ပုလဲ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
[[ImageFile:PaLae.jpg|thumb|ပုလဲ]]
'''ပုလဲ''' (Pearl) သည် ပင်လယ်အတွင်း နေထိုင်သော ကမာ (သို့) မုတ်ကောင်၏ ကိုယ်တွင်းမှ ရရှိသော အရာဖြစ်သည်။ တွင်းထွက် ကျောက်မျက် မဟုတ်ပေ။ ပုလဲကို မြန်မာလူမျိုးတို့က [[နဝရတ်ကိုးပါး]]တွင် ပါဝင်သော ရတနာတစ်ပါး အဖြစ် အမြတ်တနိုး တန်ဖိုးထား ဝတ်ဆင်ကြပါသည်။ နဝရတ် ကိုးပါးစလုံးတွင် တစ်ခုခြင်း၌ ထူးခြားသည့် တန်ခိုး အာနိသင် ရှိကြ သည့်အနက် ပုလဲ၏ အာနိသင်မှာ ကျက်သရေ မင်္ဂလာ ရှိခြင်းပင် ဖြစ်သည်။ ပုလဲ၏ အားသာချက်မှာ ကျောက်မျက်များ ကဲ့သို့ ခွဲဖြတ်ခြင်း၊ သွေးယူခြင်းတို့ ဆောင်ရွက်ရန် မလိုပဲ ပုလဲ ဖော်ယူ ပြီးလျှင် ပြီးခြင်းပင် လှပနှစ်လို ဖွယ်ရာ တွေ့မြင်ရခြင်းပင် ဖြစ်ပါသည်။ ပုလဲတွင် သဘာဝပုလဲနှင့် မွေးပုလဲဟူ၍ နှစ်မျိုးရှိသည်။ မြိတ်ကျွန်းစုတွင် နေထိုင်ကြသော ဆလုံတိုင်းရင်းသားများသည် ပုလဲ ငုပ်၍ အသက်မွေးကြသည်။
 
== ပုလဲအမျိုးအစားများ ==
စာကြောင်း ၇ -
ရေငန်ပုလဲ (၃)မျိုးရှိသည့် အနက် [[ဂျပန်]]ပုလဲဟု ခေါ်သည့် အကိုယာပုလဲ Akoya Pearl များကို Pinctada Fucata မုတ်ကောင်မှ မွေးမြူထုတ်လုပ်ပြီး ဂျပန်တွင် အများဆုံး ထုတ်လုပ်ကာ ပုလဲနက်ဟု လူသိများသော Tahitian Pearl များကို Pinctada Margaritafera မုတ်ကောင်မှ ထုတ်လုပ်ပြီး တဟေတီ နိုင်ငံတွင် အများဆုံး ထုတ်လုပ်ပါသည်။
 
ရေငန်ပုလဲ အမျိုးအစားများ ဖြစ်သည့် တောင်ပင်လယ်ပုလဲ South Sea Pearl များကို Pinctada Maxima မုတ်ကောင်များမှ မွေးမြူထုတ်လုပ်ပြီး [[ ဩစတေးလျ]] နိုင်ငံတွင် အများဆုံး ထုတ်လုပ်ပါသည်။ ယင်းမုတ်ကောင် မျိုးသည် တောင်ပင်လယ်ဟု ခေါ်သည့် အရှေ့တောင် အာရှ၏ တောင်ဘက် ကမ်းခြေနှင့် ဩစတြေးလျ တိုက်၏ မြောက်ဘက် ကမ်းခြေ အကြား ရေပြင်တွင်သာ ရှင်သန် ပေါက်ဖွားပါသည်။ ထို့ကြောင့် တောင်ပင်လယ် ပုလဲကို ဩစတေးလျ နိုင်ငံ၊ [[အင်ဒိုနီးရှားနိုင်ငံ]]၊ [[ဖိလစ်ပိုင်နိုင်ငံ]]နှင့် [[မြန်မာနိုင်ငံ]] တို့တွင်သာ မွေးမြူ ထုတ်လုပ် ထွက်ရှိပါသည်။
 
[[File:largest_pearl01.jpg|left|thumb|ကမ္ဘာ့အကြီးဆုံး မြန်မာ့သဘာဝ ခွံကပ်ပုလဲကြီး(ဓါတ်ပုံ-myanmarpearls.com)]]
== ကမ္ဘာ့အကြီးဆုံး မြန်မာ့သဘာဝ ခွံကပ်ပုလဲကြီး ==
* အရွယ်အစား= ၆.၂စင်တီမီတာ×၅.၃စင်တီမီတာ×၃စင်တီမီတာ
* ကာလာ = ငွေရောင်
* အလေးချိန် = ၁၆၈.၉၈ ဂရမ်
* တွေ့ရှိရာဒေသ = တနင်္သာရီတိုင်း၊ ကော့သောင်မြို့နယ်၊ ဇာတက်ကြီးကျွန်း အနောက်မြောက်ဘက်
* ထားရှိရာနေရာ = ရတနာပြတိုက်
ကမ္ဘာ့အကြီးဆုံး သဘာဝ ခွံကပ်ပုလဲရတနာကြီးကို မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းနှင့် အကျိုးတူဆောင်ရွက်နေသော မြန်မာအင်ဒါမင်ပါး ကုမ္ပဏီလီမိတက်က တနင်္သာရီတိုင်း၊ ကော့သောင်မြို့နယ်၊ ဇာတက်ကြီးကျွန်း အနောက်မြောက်ဘက်ရှိ မတ်ကလောက်မုတ်ကောင် ငုတ်ကွက်ဧရိယာမှ ၂၀၀၁-ဧပြီလ(၁၈)ရက်နေ့တွင် ရှာဖွေတွေ့ရှိပြီး နိုင်ငံတော်သို့ အပ်နှံ့သည်။ သဘာဝပုလဲ ရတနာအမျိုးအစားဖြစ်ပြီး ငွေရောင်အဆင်းရှိသည်။ မိခင်မုတ်ကောင်အမျိုးအစားမှာ Pinctada Manima ဖြစ်သည်။ အရွယ်အစားမှာ အလျား ၆.၂စင်တီမီတာ၊ အနံ ၅.၃စင်တီမီတာ၊ အမြင့် ၃စင်တီမီတာ ရှိပြီး အလေးချိန် ၄၅.၀၆ မိုမီ၊ ကရက်အားဖြင့် ၈၄၅ ကရက်၊ ဂရမ်အားဖြင့် ၁၆၈.၉၈ ဂရမ်၊ ရတီအားဖြင့် ၉၂၉.၅၀ရတီ ရှိသည်။ <ref>၂၀၀၂-ခု၊ စွယ်စုံကျမ်းနှစ်ချုပ်</ref>
== ပုလဲဖြစ်ပေါ်ပုံ ==
စာကြောင်း ၂၁ -
 
[[File:largest_pearl02.jpg|left|thumb|ကမ္ဘာ့အကြီးဆုံး မြန်မာ့မွေးပုလဲကြီး(ဓါတ်ပုံ-myanmarpearls.com)]]
== ကမ္ဘာ့အကြီးဆုံး မြန်မာ့မွေးပုလဲ ==
* အရွယ်အစား= အလျား ၄၁မီလီမီတာ × အနံ ၃၂မီလီမီတာ
* ကာလာ = ငွေရောင်
* အလေးချိန် = ၃၆.၇၅ ဂရမ် (ရတီ၂၀၀-ကျော်)
* တွေ့ရှိရာဒေသ = ပုလဲကျွန်း
* ထားရှိရာနေရာ = ရတနာပြတိုက် <ref>၁၉၉၃-ခု၊ စွယ်စုံကျမ်းနှစ်ချုပ်</ref>
== မွေးပုလဲ ==
မွေးပုလဲဆိုသည်မှာ သဘာဝပုလဲ ဖြစ်ပေါ်မှု ဖြစ်စဉ်ကို လူတို့က ပြုပြင် ဖန်တီးထားခြင်း ဖြစ်ပါသည်။ ပုလဲသား၏ သိပ်သည်းခြင်းနှင့် တူညီသော ဝတ်ဆံလုံး ( Nucleus ) ကို ဆက်သားစ ( Mantle ) နှင့် အတူ မုတ်ကောင်၏ ခန္ဓာကိုယ် အတွင်းသို့ ထည့်သွင်းပေးခြင်း ဖြစ်ပါသည်။ ထိုသို့ ထည့်သွင်းရာတွင် ဝတ်ဆုံလုံး အလွယ်တကူ ပြန်ထွက် မသွားစေရန်နှင့် လုံးဝန်းကြီးမှားသော ပုလဲ ရရှိစေရန် အတွက် မုတ်ကောင်၏ ခန္ဓာ ကိုယ်အား ခွဲစိတ်၍ သတ်မှတ်နေရာသို့ ရောက်ရှိအောင် ကျွမ်းကျင်သူများမှ ဝတ်ဆံ သွင်းယူရခြင်း ဖြစ်သည်။ မွေးပုလဲ တစ်လုံးတွင် ပုလဲသား၏ အထူမှာ (၀.၄) မီလီမီတာမှ (၄.၀) မီလီမီတာ အထိ ရှိနိုင်ပါသည်။ ပုလဲ၏ သိပ်သည်းခြင်း Density မှာ (၂.၆ မှ ၃.၀ ) အတွင်း ရှိပြီး မာကြောမှု Hardness မှာ Mohs Scale အရ (၃.၅) ရှိပါသည်။
စာကြောင်း ၄၈ -
# ဒိုမယ်လ်ကျွန်း - ပုလဲကျွန်း ၊ ဘုတ်ပြင်းမြို့နယ်
# မလိကျွန်း - ပုလောမြို့နယ်
# ရွှေကျွန်းကြီး - ကော့သောင်းမြို့နယ်<br />
တို့ ဖြစ်ပါသည်။ ဖော်ပြပါ မြန်မာ့ပုလဲလုပ်ငန်း၏ ပုလဲမွေးမြူသော စခန်းများတွင် မြန်မာ့ ပညာရှင်များက ထုတ်လုပ် မွေးမြူလျက် ရှိသော တောင်ပင်လယ် ပုလဲများသည် ကမ္ဘာ့ပုလဲ ဈေးကွက်တွင် လူကြိုက်များသော ပုလဲများ ဖြစ်ပါသည်။ အရည်အသေး ကောင်းမွန်ရုံ သာမက ရေရှည်ခိုင်မာသည့်အတွက် လူကြိုက်များပြီး တန်ဖိုး အမြင့်မားဆုံး ပုလဲများ ဖြစ်ပါသည်။
 
စာကြောင်း ၇၀ -
၇။ '''တူညီ လိုက်ဖက်မှု MATCHING''' ။ ပုလဲ တစ်လုံးနှင့် တစ်လုံး တိကျစွာ တူညီနိုင်ခြင်း မရှိပါ။ တူညီ လိုက်ဖက်မှုသည် လည်ဆွဲ သွယ်တန်းရာတွင် လည်းကောင်း၊ ပုလဲ တစ်လုံးထက် ပိုမိုသော လက်ဝတ် ရတနာ များ စီခြယ်ရာတွင် လည်းကောင်း၊ အထောက်အကူ ပြုသည်။ တူညီ လိုက်ဖက်မှု ရှိသည့် ပုလဲ တစ်လုံးစီကို ညီမျှသော အကျိုး ကျေးဇူး ဖြစ်ပေါ် လာအောင် ဖန်တီး ယူနိုင်မည် ဆိုလျှင် ထိုကဲ့သို့ တူညီ လိုက်ဖက်မှုကို MATCHING ဟု ခေါ်ပါသည်။
 
== ပုလဲ မျိုး ၈-ပါး ==
# ဟတ္ထိကုမ္ဘံ- ဆင်ဦးကင်း၌ဖြစ်သော ပုလဲ၊ ရွှေရောင်အဆင်း၊
# ဝရာဟဒါဌံ- ဝက်စွယ်၌ဖြစ်သော ပုလဲ၊ ဝက်စွယ်အဆင်း၊
စာကြောင်း ၈၄ -
<ref>သာရတ္ထသင်္ဂဟ၊ တေရသကဏဋီကာ</ref>
 
== ကျမ်းကိုး ==
<references/>
 
[[Category:မြန်မာပြည်]]
[[Category:သဘာဝ]]
[[Category:ကျောက်မျက်ရတနာ]]
 
"https://my.wikipedia.org/wiki/ပုလဲ" မှ ရယူရန်