ဘတ်ဂျက်: တည်းဖြတ်မှု မူကွဲများ

Interwiki + Category
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၃ -
 
 
ရသုံးမှန်းခြေ ငွေစာရင်းဟု မြန်မာပညာရှင်နှင့် သက်ဆိုင်ရာ အစိုးရဌာန လူကြီးများက ဖွင့်ဆို သုံးစွဲခဲ့ကြသော ဘတ်ဂျက် Budget သည် တိုင်းပြည်၏ လက်တွေ့ စီးပွားရေး၏ အခြေအနေ(ဂျီဒီပီ)ကို နောက်ခံပြုလျက်လာမည့် ကာလ တစ်ခုအတွက် အစိုးရအဖွဲ့၏ အရ အသုံးခန့်မှန်းခြေ ငွေစာရင်း ဖြစ်ပါသည်။ (ပုဂ္ဂိုလ်၊ အိမ်ထောင်စု၊ လုပ်ငန်း စသည်များတွင်လည်း ဘတ်ဂျက် ရှိနိုင်သည်) ဘတ်ဂျက်ကို တစ်နှစ်အတွင်း ရယူသုံးစွဲမှုဟု ပြသရသော်လည်း တစ်နှစ်တာ အတွက်သာ ရယူသုံးစွဲခြင်း မဟုတ်ပေ။ နှစ်တိုနှစ်ရှည် စီးပွားရေး၊ လူမှုတိုးတက်ရန် တင်ပြသည့် နှစ်တစ်နှစ်အတွင်း ခန့်မှန်းရယူ သုံးစွဲနိုင်စွမ်းကိုသာ ဘတ်ဂျက်က ပြသပေမည်။
 
ထို့ကြောင့် ဘတ်ဂျက် တစ်ခုတွင် အရနှင့်အသုံးတို့ တစ်ပြိုင်တည်း ဖြစ်ပေါ်ပြီး စီးသွားခြင်းမရှိသလို ကြိုတင်ကောက်ခံ သုံးစွဲခြင်း၊ ချေးငွေလိုအပ်မှုနှင့် ပိုငွေကို ထုတ်ချေးသလို ရင်းနှီးမြှုပ်နှံရမှု၊ လက်ငင်းနှင့် ငွေလုံးငွေရင်း cash flowand capital expenditure ခွဲခြားရမှုတို့ တွေ့ရမည်။ ဤတွင် ဘတ်ဂျက်မှ တစ်ဆင့် တိုင်းပြည် စီးပွားရေးကို စီမံကိန်း ချနိုင်ခြင်း၊ ထိန်းကျောင်း ကာကွယ် တိုးတက်စေနိုင်ခြင်းများကို သတိပြုမိပေလိမ့်မည်။
 
== သီးခြားခေါင်းစဉ်၊ ဒေသဘတ်ဂျက်များ ==
 
ပြည်ထောင်စု(ဗဟို) အစိုးရ ဘတ်ဂျက်တွင် အကြောင်းအရာ အားလုံး၊ တိုင်းပြည်နေရာ အားလုံးပါဝင်မှု မရှိတတ်ပေ။ လူ့အဖွဲ့အစည်းများတွင် အကြောင်းအရာ ခေါင်းစဉ် issue တစ်ခုချင်း အတွက် မြို့ပြပြည်နယ် တစ်ခုချင်းအတွက် ငွေကောက်ခံ သုံးစွဲမှု တစ်ခုချင်း ရှိနေရာမှ Kingdom, Union, Federal, Confederated စသည်ဖြင့် တိုင်းနိုင်ငံ ဖွဲ့စည်း ဖြစ်ပေါ်သောအခါ အားလုံးကို ဗဟိုသို့ မအပ်လိုခြင်း၊ မအပ်သင့်ခြင်း၊ ဆိုင်ရာ ခေါင်းစဉ်နှင့် ဆိုင်ရာဒေသတွင် ထားရှိခြင်းက ပိုမို ကောင်းမွန်ခြင်းများ တွေ့ရသည်။ ဤသို့ဖြင့် ဗဟိုက တစုတစည်းတည်း အခွန်ကောက်ခံ၊ ချေးယူသုံးစွဲစေရန် ဘုံငွေ consolidated fund-CF နှင့် (က)ဆိုင်ရာ ခေါင်းစဉ် (ခ)ဒေသအလိုက် သီးခြား ကောက်ခံရယူ သုံးစွဲသော ရန်ပုံငွေ non-consolidated fund- NCF ဟူ၍ တိုင်းပြည်တွင် ခွဲခြား၊ ကွဲပြားထား ရှိလာကြသည်။
စာကြောင်း ၁၇ -
မြန်မာပြည်တွင် ဦးစီးဌာနများဖြစ်သည့် အစိုးရပိုင် စီးပွားရေး ကော်ပိုရေးရှင်းများမှ အထက်တွင် ဖော်ပြ ဆွေးနွေးခဲ့သည်။ လူမှုဖူလုံရေး ရန်ပုံငွေ စသည်များကဲ့သို့ ကိုယ်ထူကိုယ်ထ လွတ်လပ်စွာ ရပ်တည်ခွင့်ရ ကိုယ်ပိုင် သီးခြား ဘတ်ဂျက်များနှင့် ဖြစ်ကြသည်။ ပါလီမန်က ကုမ္ပဏီ ကော်ပိုရေးရှင်း တစ်ခုချင်းအတွက် သီးခြားဥပဒေ ပြဋ္ဌာန်းပေးရသည်။ တိုင်းပြည် ဘတ်ဂျက်က အခွန်ကောက်ခံသလို ထောက်ပံ့ခုခံမှု ပြုနိုင်သည်။ သို့သော် ပမာဏသာ ဖော်ပြမည် ဖြစ်ပြီး ပါလီမန်က သီးခြားတောင်းဆို ဆွေးနွေးမှုသာ ပြုနိုင်သည်။ ဘတ်ဂျက်တင် ပြစဉ်ဘာမှ ပြောစရာမလိုပေ။
 
== မိုက်ကရို- မေကရိုဘတ်ဂျက် ==
 
ဘတ်ဂျက်တစ်ခု ဝေဖန်မှုတွင် လက်ငင်းနှင့် ငွေလုံးငွေရင်းကို ကြည့်ရန်လည်း လိုသည်။ လက်ငင်းသည် ပုံမှန် အသုံးစရိတ် လစာ စသည်များ ဖြစ်သည်။ ငွေလုံးငွေရင်း တလုံးတခဲတည်း ဝယ်ယူ ဖြည့်တင်းရမှု ဖြစ်သည်။ စက်၊ အဆောက်အအုံ၊ ယာဉ်တို့၏ ချွတ်ယွင်းပြုန်းတီးခ၊ အသစ်ဝယ်ယူ အစားထိုးနိုင်ရန် ခွဲဝေထားရှိသည့် ရန်ပုံငွေ depreciation ...amortization တို့သည် ပုံမှန်တွင်ရော ငွေလုံးငွေရင်းတွင်ပါ ကြိုက်ရာ ထည့်လေ့ရှိသည်။ ဘတ်ဂျက်၏ ထိရောက်မှုကို ပြသ/ဝေဖန်နိုင်ရန် အရေးကြီးသည်။ ဘတ်ဂျက်သည် အလွန်ကျယ်ပြန့်ရာ (ဂျီဒီပီနှင့် ဆက်သွယ်မှုကို ရှေ့ဆောင်းပါးတို့တွင် ရေးခဲ့ပြီးဖြစ်၍ ယခုမရေးတော့ပြီ) ရေးဆွဲ/ ဝေဖန်ရာ၌ အဆင့်ငါးခုမျှ အကြမ်းဖျင်း သိရန်လိုသည်။ သီးခြားရှိ နေကြသည်။
စာကြောင်း ၂၇ -
ဤသို့ဖြင့် ဘက်ညီဘတ်ဂျက် ဆိုသည်မှာ (က)ပြည်တွင်း ပြည်ပချေးငွေနှင့် ထောက်ကူထားခြင်း၊ (ခ)ငွေကြေး မူဝါဒအားဖြင့် ငွေကြေးပေါများရန် စီမံထားခြင်းတို့ဖြင့် ဖြည့်ဆည်းထားသော အရာသာ ဖြစ်ပါသည်။ တစ်ဖက်တွင် ယင်းဖြည့်ဆည်း ခုခံ ထောက်ကူထားခြင်းတို့ အဆုံးသတ်သွားရန် end-up အနေဖြင့် စီးပွားရေး တိုးတက်မှုနှုန်း မြင့်မားလာရန် လိုသည်ဟု သိထားကြသည်။ ယင်းသည် အပြောလွယ် အလုပ်ခက်သည်။ ယင်းအတွက် စုဆောင်းမှုနှုန်း ကျဆင်းမသွားရေး စသော လူသိနည်းသည့် မူဝါဒများ လိုအပ်နေသည်။ ဘတ်ဂျက်လိုငွေက ဋေ ၁၀၀ အတွက် အခွန်၊ ချေးငွေ၊ လည်ပတ်ငွေ money-suply များ စုစုပေါင်း ကုဋေ ၁၀၀ ရှာဖွေဖြည့်ဆည်းထားမှုတွင် စီးပွားရေး တိုးတက်ရန် အာမခံချက် သေချာရေရာမှု မပါဝင်ပေ။ ယင်းတို့ အားလုံးကို ပြည်သူနှင့် လုပ်ငန်းများ၏ စုစုပေါင်း စားသုံးမှု aggregate demend ပြုခြင်းသည် လက်ရှိစားသုံးမှု အဆင့်ကို ထိန်းခြင်းသာ ဖြစ်သွားလေ့ ရှိသည့် Stimulus ဆိုတိုင်း မအောင်မြင်ကြောင်း တွေ့ရသည့် အကြောင်းရင်း ဖြစ်သည်။ ထိုရှာဖွေ ဖြည့်ဆည်းသည့် ဘတ်ဂျက်လို ငွေပြ ပမာဏအနက် စုဆောင်းမှု အချို့ saving ratiouom မြှောက်ဖော်ကိန်း အကျိုးဆက်အားဖြင့် ဘတ်ဂျက်ကို ပြန်လည် ဘက်ညီသွားစေမည့် အရာ ဖြစ်ပါသည်။ Balanced budget multiplier ဟု ခေါ်သည်။
 
== လွှတ်တော် ဘတ်ဂျက် ကော်မတီ ==
 
တစ်ဖန်-ဘတ်ဂျက်ကို ဖြည့်ဆည်း ခုခံထောက်ကူထားမှုတို့ အဆုံးမဲ့ endless မပြတ် ပြေလည်နေစေရန် ချေးငွေ အာမခံ စာချုပ်တို့ကို ပြန်လည်စေ့ရောက်သည့် ရက်စွဲ ဖျက်သိမ်းကာ အတိုး ဆက်ပေးသည်။ ငွေကြေး ဈေးကွက်တွင် မျှောထားခြင်း floating စသော လုပ်နည်း လုပ်ဟန်များလည်း ရှိနေပါမည်။ ထို့ကြောင့် ရှေ့ပိုင်းတွင် ဘတ်ဂျက်၌ သီးခြားရန်ပုံငွေ NCF တို့အကြောင်း ပြောဆိုခဲ့ပြီး အမျိုးသား ကြွေးမြီ ရန်ပုံငွေကို ထည့်သွင်း ဆွေးနွေးပြခဲ့ခြင်း ဖြစ်ပါသည်။ ယင်းလုပ်ငန်း အတွက် Consolidated fund standing services ဟူ၍ ဗြိတိန်တွင် ဖွဲ့စည်းထားရှိပါသည်။
စာကြောင်း ၃၃ -
လွှတ်တော် ဘတ်ဂျက် ကော်မတီကို တာဝန်ခံရပါသည်။ ဘတ်ဂျက် ရှုပ်ထွေး ကျယ်ပြန့်သော ဆက်စပ်မှု အရပ်ရပ်ကို ကြုံကြိုက်သမျှ ဆွေးနွေးပြခဲ့ပါပြီ။ တိုင်းပြည်၏ လက်ငင်းနှင့် ရေရှည်အကျိုးအတွက် ဘတ်ဂျက်၏ အရေးပါမှုကို တွေ့ရှိလောက်ပြီ ဖြစ်သည်။ ဈေးကွက် စီးပွားရေးနှင့် အစိုးရ တာဝန်အချို့ကို ဈေးကွက်နှင့် လူမှု အဖွဲ့အစည်းများသို့ ခွဲဝေလွှဲအပ်သော နိုင်ငံရေး အနည်းဆုံး minimalism ခေတ်နှင့် ညှိနှိုင်း ဆင်ခြင်လျက် ဘတ်ဂျက်ကို ကြည့်ကြရန် အဆိုပြု တင်ပြအပ်ပါသည်။
 
== ကိုးကား ==
 
By Yangon Times Journal
 
[[Category:ဘောဂဗေဒ]]
 
[[en:Budget]]