စတက်ဖ်နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော စတက်ဖ်များကိုဒေါင်လိုက်မျဉ်းရှည်ဖြင့်ချိတ်ဆက်လျှင် စနစ်ခေါ် system တစ်ခုဖြစ်လာသည်။ ထိုဒေါင်လိုက်မျဉ်းရှည်အပြင် ကွင်းဖွင့်တစ်ခုဖြင့်ထက်မံရေးဆွဲထားလျှင်ကွင်းဖွင့်တစ်ခုဖြင့်ထပ်မံရေးဆွဲထားလျှင် ဂီတတူရိယာများကို အုပ်စုဖွဲ့ထားခြင်းဟု ဆိုနိုင်သည်။ တွန့်ကွင်း (Brace) ဖြင့်ချိတ်ဆက်လျှင် တူရိယာတစ်ခုကိုသာကိုယ်စားပြုလေ့ရှိပြီး၊ လေးထောင့်ကွင်း (Bracket) ဖြင့်ချိတ်ဆက်လျှင် [[သံစုံတီးဝိုင်းကြီး]]တွင်တီးခတ်သည့်တူရိယာများကိုအုပ်စုခွဲခြင်းဖြစ်သည်။<ref>Irvine, Demar; Pauly, Reinhard G.; Radice, Mark A. (1999). Irvine's writing about music. Hal Leonard Corporation. p. 213. ISBN 978-1-57467-049-3. Retrieved 18 October 2011</ref><ref>Rachmaninoff, Sergei (1965). Piano concertos nos. 1, 2, and 3. Courier Dover Publications. p. 261. ISBN 978-0-486-26350-2. Retrieved 18 October 2011.</ref>