ပုပ္ပါးတောင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
[[imageFile: mont.poppa.jpg |right|thumb|250px| ပုပ္ပါးတောင်မကြီး]]
== တည်နေရာ ==
ပုပ္ပါးတောင်သည် မြန်မာနိုင်ငံ အလယ်ပိုင်း ၊ [[မြင်းခြံ]]ခရိုင်၊ [[ကျောက်ပန်းတောင်း]]မြို့နယ် အရှေ့တောင်ဘက်တွင် ထီးထီး တည်ရှိနေသည်။ ယင်းတောင်တန်းသည် [[ပဲခူးရိုးမ]]၏ မြောက်ဘက်အစွန်းတွင် သီးခြား ထိုးထွက်နေသော [[မီးတောင်]]ဟောင်းကြီး တစ်ခုပင် ဖြစ်သည်။မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၅၂မိနစ် ၊အရှေ့ လောင်ဂျီတွဒ် ၉၅ဒီဂရီ ၁၄မိနစ် တွင်တည်ရှိသည်။

== ပေါ်ထွန်းလာပုံ ==
ဘူမိဗေဒပညာရှင်တို့အဆိုအရ ပုပ္ပားတောင်သည် လွန်ခဲ့သောအနှစ် (၁၅) သန်းလောက်က ပေါ်ထွန်းလာကြောင်း သိရှိရပါသည် (Dr. Nyi Nyi, “Burma One Million Years Ago”, The Working People’s Daily, March 15, 1964 Sunday Supplement)။ မြန်မာရာဇဝင်ဆရာတို့ကလည်း ပုပ္ပားတောင် ပေါ်ပေါက်ခဲ့ပုံကို ဂေါတမဗုဒ္ဓဘုရားရှင်၏ ဗျာဒိတ်တော်နှင့်တွဲ၍ ဖော်ပြခဲ့ဖူးပါသည်။

စာကြောင်း ၁၄ -
ပုပ္ပားတောင် ဝန်းကျင်ဒေသသည် ရှေးက ယခုမျက်မှောက် အချိန်အခါထက် ရာသီဥတု ကောင်းနိုင်သကဲ့သို့ တောလိုက်၍ လူနေ၍ ကောင်းသောနေရာလည်း ဖြစ်နိုင်ပါသည်။

== ရာဇဝင်လာ ==
ရာဇဝင်တွင် ခရစ်မပေါ်မီ အနှစ် ၄၄၃ က၊ ဧရာ၀တီမြစ်ရိုး၏ အလယ်ပိုင်းလောက်တွင် အံ့ဩဘွယ် အကြောင်းအခြင်းအရာ ငါးရပ် ပေါ်ပေါက်ခဲ့သည်ဟု ဆိုပေသည်။
# အသံကြီးစွာ မြည်လျက် မြေငလျင်လှုတ်ခဲ့သည်။
စာကြောင်း ၂၇ -
ဤယုံကြည်ချက်သည် မြန်မာတို့ တတ္ထဒေသ၌ အရိမဒ္ဒနပူရ (ရန်မျိုးနှိမ်မြို့) မင်းနေပြည်တော်ကြီးကို တည်ထောင် နိုင်သောကာလထိ ဆင်းသက်ပါရှိလာခဲ့ဟန် ရှိပါသည်။ ရာဇဝင်ဆရာတို့အဆိုအရ ပုဂံမင်းတို့ ပုပ္ပားတောင်ကို တလေးတစားပြုနေကြသည်မှာ ပုပ္ပားတောင်၏ အစဉ်အလာ ကြီးခဲ့မှုကြောင့်သာ ဖြစ်ခဲ့ပါသည်။ နတ်တောင်ဟူ၍ အထင်အရှားဖြစ်ရန် နတ်တပါးကို နေရာချထားပေးမှဖြစ်မည်ဟု သဘောပေါက်လာသောအခါ မဟာဂီရိ (တောင်ကြီး) ဟူသော ပါဠိဝေါဟာရဖြင့် ခေါ်ဆိုခဲ့သော ထီးထီးမားမား တခုတည်းသာရှိသည့် (ပုပ္ပား) တောင်ကြီးကို နတ်နေအဖြစ် ပြောင်းလိုက်ခြင်းဖြင့် လွယ်ကူစွာ ပြီးမြောက်သွားခဲ့လေတော့သည်။ သို့သော် တကောင်းမှ ပန်းပဲမောင်တင့်တယ် ကိုကား ပုဂံသို့ ရောက်ရှိလာအောင်ဇာတ်လမ်းဖော်ရဦးမည် ဖြစ်သတည်း။

== ရာဇဝင် ဒဏ္ဍာရီထဲက ပုပ္ပား ==
မြို့ပြနိုင်ငံများ စတင်ထွန်းကားစပြုချိန် ပျူခေတ်က ပုပ္ပားတောင်သည် မည်သို့သော အခြေအနေတွင်ရှိကြောင်း ပြောရန်ခက်ပါသည်။ အကြောင်းမှာ ထိုပေါ်ထွန်းလာခဲ့သော ရှေးဟောင်းမြို့ပြ နိုင်ငံများသည် ပုပ္ပားတောင်နှင့် အတန်ငယ် အလှမ်းဝေးကွာသောကြောင့် ထိုအချိန်ကသမိ်ုင်းတွင် ပုပ္ပားတောင်သည် တိမ်မြုပ်လျက် ရှိနေသကဲ့သို့ ဖြစ်ပါသည်။ ထို့ကြောင့် ပျူခေတ်တွင် ယင်းအကြောင်းကို ခန့်မှန်းပြောဆိုရန် ခက်ခဲပါသည်။ သို့သော် ပုဂံခေတ် တွင်မူ အလွန်အရေးပါလာခဲ့ကြောင်း မြန်မာရာဇဝင်ကျမ်းများတွင် အထင်အရှား တွေ့ရှိနေရပေသည်။ ရှေးဟောင်း မြန်မာရာဇဝင်ကျမ်းများ အဆိုအမိန့်အရ ပုပ္ပားနှင့် ပတ်သက်၍ ပုဂံခေတ်တွင် ထင်ရှားသော အချက်သုံးရပ်ကို သတိထားမိပေသည်။ ယင်းတို့မှာ
(၁) ပျူမင်းထီးလက်ထက်မှစ၍ ပုဂံမင်းများ နှစ်စဉ်ပုပ္ပားတောင်တက်ပွဲ ကျင်းပခဲ့ခြင်း၊
စာကြောင်း ၅၅ -
အပြေးသန်လှ မြန်လှသော သထုံမှ ရောက်လာခဲ့သည့် ကုလားငယ် (ဗျတ္တ) သည်လည်း သူရဲကောင်းပင်။ ထို့အပြင် ရေကူးကောင်းသော ညောင်ဦးဖီး၊ ထန်းအတက်ကောင်းသော ငထွေရူး တို့သည်လည်း ထိုခေတ်၏ သူရဲကောင်း များပင် ဖြစ်ကြသတည်း။ ဗျတ္တသည် ပုပ္ပားတောင်မှ စံကားပန်းကို တနေ့ဆယ်ကြိမ် ယူငင်ဆက်ရသည်ဟု ဆိုသည် (ကုလား၊ပ၊ ၁၈ဝ) ။ ထိုဇာတ်လမ်းကို ချဲ့ထွင်စဉ်းစားသော် ပုပ္ပား၏ အရေးပါမှုသည် သမိုင်းတွင် ပိုမိုသိသာထင်ရှား လာခဲ့ပြန်သည်။ နတ်တောင်ဖြစ်လာသော ပုပ္ပားမှ (စံကား) ပန်းသည်လည်း တော်ဝင်ပန်း (ဝါ) နတ်ပန်း ဖြစ်လာခဲ့ရ တော့သည်။ ထို့ကြောင့် ရှေးက အမည်မသိစာဆိုတဦးက ပုပ္ပားမှ စံကားပန်းကို ဤသို့လျှင် စာဆိုခဲ့ဖူးလေသည်။

(၁) သိုးကလေ၊ ပုပ္ပားနတ်တောင်

အခေါင်မြင့်ဖျား၊ စုံတောပြား၌

နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်

ရွှေနှင့်ယိုးမှား၊ ပန်းစံကား။

(၂) သိုးကလေ၊ စံကားပွင့်နှင့်

နှိုင်းတင့်နိုးသည်၊ ရဲမျိုးသမီး

မောင်ကြီးနှမ၊ ညက်လှပြာစင်

မယ့်သည်ပင်သည်၊ ခရီးသား။

(၃) သိုးကလေ၊ မြိတ်လွတ်စုလည်း

အငယ်တည်းက၊ ကျွမ်းဝင်ကြသည်

မွေးဖတူရင်း၊ မျိုးသည်မင်းနှင့်

ချစ်ခြင်းစုရုံး၊ သက်ထက်ဆုံးသည်

နှလုံးမခြား၊ စောင့်တရား။

(၄) ဆွေမိမင်း၊ မျက်သုတ်နီစင်

ရထည်းဖျင်နှင့်၊ ကျိုင်းစင်မြဝါ

မတ်ကြီးလျာကို၊ မယ်သာကြိုက်မိ

တုမရှိ။ (မြန်မာစာညွန်ပေါင်းကျမ်း၊ပ၊ ၁၅-၁၆)

အစဉ်အလာအရ ပုဂံခေတ်က ကဗျာဟုဆိုသော်လည်း ဝေါဟာရအချို့တို့မှာ ပုဂံခေတ်၌ မတွေ့ရှိရဖူးသေးသဖြင့် ချင့်ချိန်ဖွယ်ရာဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ၊ ပုပ္ပားနှင့် စံကားပန်း၊ ပုပ္ပားနှင့် နတ်တောင်တို့ တွဲမိနေသည်ကိုမူ တွေ့ရှိနေရသည်။ စာက ပုဂံခေတ် မဟုတ်သည်တိုင် အကြောင်းအရာက ပုဂံခေတ်ကို ညွှန်းသည်ဟုပင် ဆိုရပါမည်။ သို့ဖြင့် ပုပ္ပား၏ ဒဏ္ဍာရီဇာတ်လမ်းများကလည်း နှောင်းလူတို့အတွက် သာ၍ ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ဖြစ်လာရ လေတော့သည်။
စာကြောင်း ၈၀ -
ထို့ထက် နောက်ကျမည် ယူဆရသော ပုပ္ပားတောင်နှင့် နတ်မောင်နှမဘွဲ့ အချင်းငယ် ကဗျာတပုဒ်ကိုလည်း တွေ့ရှိ ရဖူးသေးသည်။ ထိုကဗျာက ပုပ္ပား၏ ရှေးက အနေအထားကို ဖော်ပြပေးသဖြင့် မျက်မှောက် အနေအထားတို့ဖြင့် နှိုင်းယှဉ်လေ့လာ ကြည့်နိုင်ပေသည်။ စင်စစ် ယင်းကဗျာစာပေတို့သည် အင်းဝခေတ်ထက် စောနိုင်စရာမရှိဟု ယုံကြည်ရပါသည်။ နောက်ကျကောင်းသာ နောက်ကျမည်ဖြစ်ပါသည်။ ထိုကဗျာ၊ လင်္ကာများသည် ပုပ္ပား၏ ရှေးက ပထဝီဝင် အနေအထားကို ပြောပြနေဘိသကဲ့သို့ ရှိနေပါသည်။ ခံစားကြည့်ပါ။

ပုပ္ပားတောင်သည်

ရွှေတောင်တည့်လေ။

ရွှေတောင်ပတ်ကုံး

စံကားပင်နှင့်ဖုံး

တောင်လုံးရနံ့ကြိုင်စွလေ။

ပုပ္ပားတောင်တွင်

နတ်ရှင်နှစ်ပါး

ရွှင်စံစား

ဘုံခြားဗိမာန်ပြိုင်စွလေ

လှိုင်စွလေ၊ လှိ်ုစွလေ။

လှိုင်စွစံကား

တောင်ပုပ္ပားက

စံကားပျံ့ကြိုင်

ပန်းလှိုင်စွလေ။

မောင်တော်ရေထက်

မယ်မုတ်ရေ

ဆယ်လေးသာစွလေ။

ဗိမာန်နန်းမှာ

ထီးစကာ

ဖြန့်ကာအုပ်မိုး

သာစွလေ (ဦးချမ်းမြနှင့် ဦးမောင်မောင်ကြီး။ ကဗျာလက်ရွေးစင် ခုနှစ်မပါ၊ မျက် ၈)။

ဤအချင်းငယ်သည် ပထဝီဝင်သဘောအရလည်းကောင်း၊ သမိုင်းသဘောအရလည်းကောင်း အရေးပါလေသည်။ ပုပ္ပားတောင်သည် တောဖုံးနေသောတောင် တောတောင်တို့ဖြင့် စိမ်းလန်းစိုပြေနေသောကြောင့် ရာသီဥတုကောင်း သောတောင်၊ ရေထွက်စမ်းများဖြင့် သာယာလှပသောတောင်၊ ထိုသာယာလှပသောတောင်၌ နတ်မောင်နှမတို့ စံပျော်နေကြောင်းကို ရိုးရိုးနှင့် ယဉ်ယဉ်ကလေး ဖွဲ့ဆိုထားသည်။ မည်သည့်ခေတ်က မည်သည့်စာဆို ရေးဖွဲ့ခဲ့သည်ဟု မသိရသော်လည်း ပုပ္ပားနတ်မောင်နှမတို့ကို လူအများတို့ လေးစားယုံကြည်နေကြသည့် အသွင်နှင့် ဓလေ့စရိုက် ကိုပေါ်အောင် ဖွဲ့ဆိုထားသော အချင်းငယ်ကဗျာ ဖြစ်ပါသည်။
စာကြောင်း ၁၃၈ -

== ဖွဲ့စည်းတည်ရှိပုံ ==
ပုပ္ပါးတောင်ဟုဆိုလျှင် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘုရားပုထိုးများ၊အဆောက်အဦးများရှိသည့် ပုပ္ပါးတောင်ကလပ်ကိုသာ အလွယ်မှတ်ယူလေ့ရှိသည်။ သို့သော် ပုပ္ပါးတောင်ကလပ်မှာ ပုပ္ပါးတောင်မကြီးပေါက်ကွဲရာမှ ပဲ့ကျလာသည့် အစိတ်အပိုင်းမျှသာဖြစ်သည်။ ထို့ကြောင့် ပုပ္ပါးတောင်ကို ပုပ္ပါးတောင်မကြီး(၄၉၈၁ပေ) နှင့် ပုပ္ပါးတောင်ကလပ်(၂၄၁၇ပေ)ဟူ၍ နှစ်ခုရှိသည်ကို မှတ်သားသင့်သည်။

== ပထဝီဝင် ==
ပုပ္ပါးတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် (၄၉၈၁) ပေ မြင့်သည်။ ပုပ္ပါးတောင်၏ မီးတောင်ကတော့ဝမှာ တောင်၏ မြောက်ဘက်ပိုင်းတွင် အနောက်ဘက်သို့ အနည်းငယ် ယွန်းလျက် နိမ့်၍ တောင်ဘက် ၊ အနောက်ဘက်နှင့် အရှေ့ဘက်တို့တွင် မြင့်မားသည်။ ပုပ္ပါးတောင်ကို အနောက်ဘက်မှ ကြည့်လျှင် တောင်ထွတ်နှစ်ခု မြင်ရ၍ မြောက်ဘက်မှ ကြည့်လျှင် တောင်ထွတ် တစ်ခုသာ မြင်ရသည်။ ပုပ္ပါးတောင်သည် တောင်ထွတ် တစ်ခုတည်းသာ ရှိသည် မဟုတ်ပဲ စပါးပုံတောင် ၊ ရေတွင်းတောင် ၊ မောင်းတောင်ငုတ်တိုတောင် ၊ လပို့တောင် ၊ မှန်တောင် ၊ ဆေးပွင့်တောင် ၊ စိန်တောင် ၊ မာလာတောင် ၊ ကင်ပွန်းတောင် စသည်ဖြင့် တောင်စွယ်များစွာ ရှိလေသည်။
[[imageFile: mont.poppa2.jpg | right | thumb| frame |ပုပ္ပါးတောင်ကလပ်]]
မီးတောင် ထိပ်ဝသည် တစ်မိုင်ခွဲခန့် ကျယ်၍ ပေ ၂၀ဝ၀ ၊ ၃၀ဝ၀ ခန့် နက်ရှိုင်းသည့် ချောက်ကမ်းပါးကြီး ဖြစ်သည်။ ယင်းချောက်ကြီးကို ချုံမတွင်း ချောက်ဟု ခေါ်သည်။
== ကိုးကား ==
<references/>

[[Category:မြန်မာပြည် ခရီးသွား]]
[[Category:ပထဝီ]]
Line ၁၅၂ ⟶ ၁၅၃:
[[Category:တောင်များ]]
[[Category:စေတီ ပုထိုးများ]]

[[de:Mount Popa]]