ပြည် နဝဒေးကြီး: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁၀ -
<ref>မြန်မာကဗျားရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ)</ref>
 
== အထ္ထုပ္ပတ္တိအကျဉ်း ==
သက္ကရာဇ် ၈၉၄ ခုနှစ်တွင် [[ ပြည်မြို့]]၌ ဘုရင်နရပတိမင်းပြုတော်မူသည်။ [[ပြည်မြို့]]ဇာတိဖွားဖြစ်သော နဝဒေးကြီးမှာ ထိုဘုရင်နရပတိ၏ ယောက်ဖ (နှမတော် “နရပတိမယ်” ၏ကြင်ယာတော်) မင်းဘစော၏ အထိန်းတော်ဖြစ်သည်။
 
ဘုရင်နရပတိသည် မင်းဘစောကို “ပွတ်လယ်ရွာ”တွင် ကွပ်၍ နှမတော် “နရပတိမယ်” ကို စလင်း-စည်သူကျော်ထင်သို့ပေးလိုက်သည်။ထိုအခါ နဝဒေးကြီးလည်း စလင်းသို့လိုက်ပါသွားရရာ စလင်းတွင်ပင် “မင်းလက်ျာ” ဟူသောဘွဲ့ကိုရသည်။
စာကြောင်း ၂၁ -
ဆင်ဖြူများရှင် မင်းတရားကြီးသည် မြို့သစ်တည်သင့်ကြောင်းနှင့် မှူးတော် မတ်တော်တို့၏ လျှောက်တင်ချက်အရ သက္ကရာဇ် ၉၂၈-ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၀-ရက် ကြာသပတေးနေ့မှစ၍ ဟံသာဝတီနေပြည်တော်ကြီးကို မြို့အင်္ဂါခုနှစ်ပါးနှင့် ညီညွတ်အောင် ပြန်လည် တည်ဆောက်တော်မူလေသည်။ တာဝန်းသုံးထောင့်လေးရာရှိသော ထိုဟံသာဝတီ နေပြည်တော်သစ်ကြီးကား နန်းမ အဆောင်ဆောင်တို့ဖြင့် တင့်တယ်လှစွာဖြစ်၏။ ထိုအခါ ထောင်သင်းမှူး-မင်းလက်ျာသည် ဟံသာဝတီသို့ မင်းမှု မင်းရေးနှင့် ပတ်သက်၍ ရောက်ခိုက် ထိုဟံသာဝတီ နေပြည်တော်ကြီး၏ ရှု၍မငြီးနိုင်လောက်သော အဖြစ်ကို တွေ့မြင်လေရကား “ရာဇဌာနီ၊ ပြည်ကြီးပီ၍၊ တုဿိတာမှ၊ ဘုံလျှင်ကျသို့” အစချီသည့် ရတုပိုဒ်စုံကို ရေးသားကာ ဆင်ဖြူများရှင် မင်းတရားကြီးအား ဆက်သွင်း၏။ မင်းတရားကြီးလည်း အားရတော်မူလွန်း၍ ထောင်သင်းမှူးအား “နဝဒေး” ဟူသော ဘွဲ့ထူးဖြင့် ချီးကျူး မြှောက်စားတော်မူလေသည်။ ထိုအခါမှစ၍ တဖန် “ပြည်-နဝဒေးကြီး” ဟု ဝေး-နီး ကျော်ကြားလာပြန်သည်။
 
== သုံးဘွဲ့ရနဝဒေးကြီး ==
ဤသို့အားဖြင့် ပြည်-နဝဒေးကြီးသည် ဘွဲ့မည်ရည်သုံးပါးဖြင့် ကျော်ကြားသော စာဆိုတော်ဖြစ်သည်။ စလင်းမြို့တွင်နေခိုက် “မင်းလက်ျာ” ၊ [[စစ်ကိုင်းမြို့]]တွင်ရှိခိုက် “ထောင်သင်းမှူး”၊ [[ပြည်မြို့]]တွင်ထမ်းခိုက် “နဝဒေး” ဟုတွင်လေသည်။ ထို့ကြောင့်လည်း “စစ်ကိုင်း-ထောင်သင်း၊ စလင်းလက်ျာ၊ ပြည်မှာ-နဝဒေး” ဟု အမှတ်သညာ ပြုကြလေကုန်သည်။
 
စာကြောင်း ၂၉ -
<ref>သုတ၊မောင်။ စာဆိုတော်များ အတ္ထုပ္ပတ္တိ။ တတိယအကြိမ်နှိပ်။ [[ရန်ကုန်]]။ဇွဲပုံနှိပ်တိုက်၊ ၁၉၆၈။</ref>
 
== ပြုစုခဲ့သည်စာပေများ ==
ပြည်နဝဒေးကြီးပြုစုခဲ့သောစာများကား - မနောဟရီပျို့၊မင်းတရားတော်ဧချင်း၊ ယိုးဒယား-မိဘုရားဧချင်း၊ ရာဇဗျူဟာပျို့နှင့် ဘုရားတိုင်၊ မြို့ဖွဲ့၊ တောလား၊ ရေလား၊ မိုးတော၊ ကျေးစေ၊မယ်ဖွဲ့၊ စစ်ရတု အစရှိိသည့် ရတုပေါင်း ၇-အင်္ဂါကျော် ပုဒ်ရေ ၄၀၀ ခန့်ဖြစ်သတည်း။
 
== နဝဒေးငါးဦး ==
[[မြန်မာစာ]]ပေသမိုင်းတွင် “နဝဒေး” ဟုကျော်ကြားထင်ရှားသော စာဆိုတော် ၅-ဦးရှိသည်။ ထို ၅-ဦးမှာ (၁) “အင်္ကုရ” မည်သော ဇင်းမယ်-နဝဒေး ၊ (၂) “လှော်ကားသုံးထောင်မှူး” အမည်ရသော တောင်ငူ-နဝဒေး၊ (၃) ပြည်-နဝဒေး၊ (၄) [[အင်းဝမြို့]]တည် နန်းတည် ဘိုးတော်ဘုရားလက်ထက် စလင်း-နဝဒေး နှင့် (၅) ဝက်မစွတ်မြို့စား နဝဒေး တို့ဖြစ်၏။ အမှန်အားဖြင့် ထိုဘွဲ့နှင့် ကျော်ကြားထင်ရှားသူ ၅-ဦးစလုံးပင် “နဝဒေး” ဟူသော မင်းပေးဘွဲ့ရသူချည်းဟုတ်မည်မထင်။ ပြည်နဝဒေးကြီးနှင့် ဝက်မစွတ်မြို့စား-နဝဒေးကြီးတို့ သာလျှင် ဘုရင်မင်းမြတ်များကိုယ်တော်တိုင်က “အပြစ်ဆိုစရာမရှိသော စာဆိုတော်မှူးမတ်” ဟုအဓိပ္ပါယ်ရသည့် “နဝဒေး” ဘွဲ့ဖြင့် ချီးမြှင့်တော်မူခြင်း ခံရသော စာဆိုပုဂ္ဂိုလ်များဖြစ်ဟန်တူချေသည်။ ကျန်နဝဒေး သုံးဦးကား စာဆိုအရာတွင် ကျွမ်းကျင် လိမ္မာကြသောကြောင့်သာ နဝဒေးဟု အများပြည်သူတို့် ကြည်ဖြူ မြှောက်စားကြခြင်းဖြစ်ချိမ့်မည်။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ပြည်-နဝဒေးကြီးနှင့် ဝက်မစွတ်မြို့စား-နဝဒေးတို့ကို ဘုရင်မင်းမြတ်များ ကိုယ်တော်တိုင် “နဝဒေး” ဟူသော ဘွဲ့ဖြင့် ချီးမြှင့် သူကောင်း ပြုခြင်းကိုကား ထိုစာဆိုတော်နှစ်ဦးတို့၏ ပျို့များ၊ မော်ကွန်းများတွင် အထင်အရှားရေးသားပါရှိသည်ကိုထောက်၍ မည်သူမျှ မငြင်းဆိုနိုင်ကြ။
 
စာကြောင်း ၃၉ -
 
{{တောင်ငူခေတ်}}
 
[[Category:ရှေးခေတ်မြန်မာ ကဗျာစာဆိုတော်များ]]
[[Category:သမိုင်း]]