သိပ္ပံမောင်ဝ: တည်းဖြတ်မှု မူကွဲများ

ဒါရောပဲ
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး unnecessary bold
စာကြောင်း ၁၇ -
| alma_mater = [[ရန်ကုန်တက္ကသိုလ်]]၊<br/>[[အောက်စ်ဖိုဒ် တက္ကသိုလ်]]
}}
'''သိပ္ပံမောင်ဝ''' (၁၈၉၉- ၁၉၄၂) သည် '''မြန်မာလူမျိုး''' စာရေးဆရာတစ်ဦးဖြစ်ပြီး ''[[ခေတ်စမ်းစာပေ]]'' ကို '''ရှေ့တန်း'''မှရှေ့တန်းမှ မား⁠မားမတ်မတ် ရပ်လျက် ပြုစု ပျိုးထောင်ခဲ့သူများတွင် တစ်ဦးဖြစ်သည်။ အမည်ရင်း '''ဦးစိန်တင်၊ ဘီအေ၊ အိုင်-စီ-အက်စ်''' ဖြစ်သည်။<ref>{{cite book|title=စာဆိုတော်များ အတ္ထုပ္ပတ္တိ|publisher=ပညာရွှေတောင် စာအုပ်တိုက်|date=ဧပြီ ၂ဝ⁠ဝ၃|edition=ပထမ အကြိမ်}}</ref><ref>{{cite book|title= နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း|author=ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့}}</ref><ref>{{cite book|author=မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ)|author2=ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ်|edition=ပဉ္စမအကြိမ်|date=၁၊ ဩဂုတ်၊ ၂ဝ⁠ဝ၂|publisher=ရာပြည့် စာအုပ်တိုက်}}</ref><ref>{{cite journal|journal=မြဝတီ မဂ္ဂဇင်း|volume=အတွဲ ၅၊ အမှတ် ၆|author=မင်းသုဝဏ်|title=သိပ္ပံမောင်ဝ ခေါ် ဦးစိန်တင် ဘီ-အေ၊ အိုင်-စီ-အက်စ်}}</ref><ref>{{cite book|title=ကဗျာဗန္ဓသာရကျမ်း|page=၅၇}}</ref>
 
== ငယ်ဘဝ ==
စာကြောင်း ၃၁ -
၁၉၄၂ ခုနှစ်တွင် အိုင်အေ အထက်တန်း စာမေးပွဲကို မြန်မာဘာသာ အတွက် ပထမဆု ရသူတို့ကို ချီးမြှင့်သည့် သာဒိုးအောင် ဆုတံဆိပ်တို့ကို ရရှိ အောင်မြင်ခဲ့သည်။ ထို့ပြင် ကျောင်းအုပ်ကြီး၏ တလ (၂ဝိ/-) နှင့် နှစ်နှစ် ချီးမြှင့်သည့် ဆုငွေ ရရှိခဲ့သည့် အပြင် နှစ်⁠နှစ်စေ့သော အခါ နောက်ထပ် တလ (၂၅) ကျပ်ဖြင့် အစိုးရ၏ ထောက့်ပံ့ငွေပါ ရရှိခဲ့သည်။ ၁၉၂၇ ခုနှစ် ဘီအေ စာမေးပွဲတွင် မြန်မာဘာသာ၌ ပထမတန်း ဂုဏ်ထူးဖြင့် အောင်မြင်၍ ဒယ်လီဂျမ်ရှယ်ဂျီနယ် ဆုတံဆိပ် ချီးမြှင့်ခြင်း ခံရသည်။ ထို့နောက် ပါမောက္ခ [[ဖေမောင်တင်၊ ဦး|ဦးဖေမောင်တင်]]၏ ကြိုးပမ်းချက်ဖြင့် မြန်မာစာ ဂုဏ်ထူးတန်းသို့ ထိုနှစ်တွင် တဦးတည်းသော စာသင်သား အဖြစ် တက်ရောက် စာသင်ကြားခဲ့ရာ ပထမတန်းကို ပထမ အဆင့်ဖြင့် အောင်မြင်ခဲ့သည်။ ထို့နောက် ယူနီဘာစီတီ ကောလိပ် သိပ္ပံကျောင်း၌ မြန်မာ ဘာသာရပ် ဆိုင်ရာ ဆရာ အဖြစ် စာသင်ရင်း အမ်အေ အတန်းကို ဆက်တက်ခဲ့သည်။
 
ဤတွင် ရှေးယခင်က ဆိုလျှင် မြန်မာ ဘာသာကို အထူးဘာသာ အဖြစ် သင်ကြား လေ့လာခွင့် မပြုခဲ့။ ဦးစိန်တင်တို့ အိုင်အေကို အောင်မြင်သည့် နှစ်မှ စ၍သာ ကောလိပ် သိပ္ပံ ကျောင်းကြီးများတွင် မြန်မာ ဘာသာကို အထူး ဘာသာရပ် အဖြစ် ပထမဦးဆုံး သင်ကြား လေ့လာခွင့် ရကြသည့် အလျောက် ဦးစိန်တင်သည် “'''မြန်မာ“မြန်မာ လူမျိုးမှန်လျှင် မြန်မာဘာသာ ကိုသာလျှင် ရှေးဦး ပထမ အရေးယူ၍ ဂရုပြုကာ သင်ကြား လေ့လာ သင့်ပေသည်'''”သင့်ပေသည်” ဟူသော နှလုံးသွင်းဖြင့် မြန်မာဘာသာ ဂုဏ်ထူး ဘီအေတန်းတွင် အမည်သွင်း၍ ဝင်ရောက် သင်ကြားခြင်း ဖြစ်ပေသည်။
 
ထို့နောက် ဦးစိန်တင်သည် အိုင်စီအက်စ် ခေါ် အိန္ဒိယ ပဋိညာဉ် ဝန်ထမ်း စာမေးပွဲကို ဝင်ရောက် ဖြေဆိုပြန်ရာ အောင်မြင် ရွေးချယ်ခြင်း ခံရသဖြင့် ၁၉၂၇ မှ ၁၉၂၉ အထိ တက္ကသိုလ် ကျူတာ ဘဝဖြင့် တာဝန် ထမ်းဆောင်ပြီး ငါးလ အကြာတွင် အိန္ဒိယနိုင်ငံ ဝန်ထမ်း အိုင်စီအက်စ် အဖြစ်ဖြင့် [[အင်္ဂလန်နိုင်ငံ]] [[အောက်စဖို့ဒ် တက္ကသိုလ်]] ခရိုက်ချပ်ချ် ကောလိပ်တွင် ပညာ သင်ကြား ဆည်းပူးရန် စေလွှတ်ခြင်း ခံရသည်။
စာကြောင်း ၅၁ -
[[ဒုတိယ ကမ္ဘာစစ်]] စစ်အတွင်းကာလ မသမာလူဆိုးတို့၏ လက်ချက်ဖြင့် အသက်သေဆုံးရသော အခါ၌မူ စစ်ပြေးအနေနှင့် [[ကန့်ဘလူမြို့]]နှင့် ၁ဝ မိုင်ခန့်အကွာ ဂါးဒါး ဆည်ကြီးရွာတွင် ကန့်ဘလူနယ်ပိုင် ဝန်ထောက်ဟောင်း ဦးဘသန်း တို့နှင့် ဂါးဒါး ဆည်ကြီးရွာ ဗိုလ်တဲ၌ ခိုနေကြခိုက် ဖြစ်သည်။ အနိစ္စ ရောက်ရရှာသော အင်္ဂလိပ် သက္ကရာဇ် ၁၉၄၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ နံနက် ၅ နာရီခန့် ဝေလီဝေလင်း အချိန်တွင် ဓားပြ လူဆိုး ၁ဝဝ ခန့်တို့သည် ဦးစိန်တင်တို့ တည်းခို နေထိုင်ရာ ဗိုလ်တဲကို အဘက်ဘက်မှ ဝိုင်း၍ သေနတ်နှင့် တရစပ် ပစ်ခတ် ကြပေသည်။ အင်အားချင်း မမျှ၍ လက်နက်ချ အညံ့ခံ ကြပါငြားလည်း မသိ ဆိုးရွားလှသော လူတသိုက်ကား အပစ်အခတ် မရပ်။ ဆက်လက် ပစ်ခတ်နေသည့် အထဲမှ နယ်ပိုင် ဝန်ထောက်ဟောင်း ဦးဘသန်းလည်း ပွဲချင်းပြီး သေရ ရှာလေသည်။ ဦးဘသန်း၏ ဇနီးသည်လည်း ပွဲချင်းပြီး သေရ ရှာလေသည်။ အရေးပိုင်မင်း ဦးစိန်တင်လည်း ပွဲချင်းပြီး သေရ ရှာလေသည်။
 
== '''ကလောင်ခွဲများ''' ==
သိပ္ပံကျောင်းသားမောင်မြသွင်၊ မောင်လှမောင်၊ မောင်မောင်၊ ဦးကုသလ၊ မောင်ကကြီး၊ မောင်ယပက်လက်၊ ဦးသက္က၊ မောင်သိန်းဖေ၊ မဏိ၊ ဝတ္ထုရေးဆရာတစ်ဦး၊ အမှန်ကြိုက်သူ၊ မောင်သာမောင်၊ ဘိလပ်ပြန်၊ ခေတ်စမ်း မောင်၊ ခြင်းသမားသခင်၊ မောင်လူအေး၊ ခင်⁠ခင်ထွေး ထို့ပြင် မောင်သံချောင်း၊ တင့်တင့်၊ တင်မောင်မြင့် စသည်များဖြစ်သည်။
 
== '''ရေးသားခဲ့သော စာအုပ်များ''' ==
# ''ခေတ်စမ်းစာပေ အထွေထွေ''
# ''ခေတ်စမ်းပုံပြင်(စုပေါင်း)'' - (၁၉၃၈ ခုနှစ်'')
# ''ခေတ်စမ်း ပုံပြင်များ (ခ) ခေတ်စမ်း ဝတ္ထုများ''
# ''ခေတ်စမ်း ရာဇဝင်ရေးရာများ''
စာကြောင်း ၆၃ -
# ''စစ်အတွင်း နေ့စဉ်မှတ်တမ်း''
# ''မှတ်တမ်းဝင် စာပေများ''
# ''လှအုံးမယ်ဝတ္ထု'' - (၁၉၃၃ ခုနှစ်'')
# ''ဝတ္ထုဆောင်းပါးများ''
# ''သူ့စာများကပြောခဲ့တဲ့ သိပ္ပံမောင်ဝ အကြောင်း''
# ''သုံးပွင့်ဆိုင် ခေတ်စမ်းစာပေ''
# ''အောက်စဖို့ဒ် တက္ကသိုလ်'' - (၁၉၃၈ ခုနှစ်'')
# ''အဟိတ်ဝတ္ထုဇာတ်လမ်းများ''
 
== ကိုးကား ==
== '''ကျမ်းကိုး''' ==
{{reflist}}