆောင်ရွက်မှုများအတွက် လျှပ်စစ်ဓါတ်အားပေးရာတွင် သုံးစွဲ သည်။
 
== နျူကလီးယားစွမ်းအား၏ ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုများ ==
 
'''သံသရာလည်နေသည့် မှန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှင့်မှုများ၏ နှိုင်းယှဉ်ချက်များ'''
စာကြောင်း ၄၄ -
ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှင့်မှုများ၏ သံသရာလည်မှု ခွဲခြမ်းစစ်ဆေးခြင်း (LCA) အပေါ် နှိုင်းယှဉ်ချက် အများအပြားတွင် ဖော်ပြထားသည်မှာ နျူကလီးယားစွမ်းအားသည် ပြန်လည်အသစ်လဲနိုင်သည့် စွမ်းအင်အရင်းအနှီးများနှင့် တန်းတူ နှိုင်းယှဉ်နိုင်သည်။
 
== နျူကလီးယားစွမ်းအားအပေါ် ငြင်းခုံမှု ==
နျူကလီးယားစွမ်းအားငြင်းခုံမှုသည် ကြာရှည်အငြင်းပွားမှု အကြောင်းဖြစ်ပြီး၊ ယင်းအငြင်းပွားမှုသည် အရပ်ဘက် အသုံးပြုရန် ရည်ရွယ်ချက်များအတွက် နျူကလီးယားလောင်စာမှ လျှပ်စစ်ဓါတ်အားထုတ်လွှတ်မည့် နျူကလီးယား ဓါတ်ပေါင်းဖိုများ သုံးစွဲမှုနှင့် နေရာချထားမှုတို့ကို လွှမ်းခြုံထားသည်။ နျူကလီးယားစွမ်းအားအကြောင်း ငြင်းခုံမှုသည် ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များအတွင်း အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ၊ ထိုအချိန်တွင်ပင် ငြင်းခုံမှုသည် နိုင်ငံအချို့တွင် “နည်းပညာအငြင်းပွားမှုများ သမိုင်းတွင် မကြုံဖူး၊ မကြားဖူးလောက်အောင် ပြင်းထန်သောမှတ်တမ်းဝင် သွားသည်။”
 
နျူကလီးယားစွမ်းအားသည် ရေရှည်တည်တန့်သော စွမ်းအားအရင်းအနှီးတစ်ခုဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချ၍၊ နိုင်ငံခြားရေနံအပေါ် မှီခိုအားထားမှုကို လျော့ကျစေခြင်းဖြင့် စွမ်းအင်စိတ်ချလုံခြုံမှုကို တိုးပွားစေသည်။ဝါဒဖြန့်ချီသူများ ပြောထားသည်မှာ နျူကလီးယားစွမ်းအားသည် ပြောနေကျလေထုညစ်ညမ်းမှု ဖြစ်စေသည့် မှန်လုံအိမ် ဓါတ်ငွေ့များနှင့် မီးခိုးမှိုင်းတို့ကို ဖြစ်ပေါ်စေခြင်းမရှိဘဲ၊ ရုပ်ကြွင်းလောင်စာများ၏ အဆင်အပြေ ဆုံးအစားထိုးလောင်စာအဖြစ် ခြားနားလျက်ရှိသည်။ ဝါဒဖြန့်ချီပြောဆိုနေသူများသည် အနောက်နိုင်ငံများအတွက် စွမ်းအင်အမှီအခိုကင်းရေးအောင်မြင်မှုရရန်၊ နျူကလီးယားစွမ်းအားသည် တစ်ခုတည်းသော ပြေလည်စေမည့် လမ်းကြောင်း ဖြစ်သည်ဟု ယုံကြည်ထားကြသည်။