ဗထူး၊ ဗိုလ်မှူးကြီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
=ဗိုလ်မှူးကြီးဗထူး(၁၉၁၆ - ၁၉၄၅)=
== ငယ်စဉ်ဘဝ ==
[[imageFile:bahtoo.gif|thumb|မြန်မာ့ တပ်မတော် ဂုဏ်ထူးဆောင် မျိုးချစ် ဗိုလ်မှူးကြီး ဗထူး]]
ဗိုလ်မှူးကြီး ဗထူးသည် ထားဝယ်ခရိုင် လောင်းလုံမြို့နယ် အပိုင် လေသွန်းခံရွာ ဇာတိဖြစ်၍ ဦးဖိုးထွန်းနှင့် ဒေါ်စိန်မြရင် တို့၏ သားထွေး ဖြစ်သည်။ မိဘများမှာ လယ်သမား အမျိုးအနွယ်များ ဖြစ်သည်။
 
ငယ်စဉ်က ထားဝယ်မြို့ အစိုးရ အထက်တန်းကျောင်းတွင် သတ္တမတန်း အထိ ပညာသင်ကြား ခဲ့ပြီးနောက် အဋ္ဌမတန်းသို့ ရောက်သောအခါ အလုပ် လုပ်လိုသဖြင့် ကျောင်းမှ ထွက်ခဲ့သည်။ မိဘများနှင့် မိတ်ဆွေ သူငယ်ချင်းများက ကျောင်းဆက်နေရန် ဖျောင်းဖျသော်လည်း မရ၍ လက်လျှော့ခဲ့ရ၏။ သူ၏ မိဘများနှင့် ခင်မင်ရင်းနှီးသည့် ဟိန်းဒါး သတ္တတွင်း (ဟိန်းဒါးမိုင်း) မှ အိုဗာစီယာချုပ် ဦးလွန်းပင်၏ အကူအညီဖြင့် ဟိန်းဒါးမိုင်းတွင် အလုပ်ရခဲ့သည်။ ဗိုလ်ဗထူး၏ ရိုးသား ဖြောင့်မတ်ခြင်း၊ လုံ့လ ဝီရိယ ရှိခြင်း၊ ပေါင်းသင်း ဆက်ဆံမှု ကောင်းခြင်း၊ ခေါင်းဆောင်မှု ကောင်းခြင်းတို့ကြောင့် အလုပ်ဝင်ပြီး၍ မကြာမီပင် မန်နေဂျာ အဖြစ် လွှဲအပ်ခြင်း ခံရသည်။
 
== မိသားစုနှင့် မောင်ဗထူး ==
 
မိဘများနှင့် ခင်မင် ရင်းနှီးစွဲ ရှိသည့် ဟိန်းဒါးမိုင်း အိုဗာဆီယာချုပ် ဦးလွန်းပင်၊ ဒေါ်စိန်ချယ်တို့၏ သမီး မအုန်းတင်နှင့် ဗိုလ်ဗထူးသည် ထိမ်းမြား လက်ထပ်ခဲ့၍ သားကြီး မောင်ဖေဝင်း၊ သားငယ် မောင်စန်းဝင်းနှင့် သမီး မခင်ဝင်း ဟူ၍ သားသမီး သုံးယောက် ထွန်းကားခဲ့သည်။
စာကြောင်း ၄၇ -
 
[[တပ်မတော် သူရဲကောင်းများ]]
== ကိုးကား ==
''မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း၊ ရန်ကုန်မြို့က ၁၉၆၃ ခုနှစ်မှာ ပဌမ အကြိမ် ပုံနှိပ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ စာပေဗိမာန်၏ ရုပ်ပြ ဗဟုသုတဘဏ်၊ ‘မြန်မာ့ စွယ်စုံကျမ်း၊ အတွက် - ၇ (ပဉ် - ဗီး)’ [For Ever Space က eBook အဖြစ် ဖြန့်ချိတဲ့ အွန်လိုင်း PDF စာအုပ်] မှာ စာမျက်နှာ ၃၃၄ မှ ၃၃၇ အထိ ဖော်ပြ ပါရှိခဲ့တဲ့ “မြန်မာ့ တပ်မတော် ဂုဏ်ထူးဆောင် မျိုးချစ် ဗိုလ်မှူးကြီး ဗထူး (ခရစ် ၁၉၄၅ လွန်)” အကြောင်းကို ပြန်လည် ထုတ်နုတ် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။''
{{DEFAULTSORT:ဗ|ဗိုလ်မှူးကြီး ဗထူး}}
 
 
 
[[Category:အတ္ထုပ္ပတ္တိ]]
Line ၅၆ ⟶ ၅၅:
[[Category:မြန်မာ့ သမိုင်း]]
[[Category:သမိုင်း]]
{{DEFAULTSORT:ဗ|ဗိုလ်မှူးကြီး ဗထူး}}