အနော်ရထာ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၅၀ -
မြန်မာနိုင်ငံတွင် ဗမာမင်းနှင့် ပြည်သူတို့သည် သရေခေတ္တရာခေတ်ကတည်းက ထေရဝါဒ ဗုဒ္ဓသာသနာကို ကိုးကွယ်ခဲ့ကြသူများ မှန်သော်လည်း တခြားတန္တရဝါဒများ ရောက်မလာသေး၍လည်းကောင်၊း ရောက်လာသော်လည်း အားမကောင်းသေး၍လည်းကောင်း၊ ဘာသာရေးကို ရှေ့တန်းမတင်လွန်းသေး၍လည်းကောင်း သာသနာသန့်ရှင်းရေး စသည့်အလုပ်များ လုပ်ဆောင်မှု မရှိခဲ့ကြဘဲ မိမိတို့ ယုံကြည်ရာကိုသာ အဆင်ပြေသလို ကိုးကွယ်ကြရင်း အခြားသော အယူဝါဒရှိသူများကိုလည်း လက်ခံထားရင်း ရောနှောကိုးကွယ်လာခဲ့ကြရာက သာသနာတော်သန့်ရှင်းရေး ပြုလုပ်ကာ တသီးတသန့် နိုင်ငံတော်ဘာသာသဘောမျိုး သတ်မှတ်ပြီး ကိုးကွယ်မှုကို ပြုလုပ်မှုမှာ အနော်ရထာမင်းသည် အစောဆုံးဟု ယူဆနိုင်သည်။ တနိုင်ငံလုံးနီးနီး ဗုဒ္ဓဘာသာဖြစ်လာအောင် ကြိုးစားအားထုတ်ခဲ့သူမှာလည်း အနော်ရထာမင်းပင် ဖြစ်လေသည်။
 
ထို့ကြောင့် မြန်မာနိုင်ငံ [[နိုင်ငံတော်ဘာသာ]] အစ- အနော်ရထာမင်းက ဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်သည်။ ဗုဒ္ဓဘာသာ သာသနာကို နိုင်ငံတော်ဘာသာ၊ သာသနာအဖြစ် အနော်ရထာမင်းက စတင် သတ်မှတ်ခဲ့သည်။ နိုင်ငံတော် ဗုဒ္ဓဘာသာ(နိုင်ငံတော်ဘာသာ ) သည် ပထမမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သူ ဗမာဘုရင် အနော်ရထာမင်း နန်းတက်ခဲ့သည့် ခရစ်နှစ် ၁၀၄၄ က စပြီး ရေတွက်သောကြောင့် လွန်ခဲ့သောနှစ်ပေါင်း '''၉၇၆''' ( ခရစ်နှစ်၂၀၂၀ - ၁၀၄၄= ၉၇၆ ) က ပထမ စတင် သတ်မှတ် ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင့်သည်။
 
ဗုဒ္ဓအယူဝါဒ တည်တံ့ပြန့်ပွား ထွန်းကားရေးအတွက် အနော်ရထာမင်းသည် အားထုတ်တော်မူပြန်သည်။ အနော်ရထာမင်းသည် ၄၉၁ ခုနှစ်တွင် စစ်သည်ဗိုလ်ပါ အလုံးအရင်းနှင့်ချီ၍ နိုင်ငံတော်အနှံ့ရှိ ပိဋကတ်တော်မူ မျိုးအစုံတို့ကို ပင့်ဆောင်လေသည်။ အနုပညာသည်၊ လက်မှုပညာသည်စသည်တို့ကိုလည်း ပုဂံနေပြည်တော်သို့ ‌‌ခေါ်ယူလေသည်။