ဗုဒ္ဓဂါယာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၂၂ -
 
== သတ္တသတ္တာဟဌာနများ ==
* (က) ဝဇိရာသန ပလ္လင်တော် ။ ။ ထိုပလ္လင်တော်သည် မဟာဗောဓိပလ္လင်၏ ခြေရင်း၌ရှိ၍ မြတ်စွာဘုရားသခင် သဗ္ဗညုတ ရွှေဉာဏ်တော် ရရှိသည့် အပရာဇိတပလ္လင်၏ နေရာဟုဆိုသည်။ ထိုနေရာသည် စကြဝဠာ၏ ဗဟိုချက်ဟုလည်း ဆိုကြသည်။ ဝဇိရာသန ပလ္လင်သည် အနုပညာ လက်ရာမြောက်လှစွာ ထုထွင်းထားသော ကျောက်သား ပလ္လင်တော်ဖြစ်သည်။ ထိုပလ္လင်တော်သည် မဟာဗောဓိပင်နှင့် မဟာဗောဓိစေတီအကြား မဟာဗောဓိပင်၏ အရှေ့ဖက်၌ ရှိသည်။
 
ဘုရားရှင်သည် ဘုရားအဖြစ်ကို ရတော်မူပြီးသည်မစ၍ အပရာဇိတ ပလ္လင်ပေါ်မှ မထပဲ ခုနစ်ရက်တိုင်တိုင် အရဟတ္တ ဖိုလ်ချမ်းသာကို ခံစားတော်မူသည်။ ယင်းသို့ ပလ္လင်ထက်၌ ခုနစ်ရက် စံတော်မူခဲ့သည့် ပထမ သတ္တာဟကို ပလ္လင်္ကသတ္တာဟ ဟုခေါ်လေသည်။
 
* (ခ) အနိမိသဌာန ။ ။ ခုနစ်ရက်မြောက်၍ ပလ္လင်ထက်မှ ထလျှင် နတ်ဗြဟ္မာ အပေါင်းတို့စိတ်၌ ဘုရားအဖြစ်သို့ ရောက်ခြင်းတွင် သံသယရှိနေသည်ကို ပယ်ဖျက်ရန် ကောင်းကင်သို့တက်၍ တန်ခိုးပြာဋိဟာ ပြတော်မူသည်။ ယင်းသည့်နောက် ပလ္လင်၏ အရှေ့မြောက်ထောင့် ၁၀၄ ပေခန့်အကွာတွင် ရပ်တော်မူ၍ သဗ္ဗညုတ ရွှေဉာဏ်တော်ကိုရရာ ပလ္လင်တော်နှင့် ဗောဓိပင်ကို မမှိတ်မသုံကြည့်၍ ခုနစ်ရက်စံတော်မူခဲ့သည့် နေရာကို အနိမိသ သတ္တာဟ ဟုခေါ်၍ ဒုတိယ သတ္တာဟဖြစ်သည်။ ထိုနေရာတွင် အထိမ်းအမှတ် တည်ထားသော အနိမိသ စေတီတစ်ဆူရှိသည်။
 
* (ဂ) ရတနာ စင်္ကြံတော် ။ ။ မဟာဗောဓိ စေတီတော်ကြီး မြောက်ဖက်တွင်ကပ်လျက် အရှေ့အနောက် ပေ ၆၀ ခန့်အတွင်း ကျောက်ကြာပွင့် ၁၁ ပွင့်ရှိရာဌာနသည် အနိမိသ သတ္တာဟ စံတော်မူပြီးနောက် ရတနာစင်္ကြံကို ဖန်ဆင်းကာ ခုနစ်ရက်ပတ်လုံး စင်္ကြံကြွလျက် တတိယ သတ္တာဟကို သီတင်းသုံးခဲ့သော နေရာဖြစ်သည်။ ထိုနေရာကို ရတနစင်္ကမန သတ္တာဟ ဟုခေါ်သည်။
 
* (ဃ) ရတနာဃရ ရွှေအိမ်တော် ။ ။ မဟာဗောဓိ စေတီတော်ကြီး၏ အနောက်မြောက် ပေ ၇၀ ခန့်တွင် နတ်တို့ ဖန်ဆင်းအပ်သော ရတနာဃရ ရွှေအိမ်၌ ပဋ္ဌာန်းကျမ်းကို သုံးသပ်လျက် ခုနစ်ရက် စံတော်မူခဲ့သည်။ ထိုနေရာကို ရတနဃရ သတ္တာဟ ဟုခေါ်သည်။ စတုတ္ထ သတ္တာဟ စံခဲ့သော ထိုနေရာတွင် ယခုအခါ အုတ်တိုက်စေတီငယ်တဆူ ရှိ၍ အနုပညာ လက်ရာမြောက်သော ထူပါကျောက်တိုင်များဖြင့် ဝန်းရံလျက်ရှိသည်။
 
* (င) အဇပါလညောင်ပင် ။ ။ မဟာဗောဓိ စေတီတော်ကြီး၏ အရှေ့မျက်နှာ ပေ ၇၀ ခန့်တွင် မြတ်စွာဘုရား သခင်သည် မာရ်နတ်သမီးတော် သုံးပါးနှင့် ဟုံဟုံက ပုဏ္ဏားတို့ကို ဆုံးမ၍ ခုနစ်ရက် သီတင်သုံးတော်မူခဲ့သော အဇပါလ ဆိတ်ကျောင်း ညောင်ပင်ရှိခဲ့သည်။ ထိုနေရာတွင် ကျောက်စာ ဌာနက အထိမ်းအမှတ် စိုက်ထူထားသော ကျောက်တိုင်ရှိသည်။ ပဉ္စမ သတ္တာဟ စံခဲ့သော ထိုနေရာကို အဇပါလ သတ္တာဟ ဟုခေါ်သည်။
 
* (စ) မုစလိန္ဒာအိုင် ။ ။ ဘုရားရှင် ဆဋ္ဌ သတ္တာဟကို စံတော်မူခဲ့သည့် နေရာဖြစ်သည်။ မဟာဗောဓိ စေတီတော်ကြီး၏ အရှေ့တောင်ဖက် ပေ ၁၇၀ ခန့်တွင် မုစလိန္ဒာအိုင် ရှိခဲ့ရာ ထိုအိုင်အနီး ကျည်းပင်းရင်း၌ ခုနစ်ရက်လုံး စံနေစဉ် မိုးကြီးစွေသဖြင့် မုစလိန္ဒ နဂါးမင်းက မိမိပါးပျဉ်းဖြင့်မိုး၍ ကိုယ်ကိုခွေလျက် ပလ္လင်ပြုကာ လှူဒါန်းခြင်းကို ခြီးမြှောက် စံနေတော်မူခဲ့သည်။ ထိုနေရာကို အထိမ်းအမှတ်ပြုသော အဆောက်အအုံ မတွေ့ရသော်လည်း တခါက ရှိခဲ့ဖူးဟန်တူ၍ မြေအောက်မြုပ်နေဟန် ရှိကြောင်း အထောက်အထား အစအနများ တွေ့ရသည်။ ထိုသတ္တာဟကို မုစလိန္ဒ သတ္တာဟ ဟုခေါ်သည်။
 
* (ဆ) ရာဇာယတနလင်းလွန်းပင် ။ ။ မဟာဗောဓိ စေတီတော်ကြီး၏ တောင်ဖက် ပေ ၁၇၀ ခန့်တွင် ဘုရားရှင် သတ္တမသတ္တာဟ စံတော်မူခဲ့သော လင်းလွန်းပင်နေရာဖြစ်သည်။ ထိုနေရာတွင် ယခု အထိမ်းအမှတ် အုတ်တိုက်စေတီ ရှိသည်။ ထိုနေရာကို ရာဇာယတန သတ္တာဟဟု ခေါ်သည်။
 
ထိုနေရာ၌ ခုနစ်ရက် စံတော်မူပြီး၍ ဘုရားအဖြစ် ရရှိပြီးသည်မှ ၄၉ ရက်မြောက်တွင် ထိုလင်းလွန်းပင်ရင်း၌ပင် ဥက္ကလာ ဇနပုဒ်မှ တပုဿ - ဘလ္လိက ကုန်သည်ညီနောင်တို့အား ဆံတော်ရှစ်ဆူ ပေးသနားတော်မူ၍ သရဏဂုံ နှစ်ပါးတည်စေခဲ့သည်။ ဆံတော်များကို [[ရွှေတိဂုံစေတီ]]၌ ဌာပနာတည်စေခဲ့သည်။