ဗညားဦး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (robot Adding: fr:Binnya U
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၃ -
ပုန်ကန်သူများဖြစ်သည့် လောက်ဖြားတို့ ညီအစ်ကိုများက ဇင်းမယ်မင်းထံသံစေကာ မဟာမိတ်ပြုပြီး ပဲခူးကိုတိုက်ရန် ဇင်းမယ်မင်းကိုလျှောက်ထားကြောင်းသိရလျှင် မိမိသမီးတော် တလမေသီရိအား ဇင်းမယ်မင်းထက်ဆက်သပြီး မဟာမိတ်ပြုရသည်။အခြားသမီးတော်တစ်ပါးဖြစ်သည့် တလမေဒေါကမူ ဗညားနွဲ့နှင့် ရည်ငံပြီး ထွက်ပြေးသဖြင့် ဗညားဦး အမျက်ထွက်ကာ ဗညားနွဲ့ကို အကျဥး်ချထားစေသည်။ နောင်သော် အမတော်မဟာဒေဝီနှင့် ကျန်အဆွေအမျိုးတို့တောင်းပန်သောကြောင့် ထောင်မှလွတ်ကာ တလမေဒေါ နှင့်လက်ဆက်ပေးသည်။ဇင်းမယ်သို့ဆက်သ သည့်သမီးတော် သလမေသီရိတစ်ယောက် ဇင်းမယ်မင်း၏လေးမြတ်မှုကိုမရသဖြင့် စိတ်မချမ်းသာဖြစ်နေကြောင်းသိလျှင် ပုန်ကန်သူများဖြစ်သည့် လောက်ဖြားတို့ညီနောင်များ အားစစ်ပြေငြိမ်းစကားဆိုပြီး သမီးတော်ကို ဇင်းမယ်မင်းထံမှ ပြန်ခေါ်ပြီး မိမိထံအပ်စေသည်။အမတ်သားတစ်ဦးဖြစ်သည့် သမိန်မရူးက တောင်းယူသဖြင့် တလမေသီရိအား မရူးဖြင့် လက်ဆက်ပေးသည်။
 
ဟံသာဝတီတွင် သုရှင် ဗညားဦး(ဆင်ဖြူရှင် ဗညားဦး) နာမကျန်း ဖြစ်ချိန်တွင် သားတော် ဗညားနွဲ့အား ကိုယ်စားအုပ်ချုပ်သည့် မဟာဒေဝီ နှင့် ယောက်ဖတော် သမိန်မရူးတို့ မှ သတ်ဖြတ်ကာ သမိန်မရူး ထီးနန်းရရန် ကြံလေသောကြောင့် ဗညားနွဲ့လည်း ကျွန်ယုံ ၃၀ ကျော်ဖြင့် ဒဂုံ (ရန်ကုန်) သို့ထွက်ပြေးကာ ပုန်ကန်သည်။နောင်တွင် သမိန်မရူးရှုံးပြီး ဗညားနွဲ့စစ်ရေးသာပြီး ပဲခူးသို့ချီတက်လာချိန်တွင်ပင် ဆင်ဖြူရှင်ဗညားဦးလွန်လေသည်။ဗညားဦးလွန်လျှင် ဗညားနွဲ့က [[ရာဇာဓိရာဇ်]] ဘွဲ့ဖြင့် ဟံသာဝတီထီးနန်းကို စိုးစံလေသည်။
 
{{မဂဒူး မင်းဆက်}}
 
 
[[Category:သမိုင်း]]