ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁၂ -
ဖဆပလအဖွဲ့ကြီးသည် တော်လှန်ရေးလုပ်ငန်းများကို လုပ်ကိုင်ရန် [[အိန္ဒိယနိုင်ငံ]]ဘက်သို့ တိတ်တဆိတ်ထွက်ခွာသွားနှင့်ပြီဖြစ်သော ရဲဘော် ၇၀ ကျော်မှတဆင့် မဟာမိတ်စစ်ဖက်ဆိုင်ရာ အာဏာပိုင်များနှင့် အဆက်အသွယ်ပြုသည်။ မဟာမိတ်တို့က လက်နက်ခဲယမ်းမီးကျောက်၊ အဝတ်အစား အသုံးအဆောင်များဖြင့် အကူအညီပေး၍ ဖဆပလအဖွဲ့ချုပ်ကြီးကလည်း ဖက်ဆစ်ဂျပန်များအား မြန်မာနိုင်ငံအတွင်းမှ မောင်းထုတ်ရာတွင် မဟာမိတ်တပ်အား အစွမ်းကုန် အကူအညီပေးမှုကြောင့် ဖက်ဆစ်တိုက်ဖျက်ရေး လုပ်ငန်းသည် မျှော်လင့်သည်ထက် ထူးကဲစွာ အောင်မြင်ခဲ့သည်။
 
အရှေ့တောင်အာရှအတွက် မဟာမိတ် စစ်သေနာပတိ [[ဗိုလ်ချုပ် လော့မောင့် ဗက်တန်]]ကပင် ဖဆပလအဖွဲ့ကြီးသည် ဂျပန်ကို တော်လှန်သော အင်အားစုမျှသာမက အမျိုးသားတပ်ဦးကြီးတစ်ခုအဖြစ် တည်ရှိနေကြောင်း ယင်းအဖွဲ့ခေါင်းဆောင်များသည် မျိုးချစ်စိတ်ထက်သန်၍ ထထကြွကြွဆောင်ရွက်နိုင်သူများဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရသစ် ဖွဲ့စည်းသည့်အခါ ဖဆပလမှ ကိုယ်စားလှယ်များကိုလည်း ထည့်သွင်းသင့်ကြောင်း [[လန်ဒန်မြို့]]ရှိ မဟာမိတ်စစ်ဦးစီးအဖွဲ့သို့ အကြံပေးခဲ့သည်အထိ ဖဆပလ၏ ဂုဏ်သတင်းသည် ပျံ့သင်းကျော်စောခဲ့သည်။
 
 
 
[[Category:မြန်မာ့သမိုင်း]]