ငါန်းဇွန်မြို့: တည်းဖြတ်မှု မူကွဲများ

ထပ်မံဖြည့်သွင်းခြင်းဖြစ်ပါသည်။
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မျက်မြင် တည်းဖြတ်
202.165.88.20 (ဆွေးနွေး) ၏ တည်းဖြတ်မူ 756251 ကို ပြန်လည်ပယ်ဖျက်လိုက်သည်။ data of township.
စာတွဲများ: နောက်ပြန် ပြန်ပြင်ခြင်း မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
 
စာကြောင်း ၁ -
{{Infobox မြို့
'''ဒေသသမိုင်းအကျဉ်း'''
 
၂။            ငါန်းဇွန်မြို့နယ် တည်နေရာ၌ ရှေးယခင်က အလွန်ကြီးမားသော ငါန်းမြွေကြီးတစ်ကောင် ဆိုးသွမ်းလျက်ရှိပြီး မြွေကြီး၏ရန်ကို မည်သူမျှ ဖြိုခွင်းနိုင်ခြင်း မရှိခဲ့ကြောင်း အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည် လာစဉ်မြွေကြီးသည်မင်းကြီးကိုမြင်သည်နှင့်တွန်ကျူးလျက်ဦးသုံးကြိမ်ပြု၍ငြိမ်ဝပ်သွားကြောင်း ထိုနေရာအား ငါန်းတွန်ရွာဟုအလောင်းစည်သူမင်းက သမုတ်ခဲ့ကြောင်း ကာလရွှေ့လျား၍ငါန်းတွန်မှ ငါန်းဇွန်ဟုဖြစ်လာကြောင်း ဒေသရာဇဝင်(ပါးစပ်ရာဇဝင်) ရှိခဲ့ပါသည်။ ထို့ပြင်ရှေးသမိုင်းဝင်ကျောက်စာ အထောက်အထားအရ ပုဂံခေတ်နရသီဟမင်းလက်ထက် သက္ကရာဇ် (၆၁၂) ခုနှစ်တွင်ရေးထိုးသောပုဂံမြို့အဟာသမန်းကျောင်းကျောက်စာတွင်ငါန်းဇွန် အရပ်ဟူ၍ ဖော်ပြထားကြောင်း အစောဆုံး တွေ့ရှိရပါသည်။ သီပေါမင်း ပါတော်မူသော (၁၈၈၅)ခုနှစ် နောက်(၁၇)နှစ်အကြာ (၁၉၀၂)ခုနှစ်တွင် မြို့အုပ်မင်းရုံးစိုက်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန(၃၀-၆-၁၉၇၂)ရက်စွဲပါအမိန့် ကြော်ငြာစာအရ မြို့အဖြစ် တရားဝင် သတ်မှတ်ခဲ့ပါသည်။
 
'''တည်နေရာနှင့်အကျယ်အဝန်း'''
 
၃။        ငါန်းဇွန်မြို့နယ်သည်မြောက်လတ္တီတွဒ်(၂၁)ဒီဂရီ(၃၅)မိနစ်(၅၂)စက္ကန့် နှင့်(၂၁)ဒီဂရီ၊(၅၄)မိနစ်၊(၄၄)စက္ကန့်အကြား အရှေ့လောင်ဂျီတွဒ် (၉၅)ဒီဂရီ၊ (၂၆)မိနစ်၊(၄၅)စက္ကန့်နှင့် (၉၅)ဒီဂရီ၊(၄၅)မိနစ်၊ (၀၄)စက္ကန့်အကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ(၃၅၅.၉၉၁)စတုရန်းမိုင် ကျယ်ဝန်းပြီး အရှေ့မှ အနောက်သို့(၂၁)မိုင်၊တောင်မှမြောက်သို့(၂၀)မိုင်ရှည်လျားပါသည်။ ငါန်းဇွန် မြို့နယ်နှင့် မြို့တို့၏ဧရိယာ စတုရန်းမိုင်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
{| class="wikitable"
|'''စဉ်'''
|'''မြို့နယ် အမည်'''
|'''မြို့ဧရိယာ'''
 
'''စတုရန်းမိုင်'''
|'''ကျေးရွာအုပ်စု'''
 
'''ဧရိယာစတုရန်းမိုင်'''
|'''မြို့နယ်ဧရိယာ'''
 
'''စတုရန်းမိုင်'''
|-
|၁
|ငါန်းဇွန်
|၀.၄၁၂
|၃၅၅.၅၇၉
|၃၅၅.၉၉၁
|-
|'''မြို့နယ်ချုပ်'''
|'''၁'''
|'''၀.၄၁၂'''
|'''၃၅၅.၅၇၉'''
|'''၃၅၅.၉၉၁'''
|}
'''နယ်နိမိတ်'''
 
၄။        ငါန်းဇွန်မြို့နယ်၏ အရှေ့ဘက်တွင်တံတားဦးမြို့နယ်၊ တောင်ဘက် တွင် နွားထိုးကြီးမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် မြင်းခြံမြို့နယ်တို့နှင့်ထိစပ်လျက်ရှိပြီးမြောက်ဘက်တွင်မြင်းမူမြို့နယ်တို့နှင့်နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။
 
'''မြေမျက်နှာသွင်ပြင်'''
 
၅။ '''     ''' ငါန်းဇွန်မြို့နယ်သည် မြန်မာပြည် အလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်းတွင် တည်ရှိသည့်အလျောက်ယေဘူယျအားဖြင့် ပြန့်ပြူးလျက်ရှိသောမြေမျက်နှာ သွင်ပြင်ရှိပါသည်။ မြို့နယ်တောင်ပိုင်းနှင့် အနောက်ပိုင်းတို့တွင်ကျောက်ကုန်း များ၊ ကျောက်ကမူများ အနည်းငယ်ရှိပါသည်။
 
'''ရေဆင်း'''
 
၆။        ငါန်းဇွန်မြို့နယ်သည် မြစ်ချောင်းများ နည်းပါးသည့် ဒေသတစ်ခု ဖြစ်၍ ဧရာဝတီမြစ်သည် အရှေ့မှအနောက်သို့ စီးဆင်းလျက်ရှိပြီး အရှည် (၂၁)မိုင် ရှိပါသည်။ ငါန်းဇွန်မြို့၏ အရှေ့ဘက်တွင်ရှိသော မီးပြန်ချောင်း သည် တောင်မှမြောက်သို့ စီးဆင်းလျက်ရှိပြီး အရှည်(၂၀)မိုင် ရှိပါသည်။
 
'''ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်'''
 
၇။        ငါန်းဇွန်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှအမြင့် (၂၂၇)ပေ အထက်တွင် တည်ရှိပါသည်။{{Infobox မြို့
|official_name = ငါန်းဇွန်မြို့
|other_name = <small>ငါန်းဇွန်မြို့</small>