ပန်းချီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
[[ImageFile:POT (1) copy.jpg|right|ပန်းချီဆရာ ပေါ်ဦးသက် ၏ ရေဆေးပန်းချီကား]]
== ပန်းချီ ==
ဆေးခြယ်ခြင်း (Painting) ဆိုသည်မှာ မျက်နှာပြင်တစ်ခုခု ([[စက္ကူ]]၊ [[ကင်းဗတ်စ]]၊ [[သစ်သား]]၊ မှန်) ပေါ်တွင် အရောင်ဖြင့် အသက်သွင်းခြင်းဟု ယေဘုယျ ဆိုနိုင်သည်။ သို့သော် အနုပညာဉာဉ်ဖြင့်ဆိုရလျှင် ပန်းချီရေးခြင်းဟု သတ်မှတ်ရမည်ဖြစ်ပြီး ပုံတူဆွဲယူခြင်း၊ ပုံဖွဲ့ယူခြင်း (Composition) များကို အနုပညာရှင်၏ အယူအဆအလိုက် ဖန်တီးမည် ဖြစ်သည်။
 
ပန်းချီရေးခြင်းသည် ပြင်ပလောက၌ ရှိနေသည်များကို ပြန်လည် သရုပ်ဖော် အသက်သွင်းခြင်းပင်ဖြစ်သည်။ ပန်းချီပုံသဏ္ဍန်ဖြင့် ပြန်လည်တင်ပြရာတွင် ပုံစံအမျိုးမျိုးရှိနိုင်ပါသည်။ မြန်မာ့ရှေးရိုး [[တစ်ကြောင်းရေးပန်းချီ]] မှသည် ယခုခေတ် [[ပို့စ်မော်ဒန်]] အထိဖြစ်နိုင်ပါသည်။ မြန်မာပန်းချီတွင် အခြေပြု လွှမ်းမိုးခဲ့သည်မှာ [[ဗုဒ္ဓဝင်]]ဆိုင်ရာများနှင့်[[မင်းခမ်းမင်းနား]] မှတ်တမ်းတင်ချက်များအပြင် နှောင်းပိုင်းတွင် [[ပုံတူရေးဆွဲခြင်း]]များဖြစ်ပါသည်။
 
=== ခြုံငုံဖော်ပြချက် ===
ပန်းချီရေးဆွဲရာတွင် [[အရောင်]] နှင့် တုန်း (Tone) ဟုခေါ်သည့် အလင်းအမှောင်ရောင်များ ခွဲခြား အသုံးပြုမှု၊ အသုံးချကစားနိုင်မှုမှာ အရေးပါသည်။ ပန်းချီကျော်များတွင် သူတို့၏“ဟန်”ဟု ဆိုရမည့် အရောင်အသုံးပြုမှုများရှိသည်။ ပန်းချီရေးဆွဲမှုတွင် သီဝရီသဘောအလိုက် များစွာကွဲပြားမှုရှိသည်။ ကျူဘစ်ဆင်၊ အင်ပရက်ရှင်၊ ပို့စ် အင်ပရက်ရှင်၊ အိပ်က်စ်ပရက်ရှင်၊ ဒါဒါရီဇင် စသည်ဖြင့်။
 
မော်ဒန် (Modern) နှင့် ခေတ်ပြိုင် ပန်းချီ (Contemporary Art) များသည် ရှေးရိုးအယူများမှ သိသိသာသာခွဲထွက်လာကြသည်။
 
=== ပန်းချီသမိုင်း ===
ရှေးအကျဆုံးပန်းချီရုပ်ပုံကို [[ပြင်သစ်နိုင်ငံ]] Grotte Chauvet မှာ တွေ့ရသည်။ သမိုင်းပညာရှင်များ၏ အဆိုအရ နှစ်ပေါင်း ၃၂,ဝ၀ဝ သက်တမ်းရှိပြဟုဆိုပါသည်။ ဂူနံရံပေါ်တွင် မြေစေးတစ်မျိုးကို သုံးပြီးရေးထားတာဖြစ်ပြီး ရုပ်ပုံကားချပ်ထဲတွင် မြင်း၊ ကြံ့၊ ခြင်္သေ့၊ ကျွဲ၊ ကမ္ဘာဦးဆင်ကြီးတွေနှင့် လူပံများပါပြီး အများအားဖြင့် အမဲလိုက်နေကြသည်ကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ပြင်သစ်မှာကဲ့သို့ ဂူနံရံဆေးရေးပန်းချီများကို [[စပိန်]]၊ [[ပေါ်တူဂီ]]၊ [[တရုတ်]]၊ [[ဩစတြေးလျ]] နှင့် [[အိန္ဒိယ]]တို့တွင်လည်း ရှိကြသည်။
 
အနောက်တိုင်းတွင် ဆီဆေး၊ ရေဆေး အသုံးပြုပြီး ပန်းချီရေးဆွဲမှုအတတ်သည် အသုံးလည်းများ၊ အလွန်လည်း ထွန်းကားလှသည်။ အရှေ့တိုင်းမှာတွင်မူ မှင်ကို အားပြုရေးဆွဲပြီးမှ ဖြစ်ပေါ်တိုးတက်လာသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံတွင် တစ်ကြောင်းရေးပန်းချီ၊ ပရပိုက်ပန်းချီ၊ ယွန်းပန်းချီ စသည်ဖြင့် ဖြစ်ပါသည်။
 
== ရသသဘောနှင့် ပန်းချီသီဝရီ ==
အနုရသ (Aesthetics) ဆိုသည်မှာ “အလှတရားကို စနစ်တကျ ပုံဖော်တင်ပြမှု” (Science of Beauty) ဖြစ်သည်။ ၁၈ ရာစုနဲ့ ၁၉ ရာစုလောက်တွင် ဒဿနပညာရှင် [[ကန့်တ်]] (Kant) နှင့် ဟေဂယ် (Hegel) တို့က အထူးတလည် ဆွေးနွေး တင်ပြခဲ့ကြသည်။ ရှေးရိုးဂန္ထဝင်ဒဿနသမားကြီးများဖြစ်ကြသော [[ပလေတို]] နှင့် [[အရစ္စတိုတယ်]] တို့က အနုပညာနှင့် ပန်းချီအပေါ် ဖွင့်ဆိုခဲ့ကြခြင်းများ ရှိပါသည်။ ပလေတိုကမူ ပန်းချီဆရာများကိုရော၊ ပန်းပုဆရာမျာကိုပါ သူ၏ အတွေးအခေါ်တင်ပြချက်များထဲတွင် အကောင်းမပြောခဲ့ချေ။ ပန်းချီသည် ပကတိတရား (Truth) ကို မထင်ဟပ်နိုင်၊ အမှန်တရားကို တုပရုံမျှ (လောက တွေ့သိတတ်မှုကို အရိပ်ထင်ရုံမျှ) သာဟု ဆိုခဲ့သည်။ ပုံသွင်းအတတ်၊ ဖိနပ်ချုပ်အတတ်နှင့် သံပုံသွန်းတဲ့ အတတ်သာသာပဲဟုလည်း ပြောပါသေးသည်။ ပြောရမည်ဆိုလျင်လည်း ရှေးခေတ်ဂရိပန်းချီများသည် [[လီယိုနာဒို ဒါဗင်စီ]]တို့ ခေတ်ဘက်ပိုင်းကကဲ့သို့ သဘာဝကျကျ ရေးပြနိုင်ခြင်းတော့ မရှိသေးပါ။ လီယိုနာဒို ဒါဗင်ချီကမူ တမျိုးယူဆပါသည်။ "Pittura est cousa mentale" ဟုဆို၏။ အင်္ဂလိပ်လို "painting is a thing of the mind"ဖြစ်သည်။ “ပန်းချီရေးတာဟာ စိတ်အလုပ်ပါ၊ နာမ်ခံစားမှုနဲ့ သွားတာပါ”ဟု ဆိုသည်။ ဒဿနပညာရှင် ကန့်တ်က အလှတရား (Beauty) နှင့် သိမ်မွေ့နက်နဲမှု (Sublime) ကို ထပ်ပြီး ခွဲခြားပါသေးသည်။ Sublime ကို အသားပေးခဲ့သော်လည်း ကန့်တ်က ပန်းချီကို ညွှန်းဆိုခဲ့သည် မဟုတ်ပါ။ နောက်ပိုင်းတွင် ပန်းချီဆရာများဖြစ်သော တာနာ (Turner) နှင့် ကပ်စပါ ဒေးဗစ် ဖရက်ဒရစ် (Caspar David Friedrich) တို့က Sublime အယူကို ပန်းချီတွင် ရည်ညွှန်း သုံးစွဲလာခဲ့သည်။
 
စာကြောင်း ၂၄ -
၁၉၈၀ ပြည့်နှစ်တွင် ပါရီမြို့သား ပန်းချီဆရာ [[မောရိုက်စ် ဒင်းနစ်]] (Maurice Denis) [http://en.wikipedia.org/wiki/Maurice_Denis] က ထင်ရှားလှသော အဆိုပြုချက်တစ်ခုကို တင်ပြလာပါသည်။ “စစ်မြင်း၊ ကိုယ်လုံးတီးမိန်းမ၊ ဇာတ်ကွက်သရုပ်ဖော်၊ ဘာပုံတွေပဲဖြစ်ဖြစ် ပန်းချီကားဆိုတာ အဓိက,ကတော့ မျက်နှာပြင်ပြားပြားပေါ်မှာ အရောင်တွေကို စနစ်တကျစုစည်းထားတာပဲဖြစ်တယ် ဆိုတာ မမေ့ပါနဲ့” [http://uk.encarta.msn.com/encyclopedia_761563353/abstract_art.html] ဟုဆိုသည်။ ဤသို့ဖြင့် ကျူဗစ်ဆင်စသည့် ပန်းချီနိဿယများ ဖွံ့ဖြိုးလာခဲ့ပြီး ရှေးယခင်က အဓိကဖြစ်ခဲ့သည့် ပြင်ပကမ္ဘာနှင့် သဘာဝကို လိုက်လံ ထင်ဟပ်နေရသည်ဆိုခြင်းထက် ပန်းချီသည် ပန်းချီပဲဆိုသည့် အယူအဆဘက်သို့ ရွေ့လျောလာပါသည်။ မကြာသေးမီက ပန်းချီနှင့် ပတ်သက်သော အတွေးအခေါ်များကို ရေးခဲ့သူမှာ ပန်းချီဆရာ၊ စာရေးဆရာ [[ဂျူလီယန် ဘဲလ်]] (Julian Bell) ဖြစ်သည်။ “ပန်းချီဆိုတာ ဘာလဲ” (What is Painting?) ဆိုသည့် သူ၏ စာအုပ်ထဲတွင် ဘဲလ်က သမိုင်းတလျောက် ဖြစ်ပေါ်တိုးတက်မှုတွင် ပန်းချီသည် ခံစားချက်နှင့် ဒဿနကိုဖော်ပြသည်ဟု ခံယူထားပါသည်။ “In Mirror of the World” တွင် ဘဲလ်က “A work of art seeks to hold your attention and keep it fixed: a history of art urges it onwards, bulldozing a highway through the homes of the imagination.” ဟု ရေးခဲ့သည်။ “ပန်းချီလက်ရာဟာ အာရုံကိုဖမ်းစားဖို့နဲ့ နစ်မျောနေစေဖို့ပါ။ ပန်းချီသမိုင်းက ဒီလိုဆက်သွားဖို့ ညွှန်းနေပါတယ်။ မှန်းဆမြင်ယောင်ခြင်းဆိုတဲ့ နေရာအိမ်တွေအထိ အဝေးပြေးလမ်းမကြီး ဖောက်သွားဖို့ပါပဲ”ဟု။
 
=== ပန်းချီကြားခံသုံးပစ္စည်းများ ===
- [[အခရစ်လစ်]](Acrylic) ခေါ် ဆီ၊ ရေ နှစ်မျိုးသုံးဆေး
 
စာကြောင်း ၄၃ -
- [[ရေဆေး]] (Water Color)
 
== မြန်မာပြည်တွင် ခေတ်စားသော ပန်းချီရေးနည်း နိဿယများ ==
 
- [[စိတ္တဇပန်းချီ]] (Abstract)
စာကြောင်း ၅၃ -
- [[ခေတ်ပြိုင်ပန်းချီ]] (Contemporary Art)
 
- [[ပါတိတ်ပန်းချီ]] ( Art)
 
- ([[Graffiti Art]])
စာကြောင်း ၆၉ -
- [[သရုပ်မှန်]] (Realism)
 
=== မြန်မာပန်းချီဖြစ်ပေါ်တိုးတက်မှု ===
[[မြန်မာပန်းချီ]] တွင် ကြည့်ပါ။<br />
'''မြန်မာ့ပန်းချီရေစီးကြောင်းအကျဉ်းချုပ်'''
 
စာကြောင်း ၇၈ -
ညောင်ရမ်းခေတ်တွင်မူ အိန္ဒိယဟန်နည်းပါးသွားပြီး မြန်မာဆန်ဆန်ရေးဆွဲလာကြသည်။ ပုဂံရှိ တိလောကဂုရုလှိုဏ်ဂူအတွင်း နံရံဆေးရေးလက်ရာများကို လေ့လာလျှင် ဗုဒ္ဓဝင်ခန်းများ၊ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်မှ ကောက်နှုတ်သရုပ်ဖော်ချက်များ၊ ကနုတ်ပန်းများသည် မြန်မာမှုမြန်မာ့ဟန်ကို အလေးကဲ၍ မြန်မာဆန်ဆန်ရေးဆွဲလာကြောင်း တွေ့ရသည်။
ကုန်းဘောင်ခေတ်တွင် ရေးခြယ်ခဲ့သော ဥပါလိသိမ်မှ နံရံပန်းချီလက်ရာများ ပုဂံမြို့ဟောင်းရှိ အာနန္ဒာအုတ်ကျောင်း ပန်းချီလက်ရာများ၊ ချောင်းဦးမြို့နယ် ခင်မွန်ရွာရှိ ရုပ်စုံဘုရားမှ ကုန်းဘောင်ခေတ်ဦး ပန်းချီလက်ရာများကို လေ့လာကြည့်လျှင် မြန်မာမှုမြန်မာဟန်များ ပိုမိုပါဝင်လာသည်ကို တွေ့နိုင်ပါသည်။ ရတနာပုံ မန္တလေးခေတ်တွင်မူ ပုဂံခေတ်ကဲ့သို့ ဘာသာရေးပုံများသာ မဟုတ်တော့ဘဲ ပန်းချီရေးဆွဲသည့် အကြောင်းအရာများလည်း ကျယ်ပြန့်လာခဲ့သည်။ မင်းနှင့်စပ်ဆိုင်သော အကြောင်းများ၊ မင်းခမ်းမင်းနား၊ မင်းမိန့်၊ နက္ခတ်ကျမ်းများကိုလည်း ပန်းချီပညာဖြင့် သရုပ်ဖော်လာကြသည်။ ရေးဆွဲရာတွင်လည်း အုတ်နံရံများတွင်သာမက ပုရပိုက်၊ ပေများပေါ်တွင်လည်း ရေးဆွဲလာကြသည်။ နိပါတ်ပန်းချီ၊ စပ်ပန်းချီများလည်း စတင်ထွန်းကားလာခဲ့သည်။
စစ်ကြိုခေတ်တွင်မူ မြန်မာ့ပန်းချီလောကတွင် ဦးဘဉာဏ်၊ ဦးဘဇော်တို့ကဲ့သို့သော နိုင်ငံခြားပညာတော်သင် ပန်းချီဆရာကြီးများ ပေါ်ထွက်လာခဲ့သည်။ ဥရောပသားများနှင့် အဆက်အဆံများပြားလာခြင်းကြောင့် ဥရောပရေးနည်းစနစ်များ မြန်မာ့ပန်းချီလောကအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ မဂ္ဂဇင်းများတွင် သရုပ်ဖော်ပုံများထည့်သွင်းခြင်း၊ ဒဂုန်ကဲ့သို့သော မဂ္ဂဇင်းများက အနုပညာကဏ္ဍတစ်ခုထည့်သွင်းပေးခြင်းတို့ကြောင့် ပန်းချီသည် ပြည်သူလူထုအကြားတွင် သက်ဝင်လာခဲ့သည်။ စစ်ပြီးခေတ်တွင် ပန်းချီကျောင်းများ တည်ထောင်နိုင်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် မြန်မာနိုင်ငံ ပန်းချီပန်းပုကောင်စီကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အသင်းကြီးသည် ရည်ရွယ်ချက်ကောင်းများဖြင့် မြန်မာ့ပန်းချီလောကကို ထူထောင်မြှင့်တင်ပေးခဲ့သည်။ ၁၉၅၀ ဝန်းကျင်နှစ်များတွင် မြန်မာနိုင်ငံ၌ ပန်းချီကျောင်းများကို ရန်ကုန်နှင့်မန္တလေးတွင် ဖွင့်လှစ်ကာ အနုပညာရှင်ကြီးများက
ဝါသနာပါသူ မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်း ပညာအမွေပေးခဲ့ကြသည်။ ၁၉၉၃ ခုနှစ်တွင် ရန်ကုန်မြို့၌ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ကို ဖွင့်လှစ်ထူထောင်ပေးကာ ပန်းချီပညာကို ပညာရပ်တစ်ခုအနေဖြင့် သင်ကြားပို့ချပေးခဲ့သည်။ ယခုအခါတွင် မန္တလေးမြို့၌လည်း အနုပညာတက္ကသိုလ်တစ်ခုထပ်မံဖွင့်လှစ်ကာ သင်ကြားပေးနေပါသည်။
ယနေ့ ၂၁ ရာစုတွင်မူ ထိုသို့တက္ကသိုလ်ကျောင်းများမှ မွေးထုတ်ပေးသော ပန်းချီအနုပညာရှင်လူငယ်များစွာသည် မိမိတို့၏ အတတ်ပညာများဖြင့် ပန်းချီလောကကြီး ရှင်သန်တိုးတက်စေရန်ကြိုးပမ်းလျက်ရှိသည်။ ပန်းချီပြခန်းမျာစွာပေါ်ပေါက်လာခဲ့ပြီး ၁၂ ရာသီပတ်လုံး ပန်းချီပြပွဲများဖြင့် စည်ကားနေသည်။ ပန်းချီရေစီးကြောင်းကြီးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာမှစတင်၌ ယနေ့ခေတ်တိုင်အောင် အရှိန်အဟုန်ြဖင့် စီးဆင်းနေပါသည်။
 
== မြန်မာပန်းချီကျော်များ ==
'''က'''
 
စာကြောင်း ၃၇၆ -
- (ဦး)[[အောင်မြင့်]]
 
- (ဦး) [[ အမ်တင်အေး]]
 
== ရည်ညွှန်းကိုးကား ==
 
* [http://en.wikipedia.org/wiki/Painting Wikipedia]
စာကြောင်း ၃၈၄ -
 
{{ပန်းဆယ်မျိုး}}
 
[[Category:ပန်းချီ]]
[[Category:မြန်မာ ပန်းချီ]]
Line ၃၉၄ ⟶ ၃၉၅:
[[be:Жывапіс]]
[[be-x-old:Жывапіс]]
[[br:Livouriezh]]
[[bg:Живопис]]
[[br:Livouriezh]]
[[ca:Pintura]]
[[cs:Malířství]]
[[co:Pintura]]
[[cs:Malířství]]
[[cy:Paentio]]
[[da:Maleri]]
[[de:Malerei]]
[[en:Painting]]
[[et:Maalikunst]]
[[el:Ζωγραφική]]
[[en:Painting]]
[[es:Pintura artística]]
[[eo:Pentrado]]
[[es:Pintura artística]]
[[et:Maalikunst]]
[[fa:نقاشی]]
[[fi:Maalaus]]
[[fr:Peinture]]
[[ga:Péintéireacht]]
[[gl:Pintura]]
[[he:ציור]]
[[hi:चित्रकला]]
[[hr:Slikarstvo]]
[[iohu:PiktoFestészet]]
[[id:Lukisan]]
[[ia:Pictura]]
[[id:Lukisan]]
[[io:Pikto]]
[[is:Málverk]]
[[it:Pittura]]
[[heja:ציור絵画]]
[[jbo:cintylarcu]]
[[la:Pictor]]
[[lv:Glezniecība]]
[[lt:Tapyba]]
[[li:Sjilderkuns]]
[[jbo:cintylarcu]]
[[lmo:Pitura]]
[[hult:FestészetTapyba]]
[[lv:Glezniecība]]
[[ms:Catan]]
[[nl:Schilderkunst]]
[[ja:絵画]]
[[nap:Pittura]]
[[nonds:MalerkunstBillers]]
[[nl:Schilderkunst]]
[[nn:Målarkunst]]
[[no:Malerkunst]]
[[oc:Pintura]]
[[nds:Billers]]
[[pl:Malarstwo]]
[[pt:Pintura]]
Line ၄၄၁ ⟶ ၄၄၃:
[[sl:Slikarstvo]]
[[sr:Сликарство]]
[[fi:Maalaus]]
[[sv:Målarkonst]]
[[tg:Наққошӣ]]
[[th:จิตรกรรม]]
[[vi:Nghề sơn]]
[[tg:Наққошӣ]]
[[tr:Resim]]
[[uk:Живопис]]
[[vec:Pitura]]
[[vi:Nghề sơn]]
[[wa:Pondeure]]
[[zh:绘画]]