ဗန်းမော်ဆရာတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၄ -
 
|-
| colspan="2" style="text-align: center;" | [[ImageFile:BaMawSayartaw.JPG |160px| ဗန်းမော်ဆရာတော်]]
 
|-valign="top"
စာကြောင်း ၁၂ -
|-valign="top"
| '''နိ်ုင်ငံ'''
| [[ImageFile:Flag of Myanmar.svg|25px ]] မြန်မာ
 
|-valign="top"
စာကြောင်း ၃၁ -
 
|}
== ဗန်းမော်ဆရာတော် ==
=== ငယ်ဘဝ ===
မြန်မာသက္ကရာဇ် ၁၁၆၈-ခုနှစ် ပဲခူးတိုင်း၊ ရွှေတောင်မြို့၊ ကွမ်းညှပ်စင်ရွာ၌ ဖွားမြင်သည်။ ငယ်နံမည် မောင်ဖြူဝင်း ဖြစ်သည်။
ရဟန်းဘွဲ့မှာ ဦးပဏ္ဍိတ ဖြစ်သည်။ ဆရာတော်သည် သင်္ကန်းနိုင်စကပင် ကိုရင်ဝတ်ခဲ့သည်။ ရတနာပုံ နေပြည်တော်သို့ တက်ကာ စာပေပရိယတ္တိ သင်ယူသည်။ ရတနာပုံနေပြည်တော်ကား သာသနာထွန်းကားစည်ပင်ရာဖြစ်ပါသည်။ အနယ်နယ်အရပ်ရပ်မှ သံဃာတော်များ စုဝေးရောက်ရှိရာလည်း ဖြစ်ပါသည်။ ထို့ကြောင့် ဆွမ်းကွမ်းကိစ္စ အခက်အခဲရှိတတ်သည်။ အထူးသဖြင့် ငယ်ရွယ်သူ ရှင်သာမဏေများအတွက် ပို၍ အခက်အခဲရှိတတ်သည်။ ဤဒဏ်ကို ကြာကြာမခံနိုင်ဘဲ ကိုရင်ဘဝ လူထွက်ကာ ကွမ်းညှပ်စင်ရွာသို့ ပြန်ခဲ့သည်။ ရွာတွင် ကြာကြာမနေနိုင်၊ ကိုရင်ပြန်ဝတ်သည်။ နေပြည်တော်သို့ သွားသည်။ စာပေကြိုးစားသင်ယူသည်။
 
=== အောင်မြင်မှုများ ===
မြင်းဝန်မင်းကြီး၏ ကောင်းမှုကြောင့် စာပြန်ပွဲဝင်သည်။ ထိပ်ဆုံးမှ အောင်မြင်ခဲ့သည်။ ရှင်ပဏ္ဍိတသည် သာမဏေဘဝကပင် စာစပ်ဝါသနာပါသည်။ ကဗျာဖွဲ့ဆိုမှု၌ နိုင်နင်းသည်။ သက်တော်(၂၁)နှစ်တွင် မိဖုရားခေါင်ကြီးက ပဉ္စင်းခံပေးသည်။ ဘိုးတော်မင်းတရားကြီး၏ မိဖုရား ဝေသာလီမင်းသမီး၊ ဗန်းမော်မြို့စား ဥပေါတရာ ဆောက်လုပ်လှူဒါန်းသော ဗန်းမော်ကျောင်းတွင် သီတင်းသုံးသည်။ ထို့ကြောင့် ''' ဗန်းမော်ဆရာတော်''' ဟု တွင်သည်။ ကဗျာစာဆိုကျော် [[စလေဦးပုည]]သည်ပင်လျှင် ဆရာတော်ထံ ဝင်ရောက်ကာ နည်းယူသည်။ အားကိုးအားထား ပြုသည်။
 
ဆရာတော်သည် [[မင်းတုန်းမင်း|မင်းတုန်းမင်းတရားကြီး]] လက်ထက်တွင် အလွန်ထင်ရှား ကျော်စောသည်။ [[သင်္ဂဇာဆရာတော်]] ၊ [[ရွှေကျင်ဆရာတော်]] ၊ [[သက်ပန်းဆရာတော်]] တို့နှင့် ခေတ်ပြိုင်ဖြစ်သည်။ မင်းတုန်းမင်းတရားကြီးက`'''ပဏ္ဍိတ ဝံသာဘိဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု'''´ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းသည်။
စာကြောင်း ၄၇ -
မင်းတုန်းမင်းကြီး၏ လက်ထက်တွင် ပစ်စာ၊ သရော်စာများ ရှိခဲ့ဖူးသည်ကို တွေ့ရသည်။ ဗန်းမော်ဆရာတော်၏ လက်ချက်ဖြစ်သော ပစ်စာအများပင် ပေါ်ခဲ့ဖူးသည်။
 
=== ပြုစုခဲ့သောကျမ်းများ ===
မင်းကွန်းချောင်တွင် သီတင်းသုံးတော်မူစဉ် သိမ်သမုတ်ရာ၌ လိုက်နာရမည့် နည်းများကို ကျောက်ထက်အက္ခရာ ထိုး၍ မော်ကွန်းတင်ခဲ့သည်။ ဆရာတော်ပြုစုခဲ့သော ကျမ်းများမှာ -
# ကထိနဝိသောဓနီကျမ်း
# ဝိနယဓရဗဟုသုတဝိနိစ္ဆယ
# ဝိဝတ္တဘေဒနီကျမ်း
# သီမဘေဒဝိဘာဝနီကျမ်း
# အသုဘဒဿနဝိနိစ္ဆယ
# ဥပုသ်အဆုံးအဖြတ်
 
=== ဘဝနိဂုံး ===
မြန်မာသက္ကရာဇ် ၁၂၃၉-ခုနှစ် ဝါဆိုလ၊ သက်တော်(၇၁)နှစ်တွင် စစ်ကိုင်းတောင်၊ ခိုတောင်တောရ၌ ပျံလွန်တော်မူသည်။
ဆရာတော်၏ စာ၊ ဆရာတော်၏ ဥပမာ၊ ထုံးတို့သည် ယနေ့တိုင် မှတ်ယူနည်းမှီ၍ သုံးမကုန်နိုင်သော ပညာသမုဒ္ဒရာကြီးနှင့် တူလှပေသည်။
 
=== ကိုးကား ===
နေဘုန်းဝေ`စာချီအကျော် ဗန်းမော်ဆရာတော်´
--[[User:Mayor mt|Mayor mt]] 08:34, 7 နိုဝင်ဘာ 2008 (UTC)
{{ကုန်းဘောင်ခေတ်}}
 
[[Category:ထေရုပ္ပတ္တိ]]
[[Category:ရှေးခေတ်မြန်မာ ကဗျာစာဆိုတော်များ]]
[[Category:ဘုန်းတော်ကြီးများ]]
{{ကုန်းဘောင်ခေတ်}}