ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.6.4) (ရိုဘော ပေါင်းထည့်နေသည: ln:Mobéko likonzi
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၃ -
ခေတ်သစ်ကမ္ဘာတွင် ဖွဲ့စည်းပုံအခြေခံပဒေအရ အုပ်ချုပ်သည့် ပုံစံမှာ ဥရောပမှ စတင်သည်။
 
== ဖွဲ့စည်းပုံအခြေခံဥပဒေ နှစ်မျိုး ==
ဖွဲ့စည်းပုံအခြေခံဥပဒေကို စနစ်တကျရေးသားပြဌာန်းသည်ရှိသကဲ့သို့၊စနစ်တကျရေးသားထားခြင်းမရှိပဲ အချိန်အခါနှင့်အခြေအနေ အရ ချုပ်ဆိုသော စာချုပ်များ၊ပြဌာန်းဥပဒေများ ကိုစုပေါင်းအခြေခံထားသည်လည်းရှိသည်။ဥပမာအားဖြင့် [[အမေရိကန်ပြည်ထောင်စု]] တွင် စနစ်တကျရေးဆွဲပြဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေရှိပြီး [[ဗြိတိန်နိုင်ငံ]]တွင်မူ စနစ်တကျရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဟူ၍မရှိပဲ သမိုင်းတစ်လျှောက်ချုပ်ဆိုခဲ့သည့်စာချုပ်များနှင့် အချိန်အခါနှင့် အခြေအနေပေါ်မူတည်၍ ပြဌာန်းခဲ့သည့် ဥပဒေများကိုသာ အကိုးအကားပြုပြီးအုပ်ချုပ်လေသည်။
 
== ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (Constitution) ဆိုသည်မှာ ==
# နိုင်ငံတော်ကိုမည်သို့ဖွဲ့စည်းမည်။
# အချုပ်အခြာအာဏာသည် ပြည်သူတွင်တည်ပြီး၊ ပြည်သူက ထိုအာဏာကို မိမိတို့ကိုယ်စားကျင့်သုံးရန် မည်သည့် အဖွဲ့အစည်းကို အပ်နှင်းထားမည်။
# ထိုအပ်နှင်းခံရမည့် အဖွဲ့အစည်းများကလည်း မိမိတို့အား လွှဲအပ်ထားသည့်အာဏာကို မည်သည့်ဥပဒေစည်းကမ်းများဖြင့်၊ မည်သို့ကျင့်သုံးမည် စသည်တို့ကို ဖော်ပြပြဋ္ဌာန်းထားသည့် ဥပဒေကြီးဖြစ်ပါသည်။
 
== အာဏာသုံးရပ် ==
 
"နိုင်ငံတော်အချုပ်အခြာအာဏာ (Sovereignty) သည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး တွင်တည်သည်" ဟူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံရမည့်မူများထဲတွင် သတ်မှတ်ပြဋ္ဌာန်းထားပါသည်။ အချုပ်အခြာအာဏာသည် လူထုထံတွင်ရှိပြီး လူထုထံတွင်တည်ရသည်။ ထိုအာဏာကို လူထုထံမှခံယူပြီး ဥပဒပြုအစိုးရ၊ အုပ်ချုပ်ရေးအစိုးရ၊ တရားစီရင်ရေး အစိုးရများသည် လူထုကိုယ်စား အာဏာကိုသုံးစွဲရသည်။
စာကြောင်း ၁၇ -
နိုင်ငံတော်ကို ဖွဲ့စည်းအုပ်ချုပ်ခဲ့ကြရာတွင် အချုပ်အခြာအာဏာကို သုံးပိုင်းခွဲကာ အာဏာသုံးရပ်ဖြင့် ကဏ္ဍသုံးရပ်ခွဲပြီး အုပ်ချုပ်လေ့ရှိသည်။ အာဏာသုံးရပ်ဆိုသည်မှာ
# ဥပဒေပြုရေးအာဏာ (Legislative Power)
# တရားစီရင်ရေးအာဏာ (Judical Power)
# စီမံခန့်ခွဲရေး (အုပ်ချုပ်ရေး) အာဏာ (Executive Power) ဟူ၍ဖြစ် သည်။
 
စာကြောင်း ၃၀ -
နိုင်ငံတစ်နိုင်ငံလွတ်လပ်မှုကို ဥပဒေသဘောအရသာမက နိုင်ငံရေးနှင့် စီးပွားရေးအရလည်း လွတ်လပ်မှသာ စစ်မှန်ပြည့်၀သော လွတ်လပ်မှုဟုဆိုနိုင်ပါသည်။ သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံသည် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မူအရ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်၍ ဥပဒေသဘောအရ၊ နိုင်ငံရေးသဘောအရ၊ စီးပွားရေးသဘောအရ အမှန်တကယ်လွတ်လပ်မှသာ အချုပ်အခြာအာဏာပိုင်နိုင်ငံ ဟူ၍ဆိုနိုင်မည်ဖြစ်သည်။
 
== ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ==
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ အခန်း (၁) နိုင်ငံတော်အခြေခံမူများ၏ နိုင်ငံတော်အခန်းကဏ္ဍ၌ ပုဒ်မ (၁) တွင် "မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံဖြစ်သည်" ဟူ၍လည်းကောင်း၊ ပုဒ်မ (၄) တွင် "နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌တည်သည်" ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားကြောင်းတွေ့ရသည်။
စာကြောင်း ၃၆ -
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ရည်ရွယ်ချက်သည် အစိုးရက ပြည်သူလူထု၏အခွင့်အရေးကို မချိုးဖောက်နိုင်ရေးအတွက် ကာကွယ်ရန်ဖြစ်သည်။ ထို့ကြောင့် အခြေခံဥပဒေတစ်ရပ်သည် တိကျပြတ်သားရန်လိုပါသည်။ ပြည်သူလူထု အခွင့်အရေးကို ကာကွယ်ရန်အတွက်လည်း အခြေခံဥပဒေကို ကျင့်သုံးသည့်နိုင်ငံတိုင်းတွင် အမြဲစောင့်ကြည့်နေရန် လိုပါသည်။ အစိုးရ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး ဝေဖန်သုံးသပ်နိုင်သူများ၊ ဝေဖန်သုံးသပ်ပိုင်ခွင့်များလည်း ရှိရန်လိုသည်။ ထို့ပြင် နိုင်ငံရေး အသိတရားများရှိရန်လည်းလိုသေးသည်။ ထိုအချက်များနှင့်မပြည့်စုံသည့်နိုင်ငံတွင် အစိုးရ၏ လှည့်စားခြင်းကို ပြည်သူများ ခံကြရမည်သာဖြစ်သည်။
 
== ဒီမိုကရေစီနိုင်ငံများ ပေါ်ထွန်းလာ ==
၁၉ ရာစုတွင် ဥရောပအလယ်ပိုင်း၌ လူမျိုးအလိုက် အမျိုးသားစိတ်ဓာတ်များနိုးကြားတက်ကြွလာကြပြီး လှုပ်ရှား တော်လှန်မှုများ ဖြစ်ပွားလာခဲ့သည်။ ပြင်သစ်တွင် ၁၈၃၀ ပြည့်၌ ဘူကွန်ဘုရင်ကို နန်းချပြီး သက်ဦးဆံပိုင်ဘုရင်စနစ်မှ သမ္မတနိုင်ငံအသွင်သို့ ကူးပြောင်းခဲ့ကြသည်။ နောက်ပိုင်း နပိုလီယံခေတ်တွင် အင်ပါယာကိုထူထောင်ကြပြန်သည်။ နပိုလီယံအင်ပါယာပြိုလဲသွားပြီးနောက် ဘုရင်စနစ်ကိုပြန်လည်ထူထောင်ကြသော်လည်း ယခုတစ်ကြိမ်ထူထောင်သည့် ဘုရင်စနစ်မှာ စည်းမျဉ်းခံဘုရင်စနစ် (Constitutional Monarchy) သာဖြစ်သည်။ အချို့သောနိုင်ငံများတွင် ဘုရင်စနစ် ရှိနေဆဲဖြစ်သော်လည်း ပြည်သူတို့ဆန္ဒပြတောင်းဆိုမှုများ၊ တော်လှန်ရေးဖြစ်ပွားမည်ကိုစိုးရိမ်မှုများကြောင့် အလျှော့ပေး လာကြရာမှ ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်အရ အုပ်ချုပ်သောဒီမိုကရေစီအစိုးရနှင့် ဒီမိုကရေစီနိုင်ငံများ ပေါ်ထွန်းလာခဲ့ ရသည်။
 
အချို့သောနိုင်ငံများတွင် ဘုရင်နှင့် လူတန်းစားပေါင်းစုံပါဝင်သည့် လွှတ်တော်များ၏ဆန္ဒယူကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ သတ်မှတ်ပြဋ္ဌာန်းကြပြီး အစိုးရသစ်များဖွဲ့စည်းလာကြသည်။ ပြည်သူတို့သည် သူတို့လိုချင်သည့်အစိုးရမျိုးကို မရရှိသည့်အခါတွင် တော်လှန်သောအဖွဲ့များက ဘုရင့်အာဏာကိုတော်လှန်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်အရတည် ထောင်သော အစိုးရများကို ထူထောင်လာကြသည်။
စာကြောင်း ၄၃ -
ဩစတြေးလျ၊ ပရပ်ရှားနှင့် ရုရှားနိုင်ငံများတွင် အစိုးရပုံစံကို ဖွဲ့စည်းပုံအခြေခံဥပဒေအရပြောင်းလဲလိုသည့် အင်အားစုများကို ဘုရင့်အစိုးရသည် အပြင်းအထန်နှိပ်ကွပ်ခဲ့ကြသည်။ သို့သော် ၁၈၈၀ ပြည့်နှစ်ခန့်တွင် ဥရောပ၌ ရုရှားနှင့် တူရကီနိုင်ငံများမှလွဲပြီး ကျန်နိုင်ငံများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်အရ အုပ်ချုပ်သည့် ဒီမိုကရေစီအစိုးရ များပေါ်ပေါက်လာခဲ့သည်။ ၁၉ ရာစုကုန်ခါနီးတွင် အီတလီ၊ စပိန်၊ ပေါ်တူဂီစသောနိုင်ငံများတွင် ဖွဲ့စည်းပုံစနစ်အရ အစိုးရများထူထောင်ခဲ့ကြသည်။
 
== လွှတ်တော် ==
ပင်မစာမျက်နှာ: [[လွှတ်တော်]]
 
စာကြောင်း ၅၂ -
[[ဥရောပတိုက်]]ကခံယူသည့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ သဘောတရားတွင် ဘုရင်ကို နိုင်ငံအကြီးအကဲအဖြစ် လက်ခံကြသည်။ သို့သော် နိုင်ငံအစိုးရအဖွဲ့အစည်းတွင် အကြီးအကဲအဖြစ် လက်ခံလိုသော သဘောထားများမရှိ ကြောင်း ဖော်ထုတ်ပြသခဲ့ကြသည်။ မည်သို့ဆိုစေ ၁၉ ရာစုအတွင်း ဥရောပနိုင်ငံအချို့တွင် ဘုရင်ကို နိုင်ငံ၏အထွတ်အထိပ်အဖြစ် ရုပ်ပြသက်သက် မထားလိုကြပဲ ဘုရင်လုပ်သူကို လက်တွေ့အားဖြင့် အာဏာပိုင်များသဖွယ် ဆက်လက် တည်ရှိစေခဲ့သည့် နိုင်ငံများလည်းရှိခဲ့သည်။
 
== မလွဲမသွေရှိရမည့် အခြေခံဥပဒေ ==
နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံတိုင်းတွင် မလွဲမသွေရှိရမည့် အခြေခံဥပဒေကြီးဖြစ်သည်။ ဥပဒေပညာရှင်များက ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိပ္ပာယ်ဖွင့်ဆိုကြရာတွင် "ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုသည်မှာ တရားဥပဒေအရ ဖွဲ့စည်းထားသော နိုင်ငံရေးအဖွဲ့အစည်း၏ စည်းကမ်းဘောင်ဖြစ်သည်" ဟု ဖွင့်ဆိုကြသည်။
 
စာကြောင်း ၆၃ -
နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လေ့လာခြင်းဖြင့် ယင်းဖွဲ့စည်းပုံနှင့် သက်ဆိုင် သော နိုင်ငံ၏ ဥပဒေပြုရေး၊ စီမံခန့်ခွဲရေး၊ တရားစီရင်ရေးကဏ္ဍကြီးများ ကိုလည်းကောင်း၊ ယင်းကဏ္ဍကြီးများနှင့် နိုင်ငံသားတို့၏ ဆက်သွယ်မှုများကိုလည်းကောင်း၊ ပြည်သူ့ကိုယ်စားလှယ်များအား မည်ကဲ့သို့ ရွေးချယ်တင်မြှောက်ခြင်း များပြုသည်ကိုလည်းကောင်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများနှင့် တာဝန်များကိုလည်းကောင်း အလွယ်တကူသိရှိ နိုင်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံ၏ကြေးမုံပြင်ပမာ တင်စားခဲ့ကြခြင်းဖြစ်သည်။
 
== အမျိုးအစားများ ==
ဖွဲ့စည်းပုံအခြေခံဥပဒေများကို အမျိုးအစားများခွဲခြားရာတွင် <br />
(၁) ဖွဲ့စည်းပုံနှင့်သက်ဆိုင်သော နိုင်ငံ၏ သဘာဝကိုကြည့်၍ အမျိုးအစားခွဲခြားခြင်း
 
စာကြောင်း ၇၁ -
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေ၏ သဘာ၀ကိုကြည့်ရှု၍ အမျိုးအစားခွဲခြားခြင်း
 
::::ပုံစံအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြုပြင်ပြောင်းလဲရန် လွယ်ကူသော ဖွဲ့စည်းပုံအခြေခံဥပဒေ (Flexible Constitution) ဖြစ်သည် သို့မဟုတ် ပြုပြင်ပြောင်းလဲရန် ခက်ခဲသော ဖွဲ့စည်းပုံအခြေခံဥပဒေ (Rigid Constitution) ဖြစ်သည်ဟူ၍ခွဲခြားရခြင်း
 
(၃) ဥပဒေပြုအဖွဲ့၏ သဘာ၀ကိုကြည့်၍ အမျိုးအစားခွဲခြားခြင်း
စာကြောင်း ၇၉ -
(၄) စီမံခန့်ခွဲရေးဌာန၏ သဘာဝကိုကြည့်ရှု၍ အမျိုးအစားခွဲခြားခြင်း
 
::::ပုံစံအားဖြင့် စီမံခန့်ခွဲရေးဌာနသည် ပါလီမန် သို့မဟုတ် လွှတ်တော်ကို တာဝန်ခံရသော စီမံခန့်ခွဲရေးဌာန (Parlimentary Executive) ဖြစ်သည် သို့မဟုတ် ပါလီမန်ကို တာဝန်မခံရသော စီမံခန့်ခွဲရေးဌာန (Non-Parlimentary Executive) ဖြစ်သည်ကို ခွဲခြားကြည့်ခြင်း
 
(၅) တရားစီရင်ရေးဌာန၏ သဘာဝကိုကြည့်၍ အမျိုးအစားခွဲခြင်း
စာကြောင်း ၈၆ -
အချို့ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေများကို အမျိုးအစားခွဲခြားရာတွင် ယင်းဖွဲ့စည်းပုံအခြေခံဥပဒေသည် မည်သည့်လူတန်းစားကို အကျိုးပြုသည်ဆိုသည့်အချက်ကိုပါ ထည့်သွင်းခွဲခြားခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ သဘာဝကို ပိုမိုပေါ်လွင်စေနိုင်မည်ဟုဆိုကြသည်။
== ဆက်စပ်လေ့လာရန် ==
* [[မြန်မာ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ]]
 
[[rue:Конштітуція]]
 
[[Category:အုပ်ချုပ်ရေး]]
Line ၉၁ ⟶ ၉၅:
[[Category:နိုင်ငံရေး]]
[[Category:ယဉ်ကျေးမှု]]
 
==ဆက်စပ်လေ့လာရန်==
*[[မြန်မာ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ]]
 
[[als:Verfassung]]
Line ၁၆၉ ⟶ ၁၇၀:
[[ro:Constituție]]
[[ru:Конституция]]
[[rue:Конштітуція]]
[[sah:Конституция]]
[[scn:Custituzzioni]]