ဗိသုကာပညာ: တည်းဖြတ်မှု မူကွဲများ

Interwiki + Category
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
လူတို့၏ ခိုလှုံမှုအတွက် [[အဆောက်အအုံ]]များ [[ဆောက်လုပ်ရေး]] ၌ အဆောက်အအုံပစ္စည်းများနှင့် [[ရာသီဥတု]] ကာကွယ်မှုများ၊ နေရေး၊ စားရေး၊ အိပ်ရေး စသည်များကို မိမိတို ့၏ [[ဘာသာ]]အယူဝါဒနှင့် လူမျိုးရိုးရာ ထုံးတမ်းစဉ်လာအရ ဦးစီး၍ တည်ဆောက်သူကို '''ဗိသုကာ''' ဟု ခေါ်ကြ၍ ယင်းသို့ တည်ဆောက်မှုပညာကို''' ဗိသုကာပညာ''' ဟုခေါ်သည်။
 
လူတို့ခိုလှုံမှုများတွင် အရေးအကြီးဆုံး [[အဆောက်အအုံ]] မှာ နေအိမ်များဖြစ်ကြ၏ ။ လူတို ့သည် အရိုင်းဘဝ၌ သဘာဝအလျောက် ဖြစ်ပေါ်နေသော ကျောက်ဂူကြီးများကို ရှာ ဖွေ နေထိုင်ခဲ့ကြသည် ။ အသိဉာဏ် တစတစ တိုးပွားလာသောအခါ၊ သားရဲတိရစ္ဆာန်တို ့၏ ဘေးအန္တရာယ်မှ လုံခြုံရန်၎င်း ၊ နေ၏ အပူရှိန်၊ မိုးပေါက်နှင်းခဲတို ့၏ အအေးဒဏ်တို ့ ညှဉ်းပန်းနှိပ်စက်ခြင်းမှ ကာကွယ်ရန်၎င်း သူတို ့၏ ဉာဏ်စွမ်းဖြင့် နေအိမ်များကို ကြံစည်ဆောက်လုပ်ခဲ့ရာမှ အစပြု၍ ဗိသုကာပညာပေါ်ထွန်းလာခဲ့သည် ။ လူတို့သည် ဂူများတွင် ခိုအောင်းနေထိုင်စဉ် အခါမှစ၍ မိမိတို့၏ ဂူများတွင် အနုပညာရပ်များကို ဖော်ပြခဲ့ကြလေရာ ယခုတိုင် ကျောက်ဂူနံရံများတွင် တွေ ့ရှိနိုင်သည် ။ ''ဤကား ဗိသုကာပညာဖြင့် စတင် အမွှမ်းတင်ခြင်းဖြစ်သည် ။''
 
နိုင်ငံတနိုင်ငံ၏ ဗိသုကာ အနုပညာ လက်ရာများသည် ထိုနိုင်ငံ၏အယူဝါဒ၊ [[ရာသီဥတု]] နှင့် ထိုဒေသ၌ ရရှိနိုင်သော အဆောက်အအုံပစ္စည်းများပေါ်တွင် အမှီပြုကြ၏ ။ ပုံစံဆိုသော် ကျောက်ပေါများသော နိုင်ငံတွင် ကျောက်များ ဆစ်၍ တည်ဆောက်သော ဗိသုကာလက်ရာများကို တွေ ့ရ၏ ။ ဂရိ်နိုင်ငံ၌ ကျောက်များဖြင့်တည်ဆောက်ထားသော ပါသီနွန် စသည့် ဂရိ ဗိသုကာ လက်ရာများကို ယခုတိုင်
စာကြောင်း ၁၂ -
 
== မြန်မာဗိသုကာပညာ ==
မြန်မာနိုင်ငံ ဗိသုကာပညာသည် အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသမှ ဗုဒ္ဓအယူဝါဒနှင့်အတူ မြန်မာနိုင်ငံသို ့ ရောက်ရှိလာသည်ဟု ယူဆကြသည် ။ ဗိသုကာပညာသည် ရှေးဦးစွာ ပျူလူမျိုးတို့၏ ဒေသဖြစ်သော သရေခေတ္တရာ၌ ၎င်း ၊ ရှေးမွန်လူမျိုးတို ့၏ ဒေသဖြစ်သော သုဝဏ္ဏဘုမ္မိ သထုံ၌၎င်း ထွန်းကားခဲ့သည် ။ [[သရေခေတ္တရာခေတ်]] တွင် ထင်ရှားသည့် လက်ရာမှာ ပေါပေါကြီး ( ဘောဘောကြီး ) ၊ ဘုရားကြီး ၊ ဘုရားမာတို ့ ဖြစ်သည် ။ ပေါပေါကြီး ဘုရားသည် အထက်အောက် တပြေးတည်း ကဲ့သို ့ လုံးပတ် ညီညာသော စေတီ ဖြစ်၍ ဘုရားကြီးနှင့် ဘုရားမာတို ့သည် အထက်ပိုင်းချွန်သော စေတီလုံးများ ဖြစ်သည် ။ ခေါင်းလောင်းပုံ ၊ သပိတ်မှောက်၊ ဖောင်းရစ် ၊ ကြာမှောက်ကြာလှန်များ မပါဝင်ချေ ။
[[ပုဂံခေတ်]] ကျန်စစ်သားမင်းလက်ထက်တွင် မြန်မာတို ့၏ ဗိသုကာပညာသည် အထွတ်အထိပ်သို ့ရောက်နေပြီဟု ဆိုနိုင်သည် ။ ပုဂံခေတ်ဂူဘုရားများတွင် အပြင်နံရံမှ အတွင်းမဏ္ဍိုင်သို ့ မိုးလျှောပေါင်းကူးပြုလုပ်ခြင်း ၊ သစ်သားထုတ်လျောက်မပါဘဲ ခိုင်ခံ့စွာစီမံထားနိုင်ခြင်းသည် ချီးကျူးလောက်သော မြန်မာ့ဗိသုကာပညာရပ်ပင်ဖြစ်သည် ။ <sup> [၁]</sup> ပုဂံခေတ်နောက်ပိုင်းတွင် ဗိသုကာလက်ရာ သိသိသာသာ ထွန်းကားခြင်းမရှိဘဲ ၁၈၅၇ ရောက်မှ အနုပညာများ အားသစ်တက်လာသည် ။ မန ္တလေးမြို ့ ဗိသုကာ အဆောက်အအုံများသည် ပုဂံခေတ်၏ အစဉ်အလာများကို လိုက်နာကျင့်သုံးထားသော်လည်း အနောက်နိုင်ငံ ဗိသုကာ အငွေ ့အသက်များ သိသိသာသာ သက်ရောက်ထင်ဟပ်လျက်ရှိသည် ။
 
== ရည်ညွှန်းစာအုပ် ==
၁။ မြန်မာ့စွယ်စုံကျမ်း ( အတွဲ ? အမှတ် ? )
 
[[Category:နည်းပညာ]]
[[Category:ဗိသုကာပညာ]]
 
[[en:Architecture]]