ဗြဟ္မဝိဟာရ ၄ပါး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ စာမျက်နှာကို ဗြဟ္မဝိဟာရ ၄ပါး သို့ Hoke Kimက ရွှေ့ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
 
စာကြောင်း ၁ -
'''ဗြဟ္မဝိဟာရ လေးပါး''' တို့မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တို့ဖြစ်သည်။ ဗြဟ္မာတို့၏ နေထိုင်ပုံနှင့် တူသဖြင့် ဗြဟ္မဝိဟာရဟု အမည်တွင်သည်။ ထို့ပြင် '''ဗြဟ္မစိုရ်တရား''' ဟုလည်း ခေါ်သည်။ တရားရှုပွားရာတွင် သတ္တဝါတစ်ဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ အကန့်အသတ်မရှိဘဲ ရှုပွားနိုင်သဖြင့် '''အပ္ပမညာ လေးပါး''' ဟုလည်း ခေါ်သည်။<ref name="အမြတ်ဆုံးပန်းတိုင် ဧကန်ပိုင်">{{cite book|title= အမြတ်ဆုံးပန်းတိုင် ဧကန်ပိုင် |author=ဒေါက်တာမင်းတင်မွန်}}</ref>
 
==မေတ္တာဘာဝနာ==
သတ္တဝါတစ်ဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြုကာ စိတ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်ဆင်းရဲ ကင်းပါစေ၊ ခန္ဓာ့ဝန်ကို ကျန်းမာချမ်းသာစွာ ဆောင်ရွက်နိုင်ပါစေဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်း ဖြစ်သည်။<ref name="အမြတ်ဆုံးပန်းတိုင် ဧကန်ပိုင်"/>
 
==ကရုဏာဘာဝနာ==
ဆင်းရဲသော သတ္တဝါတစ်ဦးကိုဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြုကာ ဆင်းရဲဒုက္ခမှ လွတ်မြောက်ပါစေဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်း ဖြစ်သည်။<ref name="အမြတ်ဆုံးပန်းတိုင် ဧကန်ပိုင်"/>
 
==မုဒိတာဘာဝနာ==
ချမ်းသာသောသူ တစ်ဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြုကာ မိမိတို့ တရားသဖြင့် ရရှိထားသော ပစ္စည်းဥစ္စာများ မဆုတ်ယုတ်ကြပါစေနှင့်ဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်း ဖြစ်သည်။<ref name="အမြတ်ဆုံးပန်းတိုင် ဧကန်ပိုင်"/>
 
==ဥပေက္ခာဘာဝနာ==
သတ္တဝါတစ်ဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြု၍ သတ္တဝါတို့သည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်ဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်း ဖြစ်သည်။<ref name="အမြတ်ဆုံးပန်းတိုင် ဧကန်ပိုင်"/>
 
==ဆက်စပ်ဖတ်ရှုရန်==
*[[မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ]]
 
==ကိုးကား==
{{reflist}}
 
[[Category:ဗုဒ္ဓဘာသာ]]