ဗဟိန်း၊ ကို: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
ကိုဗဟိန်းကို [[၁၉၁၉]] ခုနှစ် ဝါဆိုလဆန်း ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၇ နာရီ အချိန်တွင် [[အင်းဝမြို့]] ကိုင်းတန်းရပ်၌ ဖွားမြင်ခဲ့သည်။ အဖ ဦးမှင်၊ အမိ ဒေါ်ဦးတို့၏ ပဉ္စမမြောက်သား ဖြစ်သည်။
 
မန္ဒလေးမြို့ အေဘီအမ် မိန်းကလေးကျောင်း၊ သကျသီဟ ဘုရားအနီး ဆရာငုံကျောင်း၊ [[မန္တလေးမြို့]] ဗဟိုအမျိုးသား အထက်တန်းကျောင်းများတွင် ပညာဆည်းပူးခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် မန္တလေး ဥပစာ ကောလိပ်၌ စတင်ပညာသင်ကြားခဲ့သည်။ ၁၉၃၅-၃၆ ခုနှစ်တွင် မန္တလေး ဥပစာ ကောလိပ် ကျောင်းသားများ သမဂ္ဂအမှုဆောင် ဖြစ်ခဲ့သည်။ ၁၉၃၆ ခု ကျောင်းသား သပိတ်တွင် စစ်ကိုင်း အစိုးရ အထက်တန်းကျောင်းသို့ သပိတ် သွားတားရာ၊ ကျောင်းအုပ်ကြီး မစ္စတာဒေါင်းနှင့် စကောက်များက ဝိုင်းရိုက်သဖြင့် ဒဏ်ရာရှိခဲ့သည်။ ၁၉၃၆ -၃၇ ခုနှစ်တွင် မန္တလေး ဥပစာ ကောလိပ်ကျောင်းသားများ သမဂ္ဂ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့၍ အထက်တန်းကို [[ပါဠိဘာသာ]] ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့လေသည်။
 
ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်ပညာဆည်းပူး၍ ၁၉၃၈-၃၉ ခုတွင် တကသ အမှုဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။ တကသ ဥက္ကဌ [[ဗိုလ်ချုပ်အောင်ဆန်း|ကိုအောင်ဆန်း]] နှုတ်ထွက်သွားသောအခါ တကသ ဥက္ကဌအဖြစ်ထက် ဗကသ ဥက္ကဌအဖြစ် လူသိများခဲ့သည်။
စာကြောင်း ၁၃ -
ကိုဗဟိန်းသည် [[ဗမာပြည် ကွန်မြူနစ်ပါတီ]]ကို တည်ထောင်သူ တစ်ဦးဖြစ်ပြီး၊ ၁၉၄၆ ခုနှသ် ကွန်မြူနစ်ပါတီ ပြောင်ထူထောင်သော အခါတွင် ဗဟိုကော်မတီ ဖြစ်ခဲ့သည်။ နောင်တွင် ပေါလစ်ဗျူရို အဖွဲ့ဝင် ဗမာပြည် အလုပ်သမားများ သမဂ္ဂ(A.B.T.U.C)၏ ဥက္ကဌ ဖြစ်ခဲ့လေသည်။ ၁၉၄၆ ခု နိုဝင်ဘာလ ၂၀ ရက်နေ့တွင် မန္တလေးမြို့ ပြည်သူ့ ဆေးရုံကြီးတွင် ကွယ်လွန် အနိစ္စရောက်ခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးမော်ကွန်းဝင် စာရင်းတွင် ပထမအဆင့်ကျေညာပေးခြင်း ခံခဲ့ရသူ ဖြစ်လေသည်။<ref> “ဒုတိယကမ္ဘာစစ်မတိုင်မီ တကသ ဥက္ကဌများ”
</ref>
== ကိုးကား ==
<references/>
 
[[Category:အတ္ထုပ္ပတ္တိ]]