ဒီးဒုတ်ဦးဘချို: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၃ -
| colspan="2" style="text-align: center; font-size: 130%; font-weight: bold;" | ဒီးဒုတ်ဦးဘချို
|-
| colspan="2" style="text-align: center;" |[[ImageFile:ubacho.jpg|200px|ဒီးဒုတ် ဦးဘချို]]
|-valign="top"
|'''အမည်ရင်း'''
စာကြောင်း ၁၅ -
|-valign="top"
|'''နိုင်ငံသား'''
| [[ImageFile:Flag of Myanmar.svg|25px]][[မြန်မာနိုင်ငံ]]
|-valign="top"
|'''လူမျိုး'''
စာကြောင်း ၄၃ -
 
 
= (ဒီးဒုတ်) ဦးဘချို =
အာဇာနည်ခေါင်းဆောင်
(၁၈၉၃-၁၉၄၇)
 
== ငယ်ဘဝ ==
(ဒီးဒုတ်)ဦးဘချိုကို ၁၈၉၃ ခု၊ဧပြီလ ၂၃ ရက်နေ့တွင်ဖွားမြင်သည်။မြောင်းမြမြို့ ဆေးဆရာကြီး ဦးဘိုးစော၊ ဒေါ်မြစ်တို့၏သားဖြစ်သည်။
သတ္တမတန်းအထိ မြောင်းမြမြို့တွင်ပညာသင်ကြားခဲ့ပြီး သတ္တမတန်းကို အထူးအောင်မြင်သဖြင့် စကောလားရှစ် (ခေါ်) ပညာသင်ဆုကို ရခဲ့သည်။ ထို့နောက်ရန်ကုန်မြို့၊စိန်ပေါလ်ကျောင်းတွင် ဆက်လက်ပညာသင်ကြားရာ ၁၀ တန်းကို အထူးအောင်ကာ ပညာသင်ဆုရပြန်သည်။ ဘီအေ အထက်တန်းတွင် သင်နေဆဲ မျက်စိရောဂါကြောင့် ကျောင်းမှထွက်ခဲ့သည်။
 
== ကျောင်းဆရာဘဝ ==
ဦးဘချိုသည် ကျောင်းထွက်ပြီးနောက် သက္ကရာဇ်၁၂၈၂-ခုနှစ်တွင် အမျိုးသားတက္ကသိုလ်ထူထောင်ရာတွင် ပါဝင်ဆောင်ရွက်၍ ပေါင်းတည်နှင့်ဟင်္သာတမြို့များတွင် ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့သည်။ အမျိုးသားကောလိပ်များဖွင့်လှစ်သည့်အခါ အစိုးရအလုပ်မှ နှုတ်ထွက်လိုက်ပြီး အမျိုးသားကောလိပ်တွင် မြန်မာစာသင်ကြားပို့ချခဲ့သည်။ ၁၉၂၀ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။
 
== စာပေရေးရာစွမ်းဆောင်ချက် ==
ဦးဘချိုသည် လောကီ လောကုတ္တရာ နှစ်ဖြာသော စာပေ ဗဟုသုတတို့တွင် နှံ့စပ်သူဖြစ်၏။ မြန်မာ့အလင်းမဂ္ဂဇင်း၊နှစ်ပါးကြည်ဂျာနယ်၊ဗန္ဓုလဂျာနယ်များတွင် ဝင်ရောက်ရေးသားခဲ့ရာမှ ရန်ကုန်အရှေ့ပိုင်း
ရေကျော်ရပ်တွင် စာပုံနှိပ်တိုက်တစ်ခု ဖွင့်လှစ်တည်ထောင်ကာ ၁၉၂၅ တွင်ဒီးဒုတ်ဂျာနယ်ကို ထုတ်ဝေခဲ့သည်။ သူ၏ဒီးဒုတ်ဂျာနယ်ကိုအမျိုးသားလွတ်လပ်ရေးတိုက်ပွဲ၊ အမျိုးသားပညာရေး၊ အမျိုးသားယဉ်ကျေးမှု
စာကြောင်း ၆၁ -
ဒီးဒုတ်ဦးဘချိုပြုစုခဲ့သောစာပေများတွင် စမအဖွင့်ကျမ်း၊ ဦးပုည-သာသနာလျှောက်အဖြေ၊ ဂီတဝိသောဓနီကျမ်း၊ ဗွေသီဟာဝတ္ထု၊ တိုင်းပြု-ပြည်ပြု စသည်တို့လည်းပါဝင်ခဲ့သည်။
 
== အမျိုးသားရေးစွမ်းဆောင်ချက် ==
ဦးဘချိုသည် ဂျပန်ခေတ် အစိုးရ လက်ထက်တွင် အတိုင်ပင်ခံလွှတ်တော်အမတ်အဖြစ် ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံ လုံးဝ လွတ်လပ်ရေးရရှိရေးကြိုးပမ်းရန်အတွက်၊ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ဖွဲ့စည်းသောအခါ ဝင်ရောက်ဆောင်ရွက်သည်။ တိုင်းပြုပြည်ပြု လွှတ်တော်တွင် မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေးကော်မတီအဖွဲ့ဝင် ဗိုလ်ချုပ်အောင်ဆန်း သခင်မြတို့နှင့် အတူ အထူးအပင်ပန်းခံ၍ ဆောင်ရွက်ခဲ့သည်။
 
== ဘဝနိဂုံး ==
၁၉၄၇ ခု၊ဇူလိုင်လ ၁၉ ရက်နေ့၊နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ခေါင်းဆောင်ကြီးများနှင့်အတူ လုပ်ကြံခံရပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် ကွယ်လွန်သည်။ အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို ကွယ်လွန်ချိန်တွင် ဇနီးဒေါ်လှမေနှင့် သမီးများ မခင်နု၊ မခင်ပု၊ မေမေခင်၊ ခင်ခင်ဦးတို့ ကျန်ရစ်သည်။
 
== ရည်ညွှန်းကိုးကား ==
(၁) ၁၉၈၉ခုနှစ်၊(၄၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်စာစောင်၊ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရပြန်ကြားရေးဝန်ကြီးဌာန၊ပြန်ကြားရေးနှင့်အသံလွှင့်ဦးစီးဌာနမှထုတ်ဝေသည်။
(၂) သုတ၊မောင်။ စာဆိုတော်များအတ္ထုပတ္တိ။ တတိယအကြိမ်နှိပ်။ ရန်ကုန်၊ဇွဲပုံနှိပ်တိုက်၊ ၁၉၆၈။
စာကြောင်း ၇၄ -
{{မြန်မာနိုင်ငံ}}
{{ဧရာဝတီတိုင်း}}
 
[[Category:မြန်မာ့သမိုင်း]]
[[Category:အတ္ထုပ္ပတ္တိမြန်မာ့သမိုင်း]]
[[Category:အတ္ထုပ္ပတ္တိ]]
[[Category:မြန်မာအတ္ထုပ္ပတ္တိ]]
[[Category:မြန်မာ]]