ဘဝင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၄ -
 
|-
| colspan="2" style="text-align:center;" | [[imageFile:Ubawin.jpg|160px| ဦးဘဝင်း]]
 
|-valign="top"
စာကြောင်း ၁၆ -
|-valign="top"
| '''နို်င်ငံ'''
| [[ImageFile:Flag of Myanmar.svg|25px ]] မြန်မာ
 
|-valign="top"
စာကြောင်း ၃၉ -
|}
ဦးဘဝင်းသည် ဗိုလ်ချုပ်အောင်ဆန်း. အစ်ကိုအကြီးဆုံး ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၆၃-ခုနှစ် နယုန်လဆုတ် ၁၁-ရက်အင်္ဂါနေ့တွင် နတ်မောက်မြို့အထက်တန်း အမိန့်တော်ရရှေ့နေ ဦးဖာ၊ ဒေါ်စုတို့မှ မွေးဖွားသောမွေးချင်း ၉-ယောက်တို့အနက် အကြီးဆုံးသားဖြစ်သည်။ ဇာတာအမည် မောင်စံတင်ဖြစ်သည်။
== ပညာရေး ==
ဦးဘဝင်းသည် ၅-နှစ်သားအရွယ်တွင် နတ်မောက်မြို့ဆရာကြီး ဦးဝကြီး ကျောင်းတွင်စတင်ပညာသင်ကြားရာ ၇-နှစ်သားအရွယ်တွင် ၃-တန်းအောင်ခဲ့သည်။ တဖန် ဆရာသက်ကျောင်းသို့ပြောင်းနေရာ ၁၂-နှစ်အရွယ်တွင်မြန်မာ ၇-တန်း စာမေးပွဲကိုကောင်းစွာ အောင်မြင်ခဲ့သည်။
ထိုမှတဖန် တောင်တွင်းကြီးမြို့ ဆရာတော်ဦးသုန္ဒရကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကြားပြန်သည်။ ၁၆-နှစ်အရွယ်တွင် ၉-တန်းနှင့် ဆရာဖြစ်သင်စာမေးပွဲကို အောင်မြင်ပြီးနောက် ၁၇-နှစ်သားအရွယ်တွင် ရေနံချောင်းမြို့ဆရာဦးဟံသာ ကျောင်းတွင် လက်ထောက်ဆရာအဖြစ်အမှုထမ်းသည်။
လက်ထောက်ဆရာအဖြစ်ထမ်းရွက်နေရင်း ဦးဘဝင်းသည် တတ်နိုင်သရွေ့ အင်္ဂလိပ်စာကိုလေ့လာသင်ယူရာ အင်္ဂလိပ်စာ အတော်အတန် တတ်မြောက်လာ သောအခါ ဆရာအလုပ်မှထွက် ရေနံချောင်းမြို့ ဘီအိုစီဂိုဒေါင်တွင် စာရေးကလေး အဖြစ် ဝင်ရောက်လုပ်ကိုင်သည်၊
လခစားအဖြစ်ရသမျှဝင်ငွေဖြင့် အင်္ဂလိပ်စာအုပ်များဝယ်ဖက်ကာ ရေနံချောင်းမြို့ ဆရာဦးအေးမောင်ထံတွင် ညကျောင်းတက်သည်။ ယင်းသို့ဖြင့်ကြိုးစားလာခဲ့ရာ အသက်၂၀-အရွယ်တွင် အင်္ဂလိပ်အာသာ ၁၀-တန်းစာမေးပွဲကို ဂုဏ်ထူးဖြင့်ဖြေဆိုအောင်မြင်ခဲ့ လေသည်၊
၁၀-တန်းအောင်သည်နှင့် တပြိုင်နက် ဦးဘဝင်းသည် အလုပ်မှထွက်ကာ မန္တလေးဥပစာကောလိပ်သို့ မိဘများအထောက်အပံ့ဖြင့် သွားရောက်သင်ယူပြန်သည်၊ ဥပစာကောလိပ်တွင် သိပ္ပံတန်းကိုဂုဏ်ထူးဖြင့် အောင်မြင်သဖြင့် အစိုးရစကောလားရှစ် ဆုချီးမြှင့်ခြင်းခံရသည်။မန္တလေး ဥပစာကောလိပ်မှ ဥပစာတန်းအောင်မြင်သူများတွင် ပထမရရှိခဲ့သည်။ သင်္ချာ၊ ဓာတုဗေဒနှင့် ရူပဗေဒဘာသာရပ်များတွင် ထူးချွန်စွာအောင်မြင်ခဲ့သည်။၁၉၂၉ ခုနှစ်တွင် ဘီ၊အက်(စ်)စီ သင်္ချာဂုဏ်ထူးဖြင့်အောင်မြင်သည်။ ဥပစာသိပ္ပံတန်းအောင်မြင် ပြီးနောက် ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့ ဆက်လက်သင်ယူရာ သိပ္ပံဂုဏ်ထူးတန်းကိုထူးချွန်စွာ ဖြေဆို အောင်မြင်ခဲ့သည်၊
၁၉၃၅ ခုနှစ်တွင် တောင်တွင်းကြီးမြို့မှ ဦးအံ့၊ဒေါ်ရွှေမေတို့၏ သမီးဒေါ်ခင်စောနှင့် လက်ထပ်ခဲ့သည်။
 
== ကျောင်းဆရာဘဝ ==
ထို့နောက် ရေနံချောင်းမြို့ အမျိုးသားကျောင်းတëင် အထက်တန်းပြဆရာ အဖြစ်ဝင်ရောက်အမှုထမ်းသည်။ ယင်းသို့အမှုထမ်းနေစဉ် သက္ကရာဇ် ၁၂၉၇-ခုနှစ်တွင် တောင်တွင်းကြီးမြို့ မြေပိုင်ရှင်ဦးအံ့၊ ဒေါ်ရွှေမေတို့ သမီးကြီး ဒေါ်ခင်စောနှင့် အိမ်ထောင်ပြုသည်။
ခရစ်သက္ကရာဇ် ၁၉၄၁-မှ ၁၉၄၂-ခုထိ (ရေနံချောင်း အမျိုးသားကျောင်းမှထွက်) ဖြူးမြို့ ကေ.အီး.အမ် အမျိုးသားကျောင်း တွင်ကျောင်းအုပ်ကြီး အဖြစ်ဆောင်ရွက်သည်။ မြန်မာနိုင်ငံသို့ ဂျပန်များဝင်လာချိန် ၁၉၄၂-ခုကုန်ခန့်တွင် ဦးဘဝင်းသည်ဇာတိ နတ်မောက်မြို့ သို့ပြန်ကာ မိခင်အိုကြီးအား စောင့်ရှောက်နေထိုင်သည်။
== နိုင်ငံရေးဆောင်ရွက်မှု ==
ဘီအိုင်အေခေတ် အုပ်ချုပ်ရေးအဖွဲ့တွင် ဦးဘဝင်းသည် ဒုတိယဥက္ကဌအဖြစ် ဆောင်ရွက်ရာ တမြို့နယ်လုံး၏ ကြည်ညိုလေးစား ခြင်းကိုခံရသည်။ ဂျပန်ပြေးပြီး အင်္ဂလိပ်ပြန်ဝင်လာသောအခါ ရေနံချောင်းသို့ပြောင်းရွှေ့ နိုင်ငံရေးဆောင်ရွက်သည်။ ရေနံချောင်းနယ်လုံးဆိုင်ရာ ဖဆပလ အဖွဲ့တွင် ဥက္ကဌကြီးအဖြစ် တင်မြှောက်ခြင်းခံရသည်။
ဦးဘဝင်းကား ဖဆပလ ဥက္ကဌအဖြစ် တောရောမြို့ပါ ကြည်ညိုလေးစားခြင်း ခံရသူဖြစ်သည်။ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကို ၁၉၄၇-ဧပြီလတွင်ကျင်းပ သောအခါ ဦးဘဝင်းသည် မကွေးအနောက်မြောက်ပိုင်း အမတ်အဖြစ် ပြိုင်ဘက်မရှိ ရွှေးချယ်တင်မြှောက်ခြင်းခံရသည်၊
၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အစိုးရအဖွဲ့တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် တိုင်းပြုပြည်ပြု လွှတ်တော်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီတွင်လည်း ပါဝင်ခဲ့သည်။
== ဘဝနိဂုံး ==
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော အမှုဆောင်ဝန်ကြီးအဖွဲ့တွင် ကူးသန်းရောင်ဝယ်ရေးဝန်ကြီးအဖြစ် ထမ်းဆောင်နေစဉ် ၁၉၄၇-ဇူလိုင်လ ၁၉-ရက်နေ့တွင် နံနက် ၁၀ နာရီ ၃၇ မိနစ် လုပ်ကြံခြင်းခံရလေသည်။ ဦးဘဝင်းသည် ရိုးသား အေးဆေးသူဖြစ်သည်။ ဝါကြွားခြင်းကိုမုန်းတီး တဖက်သားကို အားနာတတ်သည်။ ဇွဲအလွန်ရှိပြီး လုံ့လဝီရိယ နှင့်ပြည့်စုံသည်။ ဉာဏ်အလွန်ထက် တပည့်များအပေါ် စေတနာကောင်းလှသဖြင့် တပည့်များသာမက ယင်းတို့ မိဘများကပါလေးစား ကြည်ညိုကြသည်။ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်စော နှင့် သမီး မတင်လှဝင်း၊ သားမောင်စောဝင်း၊ မောင်အေးဝင်း၊သမီး ခင်မြဝင်း၊သားမောင်စိန်ဝင်း၊ မောင်ထွေးဝင်းတို့ကျန်ရစ်သည်။
 
== ကိုးကား ==
- ၁၉၈၉ခုနှစ်၊(၄၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်စာစောင်၊ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရပြန်ကြားရေးဝန်ကြီးဌာန၊ပြန်ကြားရေးနှင့်အသံလွှင့်ဦးစီးဌာနမှထုတ်ဝေသည်။